cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အိန္ဒိယနိုင်ငံ ပဲထုတ်လုပ်မှု ကျဆင်းနေချိန် မြန်မာ့ ပဲစင်းငုံနဲ့ မတ်ပဲ ဈေးကောင်းရနေ

. Market Price
မြန်မာနိုင်ငံမှ အိန္ဒိယနှစ်နိုင်ငံသို့ ပဲတင်ပို့မှုအနေနဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှမေလ အထိကို ပဲမျိုးစုံ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၀ ဒသမ ၃၅၂ သန်းကျော်ကုန်သွယ်မှုဆောင်ရွက်ထားနိုင်ခဲ့တာ
  • အိန္ဒိယနိုင်ငံ ပြည်တွင်းမှာ ပဲထုတ်လုပ်မှုကျဆင်းနေတဲ့အတွက် မြန်မာနိုင်ငံမှ ပဲစင်းငုံနဲ့ မတ်ပဲများ ဈေးအမြင့်ရရှိနေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

    လက်ရှိ အိန္ဒိယနိုင်ငံမှာ ပဲစင်းငုံ ဈေးနှုန်းမြင့်တက်မှုနှင့် ရင်ဆိုင်နေရ၍ ဈေးနှုန်းမြင့်မားမှုကို ထိန်းချုပ်နိုင်ရန် အတွက် ယခု ၂၀၂၃ ခုနှစ်မှာ ယခင်နှစ်ထက် ၃၅ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၁၂ သိန်းခန့် တင်သွင်းရန်လို အပ်နေတယ်လို့ သိရပါတယ်။

    ယင်းနိုင်ငံအတွင်း ပဲစင်းငုံဈေးနှုန်းမှာ ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်လျှင် ၂၅ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ပြီး ၁ ကီလိုဂရမ်လျှင် ရူပီးငွေ ၁၂၈ ဒသမ ၆၆ ထိရောက်ရှိခဲ့ကြောင်း၊ မတ်ပဲဈေးနှုန်းများမှာလည်းပြီးခဲ့တဲ့ နှစ်နှင့်နှိုင်းယှဉ်ပါက ၇ ဒသမ၂၂ ရာခိုင်နှုန်းခန့်ကြီးမြင့်ခဲ့ပြီး ၁ ကီလိုဂရမ်ဈေးနှုန်းမှာ ရူပီး ၁၁၁ ဒသမ ၇၇ ရှိ ခဲ့တယ်လို့ သိရပါတယ်။

    အိန္ဒိယနိုင်ငံရဲ့ မူဝါဒအရ မြန်မာ့ပဲတင်ပို့မှုမှ မတ်ပဲနဲ့ ပဲစင်းငုံတွေကို၂၀၂၄ ခုနှစ်မတ်လအထိလွတ်လပ်စွာ တင်သွင်းခွင့်ပြုထားတယ်လို့ သိရပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံနဲ့ အိန္ဒိယနှစ်နိုင်ငံ G to G အစီအစဉ်နဲ့ မတ်ပဲနဲ့ ပဲစင်းငုံရောင်းဝယ်မှုပူးပေါင်းဆောင်ရွက်ရေး အတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီး ယင်းသဘောတူညီချက်အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ၅ နှစ်အတွင်း မတ်ပဲတန်ချိန် ၂ ဒသမ၅ သိန်းနဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်း၊ စုစုပေါင်း ပဲတန်ချိန် ၃ ဒသမ ၅ သိန်းကို နှစ်စဉ် ပုဂ္ဂလိကကုန်သွယ်မှုကဏ္ဍကနေတဆင့် တင်သွင်းသွားဖို့ ရှိတယ်လို သိရပါတယ်။ 

    မြန်မာနိုင်ငံမှ အိန္ဒိယနှစ်နိုင်ငံသို့ ပဲတင်ပို့မှုအနေနဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှမေလ အထိကို ပဲမျိုးစုံ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၀ ဒသမ ၃၅၂ သန်းကျော်ကုန်သွယ်မှုဆောင်ရွက်ထားနိုင်ခဲ့တာလို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူကပြောဆိုထားပါတယ်။

    “မြန်မာနိုင်ငံအနေနဲ့ ပဲအဓိကတင်ပို့တဲ့နိုင်ငံကအိန္ဒိယနိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအစိုးရအနေနဲ့ ပဲတင်သွင်းမှုမူဝါဒတွေက ၂၀၁၇ ခုနှစ်မှာဆိုရင် မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံတို့ကိုဘဏ္ဍာနှစ်အလိုက်တင်သွင်းခွင့်ပြုတဲ့ကိုယ်တာတွေကိုထုတ်ပြန်ကြေညာပြီးတင်သွင်းစေခဲ့တယ်။ ဒါပေမယ့် ၂၀၂၁ခုနှစ်မှာတော့ အဲဒီကန့်သတ်ချက်တွေကိုဖြေလျှော့ပြီးတော့မှ လွတ်လပ်စွာတင်သွင်းခွင့်ပြုတဲ့ ဘဏ္ဍာနှစ်ကာလကို တစ်နှစ်ကိုတစ်ကြိမ် တိုးမြှင့်ခွင့်ပြုပေးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာလည်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ မတ်ပဲ၊ ပဲစင်းငုံတွေကိုလွတ်လပ်စွာတင်သွင်းခွင့်ပြုဖို့အတွက်ကို ၂၀၂၄ ခုနှစ် မတ် ၃၁ အထိထပ်မံသက်တမ်းတိုးမြှင့်ပေးခဲ့တယ်။ အဲလိုအိန္ဒိယနိုင်ငံရဲ့မူဝါဒပြောင်းလဲသတ်မှတ်ချက်တွေအရ မြန်မာနိုင်ငံရဲ့ တောင်သူလယ်သမားအတွက်တော့ ပဲတွေကိုလွတ်လွတ်လပ်လပ်တင်ပို့နိုင်ဖို့ များစွာအထောက်အကူဖြစ်မှာပါ” လို့ ၎င်းကပြောဆိုထားတာပါ။ 

    ဤဆောင်းပါးကို MyanmarFutureNews မှ ကူးယူဖော်ပြပါသည်။

    -----

     ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes10comments0
views2375