cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာ့သရက်သီးများကို တရုတ်နိုင်ငံသို့သာ အဓိကတင်ပို့နေရ

. Market Price
စိန်တစ်လုံးသရက်အလှဆုံးတစ်လုံးကို ယွမ် ၁၀၀ အထက် ရရှိပြီး ရွှေဟင်္သာအလှဆုံးအလုံးတွေကတော့ ယွမ် ၆၀အထက် ရရှိတယ်လို့ သိရပါတယ်။

  • မြန်မာနိုင်ငံမှထွက်ရှိတဲ့ စိန်တစ်လုံးသရက်အပါအဝင် ရာသီပေါ်သရက်သီးများကို တရုတ်နိုင်ငံစျေးကွက်အတွင်းသို့ အဓိကတင်ပို့နေရတယ်လို့ သရက်သီးတင်ပို့ရောင်းချသူများထံမှ သိရပါတယ်။


    ပြည်တွင်းကထွက်ရှိသည့် သရက်သီးများအနက် စိန်တစ်လုံး၊ ရွှေဟင်္သာစတဲ့ သရက်များကို တရုတ်နိုင်ငံအတွင်းသို့ နယ်စပ်ကနေတစ်ဆင့် တင်ပို့ရောင်းချနေကြခြင်း ဖြစ်ပါတယ်။


    ထိုကဲ့သို့ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ဇွန်လကုန်အထိ စိန်တစ်လုံးသရက်အလှဆုံးတစ်လုံးကို ယွမ် ၁၀၀ အထက် ရရှိပြီး ရွှေဟင်္သာအလှဆုံးအလုံးတွေကတော့ ယွမ် ၆၀အထက် ရရှိတယ်လို့ သိရပါတယ်။


    ယခုနှစ်သရက်သီးပေါ်ချိန်မှာ တရုတ်သို့တင်ပို့လျက်ရှိသည့် သရက်သီးများမှာ ပို့ကုန်အရည်အသွေးမမီတာတွေရှိနေတာကြောင့် စျေးကွက်အတွင်းမှာ စျေးနှိမ်ခံရတာတွေရှိသလို ဝယ်လိုအားကျဆင်းတာတွေရှိနေတယ်လို့လည်း သစ်သီးကုန်သည်တွေက ပြောပါတယ်။


    ဒါကြောင့် အရည်သွေးမီတဲ့ သရက်သီးပို့ကုန်တွေ ထုတ်လုပ်တင်ပို့ရောင်းချကြဖို့ ကုန်သည်တွေနဲ့ တောင်သူတွေအချင်းချင်းကြားမှာ သတိပေးတာတွေလည်း ရှိနေတာဖြစ်ပါတယ်။


    မြန်မာ့စိန်တစ်လုံးသရက်သီးများကို တရုတ်နိုင်ငံစျေးကွက်အပြင် စင်ကာပူနိုင်ငံစျေးကွက်သို့လည်း ရေကြောင်း၊ လေကြောင်းများမှတစ်ဆင့် စတင်တင်ပို့နေပြီဖြစ်ကြောင်း သိရပါတယ်။


    စိန်တစ်လုံးသရက်သီးများကိုတော့ မြန်မာနိုင်ငံအတွင်းက မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်း ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးထွက်ရှိတယ်လို့ သိရပါတယ်။


    အောင်အောင်


    ဤဆောင်းပါးကို Opinion Leaders မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes4comments0
views2119