cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးမွေးတောင်သူများအတွက် ယနေ့စိန်ခေါ်နေသော ငါးစာဈေးကြီးမြှင့်မှု့

. Fish Technical Guide
ဆောင်းပါးဖတ်ရှု့ပြီးပါက ဖော်ပြပါလင့်တွင် ဉာဏ်စမ်းဖြေဆိုနိုင်ပါသည်။ အဖြေမှန်သူများထဲမှ (၃) ဦးကို မဲစနစ်ဖြင့် ရွေးချယ်ပြီး ဖုန်းဘေလ် ကံစမ်းပေးပါမည်။
  • မြန်မာနိုင်ငံတွင်းရှိ ငါးမွေးတောင်သူများသည် ၂၀၀၀ပြည့်နှစ် မတိုင်မီအထိ ငါး မွေးမြူခြင်းလုပ်ငန်း တွင် အစာဈေးနှုံး မမြင့်မားသဖြင့် ငါးမွေးမြူခြင်းလုပ်ငန်းတွင် အကျိုးအမြတ်များ ဖြစ်ထွန်းနေကြပါသည်။ ကုန်ထုတ်လုပ်မှု့မှရသော ငါးဈေးကွက်ရရှိမှု့ နှင့် အစာဈေးနှုံး သည် လုပ်နိုင်ကိုင်နိုင်သော အခြေအနေတွင် ရပ်တည်နိုင်ပါသည်။ ၂၀၀၀ပြည့်နှစ်နောက်ပိုင်းတွင် တနှစ်ထက် တနှစ် အစာကုန်ကြမ်းစေ◌ျးသည် မြင့် မားလာသည်ကို ကြုံတွေ့နေရပါသည်။ ၂၀၁၉ခုနှစ်တွင် ဖွဲနု ပေါင်(၆၀)တအိပ်လျှင် ၈၅၀၀ ကျပ်မှ ယနေ့ အချိန်တွင် ဖွဲနုပေါင်(၆၀)တအိပ်လျှင် ၂၅၀၀၀ ကျပ်အထိ ဖြစ်လာပါသည်။ထို့အတူ အစာတောင့် ဈေးနှုံး များလည်း တဝက်ကျော်ဈေးတက်နေသည်ကို တွေ့ရှိရပါသည်။ ရေမြင့်လှင်ကြာမြင့်မည်ဆိုသည် မြန်မာ စကားပုံ အတိုင်းငါး‌ဈေးနှုံးသည်သည် ယခင်ထက် ပိုမိုရရှိလာသည်ကို တွေ့ရှိရပါသည်။ သို့သော် စီးပွါးရေး အမြင်ဖြင့် တွက်ချက်ကြည့်ပါက ငါးဈေးနှုံးမြင့် တက်လာခြင်းသည် အစာကုန်ကြမ်းနှင့် အစာတောင့်ဈေးနှုံး တက်လာခြင်းနှုံးကို မမှီကြောင်းတွေ့ရှိရပါသည်။


    ငါးမွေးမြူခြင်းပညာရပ်တွင် အစာနှင့် ငါးအလေးချိန်တိုးနှုံး FCR အချိုးတွင် ၂ : ၁ ရှိမှသာ ငါးမွေးမြူ ခြင်းအတွက်အကျိုးအမြတ်ရှိသည်ဟု သတ်မှတ်ကြပါသည်။ ဆိုလိုသည်မှာ အစာ ၂ပိဿာကြွေး ပါက ငါး အလေးချိန် ၁ပိဿာရရှိလျှင် တွက်ခြေကိုက်သည်ဟု ဆိုကြပါသည်။ ငါးမွေးတောင်သူများ၏ ယနေ့ အစာ ဈေးနှုံးနှင့် ငါးဈေးနှုံး ကို FCR အချိုးဖြင့် တွက်ပါက လုံးဝကိုက်ညီမှု့ မရှိဘဲ အရှုံးဘက်သို ဉီးတည်နေ ကြောင်း တွေ့နေရပါသည်။


    အဆိုပါအခက်အခဲကို မှန်ကန်သောနည်းလမ်းဖြင့်အဖြေရှာရန်အတွက် အောက်ပါအတိုင်းအကြံပြု အပ်ပါသည်။ ငါးအပါအဝင် ရေသတ္တဝါအားလုံး၏ ပင်မအစားအစာသည် အပင်မျှောလှေးနှင့် အကောင်မျှော လှေးများဖြစ်ပါသည်။ အဆိုပါ သဘာဝအစာ(သက်ရှိ)အစာများလုံးလောက်နေပါက ငါးနှင့်ရေနေသတ္တဝါ များ အတွက် မည်သည့်အစာမှ မလိုအပ်ပါ။ မွေးမြူရေးတောင်သူများ၏ ကြွေးနေသော အစာသည် ငါးအမြန်ကြီး စေရန်အတွက် ဖြည့်စွက်စာ ဟု ခေါ်ဆိုကြပါသည်။ ထို့ကြောင့် မွေးမြူရေးတောင်သူများသိရှိပြီးသော ရေဩ ဇာရရှိစေရန်(ရေအရောင် အစိမ်းနုရောင်) မြေဩဇာထည့်သွင်းခြင်းကို ဆောင်ရွက်ကြပါသည်။ ထိုရေဩဇာ ရှိနေပါက ငါးများအတွက် အစာလုံလောက်နေပြီဖြစ်သောကြောင့် ရေဩဇာ အမြဲရှိနေစေရန်အတွက် မိမိ မွေးကန်အတွင်းသို့ မြေဩဇာ ထည့်သွင်းခြင်းကို ပုံမှန်အတိုင်းအမြဲဆောင်ရွက်ပြီး ဖြည့်စွက်စာကို ၅၀ရာခိုင်နှုံး အထိလျှောချပြီး ကြွေးမွေးပါက ငါးစာ အစာဈေးကြီးခြင်းကို မှန်ကန်သောနည်းဖြင့် ဖြေရှင်းရခြင်းဖြစ်ပါ ကြောင်းတင်ပြအပ်ပါသည်။

    ဦးဆန်းအောင် (ထွက်တိုး)

    ----


    ဆောင်းပါးဖတ်ရှု့ပြီးပါက ဖော်ပြပါလင့် https://htwettoe.com//content/44369

    တွင် ဉာဏ်စမ်းဖြေဆိုနိုင်ပါသည်။

    အဖြေမှန်သူများထဲမှ (၃) ဦးကို မဲစနစ်ဖြင့် ရွေးချယ်ပြီး အောက်ပါအတိုင်းဖုန်းဘေလ် ကံစမ်းပေးပါမည်။


    ပထမဆု - ၃၀၀၀ ကျပ်

    ဒုတိယဆု - ၂၀၀၀ ကျပ်

    တတိယဆု - ၁၀၀၀ ကျပ်


    ထွက်တိုးဆော့ဝဲလ် မရှိပါက Google Playstore ပလေးစတိုး - http://download.htwettoe.com/ မှတစ်ဆင့် ဒေါင်းလုပ် ပြုလုပ်၍ ထွက်တိုး အကောင့်ဖွင့်ပါ။


    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။



  • article
likes26comments2
views5268