cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တရုတ်ဝယ်လက်များကြောင့် မျှော့စျေးကောင်းလာ

. Market Price
တရုတ်ဝယ်လက်တွေက ဆင်းဝယ်ကြတာ၊ မျှော့ကို သူတို့ဆီမှာက ဆေးဝါးပစ္စည်းတွေ ဖော်စပ်ဖို့သုံးကြတယ်”
  • ယခုအခါ ပြည်ပဝယ်လက်များ ဆင်းကာဝယ်ယူခြင်းကြောင့် အရောင်းအဝယ်ကောင်းလာကာ မျှော့စျေးနှုန်းများ မြင့်တက်နေကြောင်း မြစ်၀ကျွန်းပေါ်ဒေသရှိ ဒေသခံများထံမှ သိရပါတယ်။

    အဆိုပါ ပြည်ပဝယ်လက်များမှာ ယခုလဆန်းကတည်းက ဝင်ရောက်လာခြင်းဖြစ်ပြီး မြစ်၀ကျွန်းပေါ်ဒေသမှ အများဆုံးဝယ်ယူခြင်းလည်းဖြစ်တယ်လို့ သိရပါတယ်။

    “အဓိကကတော့ တရုတ်ဝယ်လက်တွေက ဆင်းဝယ်ကြတာ၊ မျှော့ကို သူတို့ဆီမှာက ဆေးဝါးပစ္စည်းတွေ ဖော်စပ်ဖို့သုံးကြတယ်”လို့ မျှော့ရောင်းဝယ်ရေးကုန်သည်တစ်ဦးက ပြောပါတယ်။

    ထိုသို့ အဝယ်ဆွဲခြင်းကြောင့် မျှော့များလည်း စျေးကောင်းနေသလို တစ်ပိဿာလျှင် ၇၀၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ်အတွင်း ပေါက်စျေးရှိနေကြောင်း သိရပါတယ်။

    ထိုမျှော့များမှာ စပါးစိုက်ခင်းများ၊ မြစ်ရိုးချောင်းရိုးနှင့် ရွှံ့နွံမြေကြီးအောက်တွင် ကျက်စားတတ်သည့် သတ္တဝါများ ဖြစ်ကြပြီး ယခုလိုမိုးတွင်းကာလတွင် အများဆုံး ဖမ်းဆီးရမိလေ့ရှိပါတယ်။

    ယခင်က ဝယ်သူသိပ်မရှိသလို စျေးကောင်းလည်းမရဘဲ တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ဝန်းကျင်သာရခဲ့ရာမှ လက်ရှိတွင် စျေးနှစ်ဆလောက်မြင့်တက်နေခြင်းဖြစ်ပါတယ်။

    စီစီ

    ဤဆောင်းပါးကို Opinion Leaders မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
7
comments
0
views
1822