cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

နှမ်းဖိုရောဂါကာကွယ်ဖို့ ဖြုတ်ညိုနှိမ်နင်းကြပါစို့

. Diseases
တချို့နှမ်းပင်များ၏ ထိပ်ဖျားပိုင်းတွင် ပုံမှန်ပန်းပွင့်အရောင်မှာ အဖြူရောင် ဖြစ်ပါလျက် အစိမ်းရောင် ပန်းပွင့်များ အဆုပ်လိုက် ပွင့်နေလျှင် ၎င်းနှမ်းပင်သည် အဖိုဖြစ်ကာ နှမ်းဖိုရောဂါ စွဲကပ်နေခြင်း ဖြစ်သည်။
  • ထိုပုံသဏ္ဌာန်မမှန်သော နှမ်းဖိုပင်သည် အသီး မသီးချေ။ သီးခဲ့သော်လည်း အစေ့များ မအောင်ချေ။ ထိုနှမ်းပင်မျိုးကို နှစ်တိုင်းလိုလို အနည်းနှင့်အများ တွေ့ရှိရပြီး၊ ပိုးမွှားကျနေသည်ကို သာမန် မျက်စိဖြင့် မမြင်ရချေ။ တခါတရံ အသီးများသည် အစိမ်းလိုက် ကွဲထွက်နေတတ်သည်။မိုက်ကိုပလာစမာ ခေါ်သော သာမန်မျက်စိဖြင့် မမြင်ရသည့် ပိုးမွှားများ ဝင်ရောက်ပြီး အပင်ကို ရောဂါ ရစေခြင်းသာ ဖြစ်သည်။ အပင်၏ သစ်ရည်ကို စုပ်ယူသော ဖြုတ်ညိုမှ တဆင့် အခြား ကျန်းမာသော နှမ်းပင်များကိုလည်း ရောဂါ ကူးစက်စေသည်။ မိုးကြိုနှမ်းခင်းနှင့် စောစီးစွာ စိုက်ပျိုးသော နှမ်းခင်းများတွင် ပို အဖြစ်များသည်မှာ မိုးကြိုတွင် တောင်သူများသည် အကွက်တိုင်း မစိုက်နိုင်သဖြင့် သီးနှံပင် အရေအတွက် နည်းပါးပြီး ဖြုတ်ကောင် အရေအတွက် များပြားခြင်းကြောင့် ဖြစ်သည်။

    နှမ်းဖိုရောဂါကို တားဆီး ကာကွယ်ရန်မှာ နှမ်းပင် ငယ်စဉ်မှာ ပိုင်မီထရိုဇင်း၊နိုင်တမ်ပိုင်ရမ်၊အဆီတာမီပရစ်၊သိုင်ရာမီသိုဇမ် စသည့်ဆေးတမျိုးမျိုး ဖြန်းပေးသင့်သည်။ ဖြုတ်၏ အခြား လက်ခံပင် ဖြစ်သော ပေါင်းမြက်များကို ရှင်းလင်းပြီး၊ ရောဂါရ အပင်များကိုလည်း နုတ်ယူ ဖယ်ရှားရသည်။ ဤနည်းဖြင့် နှမ်းဖိုရောဂါ မကျရောက်စေရန် ကာကွယ် တားဆီးနိုင်သည်။

    Source:Wikipedia

     


  • article
likes
17
comments
0
views
3371