cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အာလူးစိုက်ပျိုးမည့်မြေအတွက် ရှိသင့်သည့် အဟာရဓါတ်များနှင့်အခြားအချက်အလက်များအနှစ်ချုပ်

. Plant Nutrition
ဒီနေ့မှာတော့ အာလူးစိုက်ပျိုးမည့်မြေအတွက် ရှိရမည့်မြေဆီလွှာဆိုင်ရာ ဂုဏ်သတ္တိများကို ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

  • ၁။မြေကြီးအတွင်းရှိဆားဓါတ်ပါဝင်မှု ပမာဏ (EC)

    မြေကြီးအတွင်းရှိဆားဓါတ်ပါဝင်မှု ပမာဏ (EC) သိရှိရန် ဓါတ်ခွဲခန်းသို့ပေးပို့စစ်ဆေးနိုင်ပါသည်။ မြေကြီးအတွင်းရှိဆားဓါတ်ပါဝင်မှု ပမာဏ (EC) သည် အပင်ကြီးထွားမှု၊ အပင်စားသုံးနိုင်သည့် အဟာရဓါတ်ရရှိနိုင်မှု၊မြေကြီး၏သွင်ပြင်လက္ခဏာနှင့် အဏုဇီဝသက်ရှိများ တည်ရှိမှုတို့အား များစွာသက်ရောက်မှုရှိသည်။

    သီးနှံအမျိုးအစားအပေါ်လိုက်၍ မြေကြီးအတွင်းရှိဆားဓါတ်ပါဝင်မှု(EC) သတ်မှတ်ချက် အမျိုးမျိုးရှိသည်။ အာလူးစိုက်ပျိုးရန်အတွက် အကောင်းဆုံး EC မှာ “0.7 -2 (dS/m (or) mS/cm)” အတွင်းရှိရမည်ဖြစ်သည်။EC တန်ဖိုးသည် သတ်မှတ်ချက်ထက်များနေပါက စိုက်ပျိုးမြေနှင့် ရေအား ထိခိုက်မှုရှိသဖြင့် အပင်ကြီးထွားမှုအား အဟန့်အတား ဖြစ်စေ ပါသည်။

    ၂။ဩဂဲနစ်ကာဗွန်(Organic carbon)

    ဩဂဲနစ်ကာဗွန်သည်မြေကြီးအတွင်းရှိဩဂဲနစ်ပစ္စည်းများဖွဲ့စည်းတည်ရှိမှုတွင်အဓိကအစိတ်အပိုင်းအနေဖြင့်တည်ရှိသည်။အပင်နှင့်တိရစ္ဆာန်များ၏ဆွေးမြေ့မှုအစိတ်အပိုင်းများ ၊ ဆဲလ်များနှင့် တစ်ရှူးများဖြင့်ဖွဲ့စည်းထားသည်။ဩဂဲနစ်ပစ္စည်းများ(Organic matter)၏ ၅၈ ရာခိုင်နှုန်းသည် ကာဗွန်ဖြင့်ဖွဲ့စည်းထားသည်။ ဩဂဲနစ်ပစ္စည်းများ (Organic matter) သည် မြေကြီးအတွင်းရှိ ရုပ်ဂုဏ်သတ္တိ၊ ဓါတု ဂုဏ်သတ္တိ၊ အဏုဇီဝသက်ရှိများ ရှင်သန်ကြီးထွား၍ လေဝင်လေထွက်ကောင်း စေခြင်း၊ မြေတွင်းရှိအစိုဓါတ်ထိန်းသိမ်းနိုင်စွမ်း မြင့်မားခြင်း အစရှိသည့် အကျိုးကျေးဇူးများစွာ ဖြစ်ပေါ်စေပါသည်။ သဘာဝမြေသြဇာ(သို့မဟုတ်) ဇီဝမြေဩဇာများသုံးစွဲခြင်းဖြင့် ဩဂဲနစ် ပစ္စည်းများ (Organic matter) များစွာ ပါဝင်သောကြောင့် အပင်များအား များစွာ အကျိုးပြုသည်။

    အားလူးစိုက်ပျိုးမည့်မြေအတွက် ရှိသင့်သည့်အဟာရဓါတ်နှင့် အခြားအချက်အလက်များ(အနှစ်ချုပ်)(WUR Guideline)

    စဉ် အကြောင်းအရာ အကောင်းဆုံးရှိသင့်သည့် ပမာဏ

    ၁ pH(မြေချဉ်ငံကိန်း) 5.5-6.5

    ၂ (EC)မြေကြီးအတွင်းရှိဆားဓါတ်ပါဝင်မှုပမာဏ 0.7 dS/m – 2ds/m) (mS/cm)

    ၃ (Soil organic carbon)ဩဂဲနစ်ကာဗွန် 2% အထက်

    ၄ Total N (နိုက်ထရိုဂျင်) 4% အထက်

    ၅ Ca(ကယ်လ်စီယမ်) 5 meq/100g အထက်

    ၆ Mg(မဂ္ဂနီစီယမ်) 1.6 meq/100g အထက်

    ၇ K(ပိုတက်စီယမ်) 0.5 meq/100g အထက်

    ၈ P(ဖော့စ်ပရပ်) 30-50 meq/100g(withOlsen method)

    Fresh Studio Myanmar/EAT VEG မှ ကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes11comments0
views2498