cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးစာစနစ်တကျကျွေးနည်း

. Fish Technical Guideline
ငါးနမူနာကောက်ယူခြင်းမှတစ်ဆင့် ငါးတို့၏ပျမ်းမျှအလေးချိန်ကို တွက်ချက်ခြင်းဖြင့် မှန်ကန် သော အစာပမာဏနှင့် ကျွေးရမည့်နှုန်းတို့ကို ခန့်မှန်းကျွေးသင့်သည်။
  • ကျွေးရမည့် အစာပမာဏ

    ငါးစာ (ငါးကိုယ်အလေးချိန်၏ ၃ % မှ ၁၀%) ကို တစ်နေ့လျှင်နှစ်ကြိမ် (နံနက် ၉ မှ ၁၀ နာရီအတွင်းနှင့် ညနေ ၄ မှ ၅ နာရီအတွင်း) ကျွေးပါ။

    အစာကျွေးနှုန်း (ကိုယ်အလေးချိန်%) သည် ငါး၏အရွယ်ပမာဏပေါ် မူတည်သည်။

    နမူနာယူပြီးတိုင်း အစာလိုအပ်မှုကို တွက်ချက်ညှိနိုင်သည်။

    [ ဥပမာ - တစ်နေ့ လိုအပ်သောအစာပမာဏ (ကိုယ်အလေးချိန် ၃% ဖြစ်လျှင်) = ငါးတို့၏ပျမ်းမျှအလေးချိန် × ကန်တွင်းရှိ စုစုပေါင်း ငါးကောင်ရေ × ၃% ။ အကယ်၍ ပျမ်းမျှ ငါးကိုယ်အလေးချိန်သည် ၁ ကျပ်သား ဖြစ်ပြီး၊ စုစုပေါင်း ငါးကောင်ရေ ၁၀၀၀ ဖြစ်လျှင်၊ တစ်နေ့ စုစုပေါင်းအစာသည် -၁ X ၁,၀၀၀ X ၃% = ၃၀ ကျပ်သား (နံနက်တွင် ၁၅ ကျပ်သားနှင့် နေ့လယ်တွင် ၁၅ ကျပ်သား) ဖြစ်သည်။ ]

    အစာကျွေးပုံနည်းလမ်း

    ကန်အတွင်း ထည့်သွင်းမွေးမြူထားသော ငါးမျိုးစိတ်များနှင့် ငါးမွေးမြူနည်းစနစ်ပေါ်မူတည်၍ ငါးကို အစာကျွေး သော နည်းလမ်းအမျိုးမျိုး ရှိသည်။

    အစာကို ကြဲပက်ကျွေးခြင်း

    ပုံသေသတ်မှတ်ထားသော နေရာ ၄ နေရာမှ ၆ နေရာအထိတွင် အညီအမျှ ကြဲပက်ပြီး အစာကျွေးခြင်း၊ကန်ပေါင်မှ ကြဲပက်ခြင်း နှင့် ကန်လယ်အထိ တံတား (သို့) လူသွားလမ်းပြုလုပ်၍ ကြဲပက်ခြင်းလှေတစ်စင်းဖြင့် ကန်တစ်ဘက်မှ အခြားတစ်ဘက်အထိ လှော်ခတ်သွားရင်း ကြဲပက်ကျွေးခြင်း။

    အစာအိတ်ပြုလုပ်၍ ကျွေးခြင်း

    ကန်ကြီးများတွင် ကန်၏အလျား-အကျယ်နှင့်အညီ သည်ဘက်ကမ်းမှ ဟိုဘက်ကမ်းအထိ ကြိုး ၂ ချောင်း/ ၃ ချောင်းတန်းပြီး၊ ထိုကြိုးတန်းတွင် ငါးစာအိတ်ကို ချိတ်/ဆွဲထားနိုင်သည်။

    အစာကျွေးချိန်၌ ကြိုးတန်းတစ်လျှောက် လှေဖြင့်လှော်ခတ်သွားကာ ငါးစာအိတ်များတွင် အစာဖြည့်ပေးရသည်။

    အစာဗန်းပြုလုပ်၍ ကျွေးခြင်း

    ကန်အတွင်း တိုင်များပြုလုပ်၍ အစာဗန်းများတပ်ကာ အစာဖြည့်ပေးနိုင်သည်။ ဆန်ဖွဲနုဆိုလျှင် ကျို ချက်၍ (သို့) ရေဖြင့်ရော၍ အစာလုံးလုပ်၍ ဗန်းအတွင်း ထည့်ကျွေးနိုင်သည်။

    အစာဗန်းကို ရေစစ်ဇကာငယ် (သို့) တာရှည်ခံနိုင်ပစ္စည်းများဖြင့် ပြုလုပ်နိုင်သည်။

    တစ်ခါတစ်ရံတွင် ဗန်း၌ အစာဟောင်းများ ပိတ်ဆို့နေလျှင် ဗန်းကို သန့်ရှင်းရေးလုပ်ပေးရန်လိုအပ်သည်။

    အစာကျွေးချိန်နှင့် အကြိမ်ရေ

    မိုးအုံ့သည့်နေ့၌ ပုံမှန် သတ်မှတ်ထားသော အစာပမာဏထက် လျှော့၍ ၇၀% သာ ကျွေးသင့်သည်။ အဘယ် ကြောင့်ဆိုသော် ရေထဲ၌ အောက်စီဂျင်ပမာဏ လျော့နည်းသွားသောကြောင့်ဖြစ်သည်။ (အသင့်လျော်ဆုံး အောက်စီဂျင် ပါဝင်နှုန်းမှာ တစ်လီတာလျှင် ၅ မှ ၇ m.gm ဖြစ်သည်။)

    ငါးကြီးထွားမှုအတွက် အသင့်လျော်ဆုံး အပူချိန်အဆင့် အပြောင်းအလဲသည် အစာကျွေးနှုန်းကိုလည်း လျော့ကျစေနိုင်သည်။ (အဖြစ်သင့်ဆုံး အပူချိန်မှာ ၂၅၀ မှ ၃၂၀ စင်တီဂရိတ် ဖြစ်သည်။) အပူချိန် ၂၀၀ မှ ၂၄၀ စင်တီဂရိတ်အတွင်း၊ ၁၆၀ မှ၁၉၀ စင်တီဂရိတ်အတွင်းနှင့် ၃၃၀ မှ ၃၈၀ စင်တီဂရိတ်အတွင်း ရှိလျှင်၊ အစာကျွေး နှုန်းမှာ ၈၀%၊ ၆၀% နှင့် ၈၀% အသီးသီးရှိမှသာ ပုံမှန်ကျွေးသင့်သော အစာပမာဏဖြစ်သည်။)

    နေထွက်ပြီးနောက် နံနက်ပိုင်း၌ ၂ နာရီ (နေ့စဉ် ကျွေးနှုန်းပမာဏ၏ ၆၀ မှ ၆၅%) နှင့် နေမ၀င်မီ ၂ နာရီ (နေ့စဉ် ကျွေးနှုန်းပမာဏ၏ ၄၀ မှ ၃၅%) ကျွေးသင့်သည်။

    ကန်ရေ၌ ပိုက်ကွန်ဖြင့် ဆွဲပြီး (သို့) ကျယ်ကျယ်ပြန့်ပြန့် နမူနာကောက်ပြီးနောက် ငါးများ အစာစားမှု လျော့ လာတတ်သည်။ ထို့ကြောင့် ထိုကာလများ၌ အစာကျွေးနှုန်းကို လျှော့သင့်သည်။

    မိုးဆက်တိုက်ရွာသည့် ရက်များတွင် ကန်ရေ၏ အရည်အသွေးအခြေအနေ အလျင်အမြန် ပြောင်းသွားနိုင် သဖြင့် ငါးများ အစာစားမှု လျော့လာ တတ်သည်။

    -----------------------------------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes16comments1
views3134