cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပြည်ပမှ မြေဩဇာတင်သွင်းမှုအတွက် လိုင်စင်လျှောက်ထားတဲ့ ကုမ္ပဏီပေါင်း ၆၀၀ နီးပါးရှိနေ

. Market Price
မြန်မာနိုင်ငံအနေနဲ့ မြေဩဇာလိုအပ်ချက်ကြောင့် ကုန်ခဲ့တဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာပြည်ပမှ တင်သွင်းတန်ချိန် ဟာ ၂၂ သိန်းကျော်ရှိခဲ့ပြီးအများဆုံးတင်သွင်းတာကနိုက်ထရိုဂျင် ယူရီးယားဓာတ်မြေဩဇာနဲ့ ကွန်ပေါင်းဓာတ် မြေဩဇာတို့ဖြစ်တယ်လို့ သိရပါတယ်။

  • ပြည်ပမှ မြေဩဇာတင်သွင်းနိုင်ဖို့ လိုင်စင်လျှောက်ထားတဲ့ ကုမ္ပဏီပေါင်း၅၉၀ အထိရှိနေတယ်လို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှ သိရပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ မြေဩဇာတင်သွင်းရန် လိုင်စင်လျှောက်ထားတာတွေကိုကုန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကစတင် ထုတ်ပေးခဲ့ရာကယခု ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်အထိလိုင်စင်အစောင်ရေ ၁၀,၁၇၀ ကို ထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

    "ကျွန်မတို့အနေနဲ့ မြေဩဇာမှတ်ပုံတင်တွေ၊ လိုင်စင်တွေ၊ တင်သွင်းခွင့်ထောက်ခံချက်တွေ လျှောက်ထားမယ်ဆိုရင် Online စနစ်နဲ့ပဲဆောင်ရွက်ပါတယ်။ မှတ်ပုံတင်လျှောက်ရင် Online Registration လုပ်ရပါတယ်။အဲလိုလျှောက်လာပြီဆိုရင် အချက်အလက်တွေပြည့်စုံလား၊ မပြည့်စုံဘူးလားဆိုတာကိုစိစစ် ရပါတယ်။ ပြည့်စုံပြီးဆိုမှ လျှောက်ထားလာတဲ့ မြေဩဇာနမူနာကိုဓာတ်ခွဲခန်းကိုပို့ဆောင် စစ်ဆေးရပါတယ်။ ဓာတ်ခွဲခန်းအဖြေအောင်တဲ့ မြေဩဇာတွေကိုမြေဩဇာနည်းပညာကော်မတီမှာတင်ပြပြီး ၃ လတစ်ကြိမ် ဆွေးနွေးပြီးမှ ဒုဝန်ကြီးဦးဆောင်တဲ့ မြေဩဇာကော်မတီအစည်းအဝေးကိုပြုလုပ်ပါတယ်။ မြေဩဇာမှာဆိုရင် တင်သွင်းတဲ့ မြေဩဇာ၊ ထုတ်လုပ်တဲ့ မြေဩဇာရှိပါတယ်။ အဲဒီ ၂ မျိုးစလုံးကို ကျွန်မတို့ကထောက်ခံချက်ပေးပြီးမှသာလျှင် ရောင်းချခွင့်ရှိတာပါ"လို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှဒုတိယ ညွှန်ကြားရေးမှူးဒေါ်စန်းစန်းလွင်ကပြောပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ မြေဩဇာလိုအပ်ချက်ကြောင့် ကုန်ခဲ့တဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာပြည်ပမှ တင်သွင်းတန်ချိန် ဟာ ၂၂ သိန်းကျော်ရှိခဲ့ပြီးအများဆုံးတင်သွင်းတာကနိုက်ထရိုဂျင် ယူရီးယားဓာတ်မြေဩဇာနဲ့ ကွန်ပေါင်းဓာတ် မြေဩဇာတို့ဖြစ်တယ်လို့ သိရပါတယ်။

    ဤဆောင်းပါးကို MFN မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes5comments0
views1596