cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

၂၆.၆.၂၀၂၃ မှ ၃၀.၆.၂၀၂၃ ရက်နေ့ထိ ဈေးကွက်သုံးသပ်ချက်

. Market Price
-မတ်ပဲ ဝယ်လိုအားလျော့ပြီး စျေးဆက်တိုက်ကျဆင်း
-ပဲစင်းငုံနီစျေးတစ်တန်ကို သိန်း ၃၀ အောက်ကျဆင်း
-ကုလားပဲဈေး ဆက်ပြီးကျဆင်းနေ
-ကြက်သွန်နီစျေး တစ်ပတ်အတွင်းအပြောင်းအလဲမရှိ
-ကြက်သွန်ဖြူ ဈေးကွက်ထဲ အဝင်နည်းပြီး ဈေး ဆက်တိုက်မြင့်တက်နေ
  • မတ်ပဲ


    မတ်ပဲကတော့ ဆက်တိုက်ဈေးကျဆင်းပါတယ်။အိန္ဒိယနိုင်ငံရဲ့ ဝယ်လိုအားလျော့နည်းခြင်းကြောင့် ဈေးတွေ ကျဆင်းလာတာ ဖြစ်တယ်လို့ သိရပါတယ်။အိန္ဒိယနိုင်ငံရဲ့ စိုက်ပျိုးရေး သတင်းများအရ အိန္ဒိယနိုင်ငံအတွင်း မုတ်သုံအဝင် နောက်ကျတဲ့အတွက် မတ်ပဲ စိုက်ပျိုးမှု နောက်ကျနိုင်ခြင်းကြောင့် ပဲဈေးက ဈေးတွေ မြင့်တက်လာနိုင်ဦးမယ်လို့ ဖော်ပြထားပါတယ်။


    ပြည်တွင်း မှာလည်း မတ်ပဲ ဆက်ပြီး ဈေး တက်နိုင်ချေရှိသေးတယ်ဆိုတဲ့ ခန့်မှန်းချက်တွေအပြင် ငွေလဲလှယ်နှုန်းဈေးက မြင့်တက်နေ တာဖြစ်လို့ လက်ရှိ ဈေးက ကျဆင်း ပေမယ့် လှောင်ထားဆဲ အခြေအနေ မှာ ရှိနေတယ်လို့ ကုန်သည် အချို့ က ဆိုပါတယ်။


    အိန္ဒိယတင်ပို့မှုကတော့ ပုံမှန်သတ်မှတ်ထားတဲ့ တန်ချိန် အတိုင်း တင်ပို့သွားမှာ ဖြစ်ပြီး မတ်ပဲဈေး မြင့် တက်နေတာနဲ့ပတ်သတ်ပြီး အိန္ဒိယနိုင်ငံက ထိန်းချုပ်မှုတွေ ပြုလုပ်နေပေမယ့် ထူးခြား မှု မရှိပါဘူး။


    ရန်ကုန်ဈေးကွက်မှာ မတ်ပဲကFAQ/RC က တစ်တန်ကို ၂၂၆၃၀၀၀ပေါက်ဈေးရှိပြီး တစ်တန်ကို ၆၆၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ဈေးကျဆင်းပေမယ့် တစ်လအတွင်း အနည်းငယ်သာ အပြောင်းအလဲ ရှိနေခဲ့ပါတယ်။


    မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၂၁၅၀၀၀ ကနေ ၂၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။


    အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊မုံရွာ၊ပြည်၊မကွေး တို့မှာလည်း တစ်တင်းကို ၇၂၅၀၀ ကနေ ၇၄၀၀၀ ကြားပေါက်ဈေးရှိနေပြီး ၄၀၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။


    ပဲစင်းငုံနီ


    ပဲစင်းငုံနီကတော့ တစ်တန်ကို သိန်း ၃၀ အောက်ထိ ဈေးကျဆင်းသွားခဲ့ပြီး ပိတ်ရက် အပြီး မှာ ဈေးပြန် မြင့်တက်လာခဲ့ပါတယ်။ပဲစင်းငုံနီဈေးတွေ မြင့်တက်နေပေမယ့် ပဲလက်ကျန်မရှိသလောက်အခြေအနေ ဖြစ်နေတယ်လို့ ကုန်သည်အများစုထံက‌နေသိရပါတယ်။ငွေလဲလှယ်နှုန်းဈေး မြင့်တက်မှုကြောင့် ပဲဈေးက လည်း အနည်းငယ်မြင့်တက်လာခဲ့ပေမယ့် ငွေဈေးကြောင့်ပဲဈေးမြင့်ခြင်းက သက်ဆိုင်မှု မရှိဘူးလို့ပဲကုန်သည်အသင်းက တာဝန်ရှိသူတွေက ဆိုထားပါတယ်။


    အိန္ဒိယနိုင်ငံမှာတော့ ပဲစင်းငုံနီဈေးတွေ မြင့်တက်မှုကြောင့် အရန်ပဲတွေ ထုတ်ရောင်းပေမယ့် ဈေးက ကျဆင်းမှု မရှိဘူးလို့ အိန္ဒိယသတင်းတွေ အရ သိရပါတယ်။ အာဖရိက ပဲစင်းငုံနီကို လာမယ့် ဩဂုတ်လအတွင်း တင်သွင်းသွားမှာ ဖြစ်လို့ ပဲစင်းငုံနီက ဈေးကျဆင်းသွားနိုင်ဦးမှာလား ဆက်ပြီး စောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါတယ်။ ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ ပဲစင်းငုံနီက အထွက်နှုန်းလျော့နည်းခဲ့ပြီး ဈေး တွေ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဒေသတွင်း ပဲဈေးကို ထိန်းချုပ်ဖို့ အတွက် အရန်ပဲ ထုတ်ရောင်းခြင်း၊ ပဲသိုလှောင်မှုတွေကို စစ်ဆေးကြပ်မတ်ခြင်းတို့ ပြုလုပ်နေပေမယ့် အနည်းငယ်သာ ဈေးကျဆင်းသွားခဲ့ပါတယ်။


    ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၃၀၁၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ၃၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။တစ်လအတွင်း စံချိန်တင်ဈေးပြောင်းလဲမှုတွေ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့လ ကာလတူ အခြေအနေနဲ့နှိုင်းယှဉ်ရင် လက်ရှိ ပဲစင်းငုံနီဈေးဟာ အမြင့်ဈေး မှာပဲ ရှိနေပါတယ်။


    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၈၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ကျပ်ဈေးကျ ဆင်းသွားပါတယ်။


    အခြား နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊အောင်လံဈေးကွက်၊မုံရွာ ဈေးနဲ့ ပြည်ဈေးကွက်တို့ မှာ ပဲစင်းငုံနီ တစ်တင်းကို ၉၂၀၀၀ ကနေ ၉၅၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၄၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

    ကုလားပဲ


    ကုလားပဲဈေးကတော့ ဆက်ပြီး ဈေးကျဆင်းနေပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကလောက် ဈေး အကျ မကြမ်းတာကို တွေ့ရပါတယ်။ အဝင်ကလည်း လျော့နည်းသွားတဲ့အပြင် အဝယ်ကလည်း ဆက်ပြီး ဈေးအကျကို စောင့်နေတဲ့အခြေအနေရှိနေတယ်လို့ ကုန်သည်အချို့ထံကနေ သိရပါတယ်။ ကုလားပဲ မြင့်တက်မှုက စံချိန်တင်ဈေးမြင့်တက်ခဲ့တာ ဖြစ်တဲ့အတွက် အဝယ်သမားတွေ ဈေးမလိုက် တော့တဲ့အခြေအနေ ထိ ဖြစ်ခဲ့ပြီး ပြည်ပကနေတဆင့် ပြန်လည်တင်သွင်းရောင်းချမှုတွေကြောင့် ဈေးက ဆက်တိုက်ပြန်ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။


    ကုလားပဲကတော့ ဈေးတန်းတစ်ခု အထိ ကျဆင်းနိုင်မယ့်အခြေအနေရှိနေတယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။


    ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံး ဖြူက တစ်ပိဿာကို ၄၁၆၅ ကနေ ၄၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၃၃၀ ကနေ ၄၄၂၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ။ကုလားပဲခြမ်းကတော့တစ်ပိဿာကို ၅၇၀၀ ကနေ ၅၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။


    မန္တလေးဈေးကွက်မှာတော့ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၂၄၃၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်၊ ကုလားပဲ(၉၂၉)က တစ်အိတ်ကို ၂၄၈၀၀၀ မှ ၂၅၀၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်၊ကုလားပဲ(ဗွီတူး)ကတော့ တစ်အိတ်ကို ၂၅၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်အသီးသီးဈေးကျဆင်းသွားပါတယ်။


    အောင်လံဈေးကွက်မှာလည်း ကုလားပဲ(ဟော်လန်)နှင့်မြကြေးမုံတို့က တစ်တင်းကို ၈၇၀၀၀ ကနေ ၈၈၀၀၀ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။


    လက်ရှိပေါက်ဈေးနှုန်းတွေက ပြီးခဲ့တဲ့ လ နဲ့ နှိုင်းယှဉ်ရင်တော့ အမြင့်ဈေး မှာ ရှိနေပါတယ်။တစ်လ အတွင် စံချိန်တင်ဈေးမြင့်တက်နေရာမှ ပြန်လည် ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

    ကြက်သွန်နီ


    ကြက်သွန်နီကတော့ တစ်ပတ်အတွင်း ဈေးအပြောင်းအလဲ မရှိပေမယ့် ပိတ်ရက် အပြီး အနည်းငယ် အဝယ်သွက်သွားသည့် အတွက်ဈေးက အနည်းငယ်ပြန်မြင့်တက်လာပါတယ်။ နေ့စဉ် ဈေးကွက်ထဲကို ကြက်သွန် ပိဿာချိန် ၁၅၀၀၀၀ ခန့် အဝင်ရှိနေပါတယ်။


    ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်များတဲ့အတွက် ဈေးအတက်အကျ အနည်းငယ်ဖြင့် အရောင်း အဝယ်ဖြစ်နေပါတယ်။နေ့စဉ်ဈေးကွက်ထဲကို ပိဿာချိန် ၁သိန်းအထက်အဝင်ရှိနေတယ်လို့ဆိုပါတယ်။


    ရန်ကုန်ဈေးကွက်မှာတော့ကြက်သွန်နီ(ဆိပ်ဖြူ၊မုံရွာ)က တစ်ပိဿာကို ၁၈၉၀၀ ကနေ ၂၂၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၇၅ ကျပ်ဈေးမြင့်တက်နေပါတယ်။


    ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၁၇၀၀ ကနေ ၂၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅ ကျပ်ဈေး ကျဆင်းသွားပါတယ်။


    ကြက်သွန်ဖြူ


    ကြက်သွန်ဖြူကတော့ ဈေးကွက်ထဲ ကို အဝင်နည်းတဲ့အတွက်ဈေးက ဆက်တိုက် ဈေးမြင့်တက်နေပါတယ်။ဈေးမြင့်နေပေမယ့် အဝယ်ကတော့ပုံမှန်ရှိနေပါတယ်လို့သိရပါတယ်။ဒီတစ် ပတ်မှာတော့ ဈေးကွက်ထဲကို ပိဿာချိန် ၁၅၀၀၀ နီးပါးအဝင်ရှိပေမယ့် ပွဲတော်ပိတ်ရက်ကြောင့် အဝယ်သွက်နေတယ်လို့ သိရပါတယ်။


    ရန်ကုန်ဈေးကွက်မှာ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာကို ၇၂၀၀ ကနေ ၈၇၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။တစ်လအတွင်း တစ်ပိဿာကို ငွေကျပ် ၂၇၀၀ ဈေးမြင့်တက်လာ ခဲ့ပါတယ်။

    ကြူကုတ်ကလည်း တစ်ပိဿာကို ၇၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။


    မော်လမြိုင်ဈေးကွက်မှာလည်း တစ်ပိဿာကို ၈၅၀၀ ကနေ ၉၅၀၀ ‌ေ ပေါက်ဈေးရှိပြီး အတက်ဈေး နဲ့ ဈေးငြိမ်နေပါတယ်။


    AMIA

    Exclusive Content For Htwet Toe - ထြက္တိုး

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views3115