cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အဆင့်မြင့်ရော်ဘာပြားထုတ်လုပ်ပုံနည်းစနစ် အဆင့်ဆင့် (အပိုင်း ၁) 

. Post Harvest Management
 ဒီတစ်ပတ်အတွက် ရော်ဘာစိုက်တောင်သူဦးကြီးများအား ရော်ဘာပြားထုတ်လုပ်ရာ၌ သိထားသင့်သည့် အစေးရည်နှင့်ရေ၊ အက်ဆစ်နှင့်ရေရောစပ်ပုံနှင့် ၎င်းနှစ်မျိုးအားပြန်လည်ရောစပ်ရမည့် အချိုးအစားများအား သိရှိထားနိုင်စေရန်အတွက် ကျွန်ုပ်သိသမျှကို တောင်သူဦးကြီးများအားပြန်လည်မျှဝေပေးပါမည်။
  • မြန်မာနိုင်ငံတွင် လက်ရှိအက်ဆစ်တစ်ပုံးပေါက်ဈေးမှာ (၁၀၀၀၀၀) (တစ်သိန်း) ကျော်ရှိပါသည်။ ထို့ကြောင့် အက်ဆစ်တစ်ပုံးသုံးနိုင်မည့် ရော်ဘာပေါင်အရေအတွက်အတိုင်း အသုံးပြုနိုင်မှသာ စီးပွားရေးတွက်ခြေကိုက်ပါမည်။

    အက်ဆစ်ကိုလိုအပ်တဲ့ပမာဏထက် ပိုသုံးပါက

    - အစေးပြားပျက်စီးခြင်း၊

    - ခြောက်သွေ့မှုမရှိပဲ ချောမွေ့ညီညာမှုမရှိခြင်း

    - ငွေကုန်ကြေးကျမှုများခြင်း၊ အဆင့်မှီသောရော်ဘာပြားများမရရှိသောကြောင့် ရသင့်တဲ့ဈေးမရရှိခြင်း။

    စတဲ့အခက်အခဲပြဿနာများနှင့်တွေ့ကြုံရတတ်ပါသည်။

    ၁) စံသတ်မှတ်ချက် DRC ရရှိစေရန်ရေရောစပ်ခြင်း

    ဧကများသော ရော်ဘာခြံတစ်ခြံတွင် ရော်ဘာစိုက်ပျိုးရာ၌ မျိုးအနည်းဆုံး ၂-၃ မျိုးလောက်ရောစပ်၍ စိုက်ပျိုးလေ့ရှိသည့်အတွက် အစေးလှီးအကွက်တစ်ကွက်နှင့်တစ်ကွက်မှ ရရှိသော အစေးရည် DRC မတူညီကြပါ။ စံသတ်မှတ်ထားသည့် DRC ရရှိရန်လက်ခံကန်တွင် ရေရောစပ်ပေးရပါမည်။ အစေးခဲရာတွင် လွယ်ကူစေရန်အတွက်နှင့် ရော်ဘာပြားများအားလုံးတူညီသော အရည်အသွေးရရှိစေရန်အတွက် အစေးခဲရန်သင့်တော်သော စံသတ်မှတ်ထားသည့် DRC 1.25 (သို့) 1.5 Lbရရှိစေရန် အသုံးပြုရမည့် အက်ဆစ်ပမာဏတွက်ချက်ပုံအားရှင်းပြပေးပါမည်။

    အသုံးပြုရမည့် အက်ဆစ်ပမာဏကို အလူမီနီယမ်အစေးခဲကန်အတွင်းရှိ အစေးရည်ဂါလံကို စံပြု DRC နှင့် အသုံးပြုသည့် အက်ဆစ်ပြင်းအားတို့ပေါ်မူတည်၍ အောက်ပါအတိုင်းတွက်ချက်နိုင်ပါသည်။

    a = (e x i) / o

    a = အသုံးပြုရမည့်အက်ဆစ်ပမာဏ (အရည်အောင်စ)

    e = အစေးခဲကန်အတွင်းရှိ အစေးရည်ပမာဏ (ဂါလံ)

    I = စံသတ်မှတ်ထားသော DRC (ပေါင်/ဂါလံ)

    O = အက်ဆစ်အပြင်း ၁ အရည်အောင်စလျှင် အစေးခဲနိုင်သောရော်ဘာ အလေးချိန် (ပေါင်/အရည်အောင်စ)

    • ၈၅% အက်ဆစ်အပြင်းတစ်အောင်စကို - ၁၄ Lb သုံးနိုင် (နောက်နေ့ကြိတ်)

    • ၈၅% အက်ဆစ်အပြင်းတစ်အောင်စကို - ၁၀ Lb သုံးနိုင်(နေ့ခြင်းကြိတ်)

    ဥပမာ - စံပြု DRC ၁.၂၅ ရှိသော ၂၃၀ ဂါလံရှိအစေးရည်အခဲကန်အတွင်း ၈၅%ပြင်းအားရှိသော အက်ဆစ်ကိုအသုံးပြုပြီး နေ့ခြင်းကြိတ်မည်ဆိုပါက ရောစပ်ရမည့်အက်ဆစ်ပြင်းပမာဏမှာ (၂၈.၇၅) အရည်အောင်စဖြစ်ပါသည်။

    a = (e x i)/ o

    = (၂၃၀ x ၁.၂၅)/ ၁၀

    အသုံးပြုရမည့် အက်ဆစ်ပြင်းပမာဏ = ၂၈.၇၅ အရည်အောင်စ (နို့ဆီဗူး ၃ ၁/၂ ဗူး ကျော်) ထည့်ရန်လိုအပ်ပါသည်။ ရော်ဘာအစေးခဲရန်အတွက် အက်ဆစ်ထည့်ရာ၌ အက်ဆစ်အပြင်းအား ၎င်းအတိုင်းထည့်၍မရပါ။ ထို့ကြောင့် အက်ဆစ်ပြင်းအားပျော့စေရန် ရေနှင့် ရောစပ်ပေးပြီးမှ သုံး၍ရပါမည်။

    ဒေါ်သဲမာ

    Dip – Agri (1997)

    ရော်ဘာပညာလေ့လာသူ

    ရော်ဘာနှင့်ပတ်သတ်သောဆောင်းပါးများ၊ ပိုးမွှားကာကွယ်နှိမ်နင်းနည်းလမ်းများ၊ အဖူးကူးရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ- https://download.htwettoe.com/

    အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများ အဖွဲ့ သို့ဝင်ရန် - https://www.facebook.com/groups/2432746880363676/

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။

     


  • article
likes8comments0
views2844