cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မိုးလေဝသခန့်မှန်းချက်နှင့်စိုက်ပျိုးရေးအကြံပြုချက်

. Weather News
ဂျူလိုင်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ မိုးရွာသွန်းနိုင်ဆဲ ဖြစ်ပါသည်။ စပါးသက်တမ်းအရ ပင်ပိုင်းကြီးထွားသည့် အဆင့်ဖြစ်သည့်အတွက် ရွှေခရု၊ ရွက်လိပ်ရွက်ကပ်၊ ဆစ်ပိုး၊ ဖြုတ်ပိုး၊ ငမြှောင်တောင် စသည်တို့ ကျရောက်နိုင်ပါသည်။ ဘတ်တီးရီးယားရွက်ဖျားခြောက်နှင့် ရွက်ညိုပြောက်ရောဂါ တို့ကို ကြိုတင်ကာကွယ်ပါ။
  • ၁။ဟင်္သာတမြို့နယ်   

    ဇူလိုင်လ၄ ရက်နေ့မှာတော့ မိုးလျော့သွားပြီး ၄၄ ရာခိုင်နှုန်းသာရှိမှာ ဖြစ်ပါတယ်။ ဇူလိုင်လ၅၊၆ ရက်နေ့တွေမှာ ၆၈ နှင့် ၇၈ ရာခိုင်နှုန်း အသီးသီး ရှိကြပါသည်။  

    ၂။ လပ္ပတာမြို့နယ် 

    ဇူလိုင်၄မှ၅ရက်နေ့ထိ မိုးရွာရန် ရာခိုင်နှုန်း ၉၀ကျော်ရှိပြီး နေ့စဉ်မိုးရွာနိုင်ပါသည်။ ဇူလိုင်လ ၆ရက်နေ့မှာတော့ မိုးရွာရန် ရာခိုင်နှုန်း၆၀သာ ရှိပါမည်။ 

    ၃။မအူပင်မြို့နယ် 

    မအူပင်မြို့နယ်တွင် ဇူလိုင်လ၄ရက် မှ ၅ ရက်နေ့ထိ ၉၅ ရာခိုင်နှုန်းခန့် နေ့စဉ်မိုးရွာနိုင်ပါသည်။ ဇူလိုင်လ၆ ရက်နေ့မှာတော့ ၆၀ ရာခိုင်နှုန်းသာ မိုးရွာနိုင်ပါသည်။ 

    ၄။မြောင်းမြမြို့နယ် 

    ယနေ့ဇူလိုင်လ ၄ရက်တွင် မိုးရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။ ဇူလိုင်၅၊၆ ရက်များမှာတော့ မိုးရွာရန် ၇၆ နှင့် ၆၅ ရာခိုင်နှုန်း အသီးသီးသာ ရှိပါသည်။ 

    ၅။ပုသိမ်မြို့နယ် 

    ပုသိမ်မြို့နယ်တွင် ဇူလိုင်လ ၃ရက်နှင့် ၄ ရက်နေ့တွေမှာ မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပါသည်။ ဇူလိုင်လ ၅ရက်၊၆ရက်မှာတော့ မိုးရွာရန် ၇၂ နှင့် ၆၅ ရာခိုင်နှုန်း အသီးသီးသာ ရှိပါမည်။ 

     ၆။ ဖျာပုံမြို့နယ် 

    ဖျာပုံမြို့နယ်တွင် ဇူလိုင်လ၃ရက်မှ ၄ရက်နေ့ထိ မိုးရွာရန် ရာနှုန်းပြည့်နီးပါး ရှိပါသည်။ ဇူလိုင်လ၅ရက်နှင့် ၆ ရက် နေ့တွေမှာတော့ ၆၆နှင့် ၇၀ ရာခိုင်နှုန်းသာ မိုးရွာနိုင်ပါသည်။ 

     

    ထွက်တိုးမှစိုက်ပျိုးရေးအကြံပြုချက်  

     

    ဂျူလိုင်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ မိုးရွာသွန်းနိုင်ဆဲ ဖြစ်ပါသည်။ စပါးသက်တမ်းအရ ပင်ပိုင်းကြီးထွားသည့် အဆင့်ဖြစ်သည့်အတွက် ရွှေခရု၊ ရွက်လိပ်ရွက်ကပ်၊ ဆစ်ပိုး၊ ဖြုတ်ပိုး၊ ငမြှောင်တောင် စသည်တို့ ကျရောက်နိုင်ပါသည်။ ဘတ်တီးရီးယားရွက်ဖျားခြောက်နှင့် ရွက်ညိုပြောက်ရောဂါ တို့ကို ကြိုတင်ကာကွယ်ပါ။ သွင်းအားစု ထည့်သွင်းခြင်းကို ရာသီဉတု အနေအထားကို မပြတ်စောင့်ကြည့်ပြီးမှသာ ချင့်ချိန်သုံးစွဲပါ။ ထွက်တိုးတွင် နာရီအလိုက် မိုးလေဝသ ခန့်မှန်းချက်များကို ရယူနိုင်ပြီး အကြံပြုချက် ရယူလိုပါက ၀၉ ၉၇၇၉၁၀၀၀၀ ကို ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။ မိုးရာသီဖြစ်သည့်အတွက် ကော်ရည်ကပ်ဆေးကို ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အားဆေး သုံးစွဲသည့်အခါ ထည့်သုံးပေးပါ။  

    Source: CIAT 

     


  • article
  • article
likes8comments3
views2124