cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပြည်တွင်းသုံး ပဲမာလိုင်းများ စံချိန်တင်ဈေးကောင်းနေသော်လည်း ပို့ကုန်ပဲနှင့် ကုလားပဲအုပ်စု ဈေးကျဆင်း

. Market Price
ဇွန် ၂၈ ရက်တွင် ပို့ကုန်ပဲ များမှာ ငွေကျပ် ၁၀၀၀၀မှ ၂၀၀၀၀ အထိ ဆက်လက်ဈေး ကျဆင်းသွားရာ သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၂၀၀၀၀၊ ပဲစင်းငုံ ၆၀ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀ ကျဆင်းသွားသော် လည်း ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၇၅၀၀၀ ပေါက်ဈေး ဖြစ်လာ သည်။
  • ပဲနှမ်းဈေးကွက်တစ်ခုလုံး တွင် ပြည်တွင်းသုံးပဲမာလိုင်းများ စံချိန်တင်ဈေးကောင်းနေသော် လည်း ပို့ကုန်ပဲနှမ်းများနှင့် ပြည် တွင်းသုံးကုလားပဲအုပ်စု ဈေး ကျဆင်းသွားကြောင်း ပဲနှမ်း ကုန်သည်များထံက သိရသည်။

    ပို့ကုန်ပဲမျိုးစုံမှာ နိုင်ငံခြားငွေ ဈေး ပြည်တွင်းရွှေဈေးများပေါ် အခြေခံမြင့်တက်လေ့ရှိသော်လည်း လက်ရှိအချိန်တွင် နိုင်ငံခြားသို့ တင်ပို့နိုင်မှု ရပ်ဆိုင်းနေတာကြောင့် ဈေးအနည်းငယ် ကျဆင်းမှုရှိသော် လည်း အမြင့်ဈေးအတိုင်း ဆက် လက်ရှိနေဆဲဖြစ်ကြောင်း ပဲကုန် သည်များထံက သိရသည်။

    ပို့ကုန် မတ်ပဲနှင့်ပဲစင်းငုံတို့ နိုင်ငံခြားတင်ပို့နိုင်ခြင်းမရှိသေးတဲ့ အတွက် စောင့်ကြည့်ဝယ်ယူနေ တာကြောင့် ယခင်သီတင်းပတ် ထက် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ကျော် ဈေးကျ ဆင်းသွားကြောင်း၊ အသစ်ဝင် ရောက်နေသည့် ပဲတီစိမ်းနှင့်နှမ်း ဖြူမှာ ဈေးကောင်းရရှိနေသည်။ မြေပဲဆန်ဈေးမှာ ဆက်လက်ကျ ဆင်းသွားကြောင်း ပြည်တွင်းဆီ စက်ပိုင်များက ခပ်သွက်သွက် အဝယ်ရှိနေကြောင်း ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာလည်း ဈေး ကျဆင်းသွားသော်လည်း ပဲမာလိုင်း များမှာ လက်ကျန်နည်းလာတာ ကြောင့် စံချိန်တင်အမြင့်ဈေး အတိုင်း ဆက်လက်ဈေးကောင်း နေကြောင်း ဦးကျော်သွင်(ရွှေစင် သိန်း)ပွဲရုံက ပြောသည်။

    `` ပဲတီစိမ်းနှင့်မြေပဲက တရုတ်လိုင်းတင်ပို့မှု မပြုလုပ်နိုင် တော့ ဈေးကျဆင်းနေပါတယ်။ အရင်ကဆိုရင် ပဲတီစိမ်းအညာ အသစ်ဝင်သလောက် အဝယ် ကောင်းခဲ့ပါတယ်။ လက်ရှိမှာ မြေပဲဆန်တွေကို ပြည်တွင်းဆီ စက်တွေကသာ ခက်သွက်သွက် ဝယ်ယူနေတာပါ။ ပို့ကုန်မတ်ပဲနဲ့ ပဲစင်းငုံကလည်း ဈေးကျဆင်း နေပါတယ်။ အသစ်ဝင် ဂျပန် နှမ်းဖြူနဲ့ လက်ကျန်နည်းလာတဲ့ ပြည်တွင်းသုံး ပဲမာလိုင်းတွေ ကတော့ စံချိန်တင်ဈေးကောင်း နေတာပါ။ နိုင်ငံခြားတင်ပို့နိုင် ခြင်းမရှိသေးတဲ့ ပို့ကုန်ပဲတွေ ကတော့ ဈေးကျဆင်းသွားပေ မယ့် အမြင့်ဈေးအတိုင်း ရှိနေ တာပါ´´ ဟု ၎င်းက ပြောသည်။

    ဇွန် ၂၈ ရက်တွင် ပို့ကုန်ပဲ များမှာ ငွေကျပ် ၁၀၀၀၀မှ ၂၀၀၀၀ အထိ ဆက်လက်ဈေး ကျဆင်းသွားရာ သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၂၀၀၀၀၊ ပဲစင်းငုံ ၆၀ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀ ကျဆင်းသွားသော် လည်း ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၇၅၀၀၀ ပေါက်ဈေး ဖြစ်လာ သည်။ ပြည်တွင်းသုံး ပဲမာလိုင်း များမှာ ယခင်သီတင်းပတ်အတိုင်း ဆက်လက်စံချိန်တင် ပေါက်ဈေး ဖြစ်နေကြောင်း မန္တလေး ကုန်စည် ဒိုင်ပေါက်ဈေးများအရ သိရသည်။

    ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဇွန် ၂၈ ရက်တွင် ဈေးကျဆင်းမှု ရပ်သွားပြီး အနည်း ငယ်ဈေးပြန်တက်လာရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၅၄၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၇၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀၊၉၂၉ကုလားပဲတစ်အိတ် လျှင် ငွေကျပ် ၂၅၃၀၀၀ ပေါက် ဈေးဖြစ်လာသည်။

    ပြည်တွင်းသုံး ပဲမာလိုင်းများ မှာစံချိန်တင်စျေးကောင်းနေရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၃၀၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀၊ မြေပဲအနီလုံးဆန် တစ်ပိဿာ ငွေကျပ် ၈၈၀၀ ပေါက်ဈေးရှိ ကြောင်း သိရသည်။

    အသစ်ဝင် နှမ်းမျိုးစုံဈေးကွက် မှာ အသစ်ဝင်နှမ်းဖြူ(ဂျပန်)မှာ ဈေးအမြင့်ဆုံးဖြစ်နေရာ ဇွန် ၂၈ ရက်နေ့တွင် နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀၊ နှမ်းဝါ(အသစ်) တစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀ ပေါက်ဈေး ရှိကြောင်း သိရသည်။

    ရွှေမန်း

    ဤဆောင်းပါးကို မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes10comments0
views2914