cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဆန်ဈေး ဆွဲတင်သူများကို ထိန်းကြောင်းနိုင်မည့်စနစ် လိုအပ်နေဟု ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌပြော

. All News
သိုလှောင်ရုံတစ်နေရာမှာ စပါးတင်း ၅၀၀၀ ဒါမှမဟုတ် ဆန်တန် ၅၀ အထက် ပိုမို သိုလှောင်ထားရှိမှုအတွက် စာရင်းပြုစုတင်ပြရမှာဖြစ်ပြီး ဒီဂျစ်တယ်နည်းလမ်းနဲ့ မှတ်ပုံတင်စာရင်း တင်ပြဆောင်ရွက်နိုင်မယ့် အွန်လိုင်းမှတ်ပုံတင်စနစ် အသုံးပြုသွားမှာပါ။
  • ဆန်ဈေးနှုန်းကို ဆွဲတင်ပြီး အကျိုးအမြတ်ရရှိစေရေးအတွက် ဝိသမလောဘနဲ့ ဝင်ရောက်လုပ်ကိုင်နေသူတွေကို ထိန်းကြောင်းနိုင်မယ့် စနစ်တစ်ခု လိုအပ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်-MRF ဥက္ကဋ္ဌက ပြောပါတယ်။

    ဆန်ဈေးနဲ့ စပါးဈေးနှုန်းတွေ မြင့်တက်လာပါက မှန်မှန်ကန်ကန်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ စိုးရိမ်နေရပြီး ဈေးလှုပ်ခပ်တဲ့ အခြေအနေတွေကြောင့် မိမိတို့ မေးမြန်းစုံစမ်း ခံနိုင်မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေရကြောင်း ဦးရဲမင်းအောင်က ဆိုပါတယ်။

    ‘‘ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တဲ့သူတွေကတော့ ဈေးကို ဆွဲမတင်ပြီးတော့ သူ့အကျိုးအမြတ်တစ်ခုတည်းကိုပဲ စဉ်းစားသွားတယ်’’လို့ ၎င်းက ပြောပါတယ်။

    လက်ရှိမှာ တည်ငြိမ်တဲ့ ဆန်ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်စေဖို့ဆိုပြီး MRF နဲ့ စီးပွား/ကူးသန်းတို့ ပူးပေါင်းကာ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းအတွင်း ဆန်စပါးသိုလှောင်မှု အခြေအနေတွေကို စတင်ကောက်ခံ စာရင်းပြုစုသွားဖို့ ရှိပါတယ်။

    ဒီအစီအစဉ်က သိုလှောင်ရုံတစ်နေရာမှာ စပါးတင်း ၅၀၀၀ ဒါမှမဟုတ် ဆန်တန် ၅၀ အထက် ပိုမို သိုလှောင်ထားရှိမှုအတွက် စာရင်းပြုစုတင်ပြရမှာဖြစ်ပြီး ဒီဂျစ်တယ်နည်းလမ်းနဲ့ မှတ်ပုံတင်စာရင်း တင်ပြဆောင်ရွက်နိုင်မယ့် အွန်လိုင်းမှတ်ပုံတင်စနစ် MYRO ကို အသုံးပြုသွားမှာပါ။

    “ဆန်စပါးသိုလှောင်မှုက ကိန်းဂဏန်းအချက်အလက်တွေ မသိလို့ရှိရင် ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာ ဘယ်လောက်ပိုလျှံလဲ။ ဘယ်လောက်ထွက်လဲ။ ဘယ်လောက်တော့ ပြည်တွင်းဈေးကွက်အတွက် ထားမယ်။ ဘယ်လောက်တော့ ပြည်ပတင်ပို့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ မှားနိုင်ပါတယ်’’လို့ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။

    ဆန်စပါးသိုလှောင်ထားမှုအခြေအနေကို စာရင်းပြုစုကောက်ခံမယ်လို့ ကြေညာခဲ့ပြီးနောက်ပိုင်းမှာ ဆန်တစ်အိတ်ဈေးနှုန်း ပျမ်းမျှ ကျပ် (၅၀၀၀) ခန့် ပြန်လည်ကျဆင်းသွားတယ်လို့ MRF ဥက္ကဋ္ဌရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

    သတင်း - BETV Business

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes15comments0
views2592