cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပြည်တွင်းချင်းဈေး အတက်ဘက်ဦးတည်နေ

. Market Price
၂၀၂၃ ခုနှစ်၊ နှစ်ဦးပိုင်းမှာတော့ ၁၈၅၀ ကျပ်ကနေ ၅ ထောင်လောက်အထိရှိခဲ့ရာကနေ အခုလက်ရှိကျပ် ၈၅၀၀ အထိမြင့် တက်လာတာဖြစ်တယ်လို့ပြောပါတယ်။
  • ပြည်တွင်းဈေးကွက်အတွင်းမှာ ချင်းဈေးတွေဟာ ၂၀၂၃ ခုနှစ်အတွင်းမှာသိသိသာသာမြင့်တက်လာခဲ့ပြီး လက်ရှိမှာ ဈေးကွက်ကအတက်ဘက်ကို ဦးတည်နေတယ်လို့ မြန်မာနိုင်ငံဟင်းသီးဟင်းရွက်နှင့်သီးနှံထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း(MFVP)က ဒုတိယဥက္ကဋ္ဌ ဦးကျော်သူ

    ကပြောပါတယ်။

    လက်ရှိပြည်တွင်းချင်းဈေးကွက်ဟာ တစ်ခါမှမကြားဘူးတဲ့ဈေးတွေဖြစ်နေတာကြောင့် တောင်သူအများစုက လည်းချင်းကို ပိုမိုစိုက်ပျိုးလာတဲ့အနေအထားတွေရှိတယ်လို့ဆိုပါတယ်။

    ဈေးကျချိန်အခါက ချင်း တစ်ပိဿာကို ၄၅၀ ကျပ်ကနေ ၈၀၀ ကျပ်ဝန်းကျင်လောက်အထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နှစ်ဦးပိုင်းမှာတော့ ၁၈၅၀ ကျပ်ကနေ ၅ ထောင်လောက်အထိရှိခဲ့ရာကနေ အခုလက်ရှိကျပ် ၈၅၀၀ အထိမြင့် တက်လာတာဖြစ်တယ်လို့ပြောပါတယ်။

    ပြည်တွင်းချင်းအစိုကို ပြည်ပပို့ကုန်အဖြစ်တင်ပို့တာဟာ ဘင်္ဂလားဒေ့ချ်နိုင်ငံကအများဆုံးဖြစ်ပြီး အခြားနိုင်ငံ တွေကို အနည်းငယ်သာတင်ပို့ရကာ ချင်းအခြောက်ကိုတော့ ဂျာမနီနိုင်ငံကိုတင်ပို့နေတာရှိတယ်လို့ သိရပါတယ်။

    ဤဆောင်းပါးကို One News Myanmar မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes10comments0
views2177