cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မိုးစပါးစိုက် ဧက ၅ သိန်းကျော်အတွက် ဓာတ်မြေဩဇာများ အထူးဈေးနဲ့ ရောင်းမယ်

. Market Price
ယူရီးယားဓာတ်မြေဩဇာတစ်အိတ်လျှင် ငွေကျပ် ၇၅၀၀၀ နှင့် ကွန်ပေါင်းကီလို ၅၀ တစ်အိတ် လျှင် ငွေကျပ် ၁၁၅,၀၀၀ နှုန်းဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြန့်ဖြူးပေးသွားမယ်

  • နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်စိုက်ပျိုးမည့် မိုးစပါး စီမံကိန်း ဧက ၅ ဒသမ ၃ သိန်း အတွက် လိုအပ်တဲ့ ဓာတ်မြေဩဇာနှင့် သွင်းအားစုများကို သက်သာသောအထူးဈေးနှုန်းဖြင့်ရောင်းချပေးသွားမယ်လို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရပါတယ်။

    အဆိုပါ မိုးစပါးစီမံကိန်းကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းဒေသကြီးများတွင် အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ၎င်းစိုက်ဧကအတွက် ဓာတ်မြေဩဇာ တန်ချိန်ပေါင်း ၇၉,၅၀၀ လိုအပ်မှာဖြစ်ပါတယ်။

    ယင်း လိုအပ်လာမယ့် ဓာတ်မြေဩဇာများကို အထူးသက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးသွားဖို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံမျိုးစေ့၊ မြေဩဇာနှင့်စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းတို့က ညှိနှိုင်းစီစဉ်ဆောင်ရွက်နေတယ်လို့ သမဝါယမဦးစီးဌာနက သိရပါတယ်။

     “မြန်မာနိုင်ငံမျိုးစေ့၊မြေဩဇာ နှင့်စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းနဲ့ညှိနှိုင်းပြီး မြေဩဇာနဲ့ သွင်းအားစု များရဲ့ ရည်ညွှန်းဈေးနှုန်းများကို နှစ်ပတ်တစ်ကြိမ်ထုတ်ပြန်လျက်ရှိပါတယ်။ အဲလိုထုတ်ပြန်ပေးလျက်ရှိရာ အခု ဇွန်လ ကုန်အထိ ယူရီးယားဓာတ်မြေဩဇာတစ်အိတ်လျှင် ငွေကျပ် ၇၅၀၀၀ နှင့် ကွန်ပေါင်းကီလို ၅၀ တစ်အိတ် လျှင် ငွေကျပ် ၁၁၅,၀၀၀ နှုန်းဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြန့်ဖြူးပေးသွားမယ်” လို့ သမဝါယမဦးစီးဌာန တာဝန် ရှိသူတစ်ဦးကပြောပါတယ်။

    တောင်သူတွေအနေနဲ့လည်းသွင်းအားစုတွေကို ဈေးနှုန်းသက်သာစွာဖြင့် အချိန်မီဝယ်ယူနိုင်စေရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ သမဝါယမဦးစီးဌာန တို့က တောင်သူတွေကို စိစစ် ထောက်ခံပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ မြေဩဇာလိုအပ်ချက်ကြောင့် ကုန်ခဲ့တဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာပြည်ပမှ တင်သွင်းတန်ချိန် ဟာ ၂၂ သိန်းကျော်ရှိခဲ့ပြီး အများဆုံးတင်သွင်းတာကနိုက်ထရိုဂျင် ယူရီးယားဓာတ်မြေဩဇာနဲ့ ကွန်ပေါင်းဓာတ် မြေဩဇာတို့ဖြစ်တယ်လို့ သိရပါတယ်။

    ဤဆောင်းပါးကို MFN မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
13
comments
4
views
1934