cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်

. Weather News
သွင်းအားစု ထည့်သွင်းခြင်းကို ရာသီဉတု အနေအထားကို မပြတ်စောင့်ကြည့်ပြီးမှသာ ချင့်ချိန်သုံးစွဲပါ။ ထွက်တိုးတွင် နာရီအလိုက် မိုးလေဝသ ခန့်မှန်းချက်များကို ရယူနိုင်ပြီး အကြံပြုချက် ရယူလိုပါက ၀၉ ၉၇၇၉၁၀၀၀၀ ကို ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။ မိုးရာသီဖြစ်သည့်အတွက် ကော်ရည်ကပ်ဆေးကို ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အားဆေး သုံးစွဲသည့်အခါ ထည့်သုံးပေးပါ။
  • ၁။ဟင်္သာတမြို့နယ်  

    ယနေ့ဇူလိုင်လ ၇ ရက်နေ့မှာ မိုးရွာရန် ရာခိုင်နှုန်း ၈၀ ဖြစ်ပါသည်။ ၈၊၉ ရက်နေ့များမှာတော့ ၉၅ ရာခိုင်နှုန်းမိုးရွာနိုင်ပါသည်။ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့ထိ ၇၀ ရာခိုင်နှုန်းသာ မိုးရွာနိုင်ပါသည်။

    ၂။ လပ္ပတာမြို့နယ်

    ဇူလိုင်၉ရက်နေ့ထိ နေ့စဉ်မိုးရွာနိုင်ပါသည်။ ၁၀၊၁၁ နေ့များမှာတော့ ၇၀ ရာခိုင်နှုန်းသာ မိုးရွာနိုင်ပြီး၊ ၁၂ ရက်နေ့မှာတော့ မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပါသည်။

    ၃။မအူပင်မြို့နယ်

    မအူပင်မြို့နယ်တွင် ဇူလိုင် ၇ ရက်နေ့မှ ၁၃ ရက်နေ့ထိ တစ်ပတ်လုံးမိုးများရွာသွန်းနေနိုင်ပါသည်။

    ၄။မြောင်းမြမြို့နယ်

    ယနေ့ ဇူလိုင် ၇ ရက်နှင့် မနက်ဖြန်အတွက် မိုးရွာရန်၉၀ ရာခိုင်နှုန်း ဖြစ်ပါသည်။ ၉၊၁၀၊၁၁ ရက်များမှာတော့ မိုးရွာရန် ၆၅ ရာခိုင်နှုန်းသာ ရှိပါသည်။ ၁၂၊၁၃ ရက်များမှာ မိုးရွာရန် ၉၅ ရာခိုင်နှုန်းဖြစ်ပါသည်။

    ၅။ပုသိမ်မြို့နယ်

    ပုသိမ်မြို့နယ်တွင် ဇူလိုင်လ ၇ ရက်နေ့မှ ၁၀ ရက်နေ့တွေထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော်ဖြစ်ပါသည်။ ၁၁ ရက်နေ့မှာတော့ ၆၆ ရာခိုင်နှုန်းသာ ရှိပြီး၊ ၁၂၊၁၃ ရက်များမှာ ၉၀ ရာခိုင်နှုန်းရှိပါသည်။

     ၆။ ဖျာပုံမြို့နယ်

     ဇူလိုင်လ၇ရက်မှ ၁၀ရက်နေ့ထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော် ရှိပါသည်။ ၁၁ ရက်မှ ၁၃ ရက်နေ့ထိ မိုးရွာရန် ၈၀ ရာခိုင်နှုန်းဖြစ်ပါသည်။


    ထွက်တိုးမှစိုက်ပျိုးရေးအကြံပြုချက်-

    မိုးရွာ၍ အခင်းတွင်း ရေများနေခြင်းများ ဖြစ်ပွားနေနိုင်ပါသည်။ ရေထုတ်မြောင်းများ ပြုလုပ်၍ ရေထုတ်နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ ရွက်လိပ်ရွက်ကပ်ပိုး၊ရွက်လိပ်အိမ်ပိုး နှင့် ဆစ်ပိုးများကျရောက်မှုဖြစ်ပွားနိုင်ပါသည်။ စပါးရွေးချယ်ပေါင်းသတ်ဆေးအသုံးပြုလျှင်လည်း စပါးခင်းရေများနေချိန် အသုံးမပြုသင့်ပါ။ ဘတ်တီးရီးယားရွက်ဖျားခြောက်နှင့် ရွက်ညိုပြောက်ရောဂါ တို့ကို ကြိုတင်ကာကွယ်ပါ။ သွင်းအားစု ထည့်သွင်းခြင်းကို ရာသီဉတု အနေအထားကို မပြတ်စောင့်ကြည့်ပြီးမှသာ ချင့်ချိန်သုံးစွဲပါ။ ထွက်တိုးတွင် နာရီအလိုက် မိုးလေဝသ ခန့်မှန်းချက်များကို ရယူနိုင်ပြီး အကြံပြုချက် ရယူလိုပါက ၀၉ ၉၇၇၉၁၀၀၀၀ ကို ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။ မိုးရာသီဖြစ်သည့်အတွက် ကော်ရည်ကပ်ဆေးကို ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အားဆေး သုံးစွဲသည့်အခါ ထည့်သုံးပေးပါ။  

    Source: CIAT 

     



  • article
likes9comments3
views2254