cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အပင်အရွက်များမှ စတိုမာ ခေါ် လေပေါက်များ (Stomata)

. Cultivation Methods
အရွက်များမှ အဓိကအစာစုပ်ယူသောအင်္ဂါငယ်များမှာ စတိုမာခေါ်အပေါက်ငယ်ကလေးများဖြစ်သည်။ ထိုအပေါက်ငယ်ကလေးများသည် အပင်၏မြေပေါ်အင်္ဂါအားလုံးတွင်ရှိသော်လည်း အရွက်များတွင်သာ အဓိကရှိနေကြသည်။
  • အထက်မျက်နှာထက် အောက် မျက်နှာတွင် ပို၍များပြားစွာရှိနေသည်။ ထိုအပေါက်ငယ်ကိုဖြစ်စေသောဆဲလ်နှစ်ခုကို အကာဆဲလ်(Guard cell)ဟုခေါ်သည်။ ဆဲလ် တစ်ခုစီမှာ ဝက်အူချောင်းပုံသဏ္ဍာန် (ကျောက်ကပ်ပုံ)ကွေးနေခြင်း ကြောင့် မျက်နှာခြင်းဆိုင်အကာဆဲလ်နှစ်ခုအကြားတွင် အပေါက်ငယ် ဖြစ်ပေါ်နေသည်။ အကာဆဲလ်များ၏ လေပေါက်ဖက်တွင် နံရံမှာ ထူနေပြီး အပြင်ဘက်နံရံများမှာပါးနေသည်။ အပင်၌ အစာပြည့်ဝ သောအခါ ရာသီဥတုဆိုးဝါးသောအခါ (မွန်းလွဲပိုင်း)တွင် လေပေါက် များပိတ်ပြီး နံနက်ပိုင်းအစာလိုသော၊ ဓာတ်ငွေ့ ဖလှယ်နေရသော ကာလတွင် ထိုလေပေါက်များမှာ ပွင့်နေသည်။ လေပေါက်ပွင့်ခြင်း နှင့်ပိတ်ခြင်းမှာ ဝန်းကျင်နှင့်အပင်တုန့်ပြန်မှုအပေါ် မူတည်လေသည်။ အရွက်ဖျန်းဓာတ်မြေသြဇာများ ပက်ဖျန်းရာတွင် လေပေါက်များ ပွင့်သော နံနက်နေထွက်ချိန်မှာ နံနက် (၁၀း၃၀)အတွင်းသာ အကောင်း ဆုံးဖြစ်သည်။ လေပေါက်ပိတ်သွားပြီးသောညနေပိုင်းတွင် ပက်ဖျန်းခြင်းသည် အပင်အတွင်း ဝင်ရောက်ရန် အလွန်ခဲယဉ်းသည်။ အချို့ ကအရွက်ဖျန်းဓာတ်မြေသြဇာဖျန်းချိန်ကို လေပေါက်အဖွင့်အပိတ်ကို အခြေမပြုဘဲ နေပူခြင်း၊ နေအေးခြင်းအပေါ်၌သာ အခြေခံရန် အကြံ ပြုကြသည်။ နေအေးသော်လည်း လေပေါက်ငယ်များပိတ်နေလျှင် အရွက်ဖျန်းဓာတ်မြေဩဇာများ အရွက်အတွင်းဝင်ရောက်နိုင်မည် မဟုတ်ပါ။ အကာဆဲလ်နှစ်ခုနှင့် အနီးကပ်ဆုံးရှိနေသောဆဲလ်များကို အရံဆဲလ်များ (Subsidiary Cells) ဟုခေါ်သည်။ အရွက်မျက်နှာပြင် တစ်မီလီမီတာစတုရန်းတွင် စတိုမာလေပေါက်(၅၀)မှ(၃၀၀)အထိ ရှိသည်။ သာမန်အရွယ်ရောက်ပြီးသော ပြောင်းဖူးပင်တွင် စတိုမာ လေပေါက်သန်းပေါင်း(၂၀၀)ပါဝင်ပေသည်။ စုစုပေါင်းစတိုမာလေ ပေါက်များ၏ ဧရိယာကို အရွက်အားလုံး၏ ဧရိယာနှင့် နှိုင်းလျှင် (၁ ၅)ရာနှုန်းရှိပေသည်။ သုတေသနလေ့လာချက်များအရ အရွက်ဖျန်းဓာတ်မြေဩဇာများ၊ အပင်အတွင်း ဝင်ရောက်မှုပမာဏ ၏ (၉၅)ရာနှုန်းမှာ စတိုမာများမှဖြစ်သည်။ ကြူတီကယ် ခေါ် ဖယောင်းလွှာများမှ တိုက်ရိုက် ဖောက်ဝင်ခြင်းမှာ (၃)ရာနှုန်းသာရှိသည်။ အက်တိဒက်(စ)မာတာ (Ectodesmata) ခေါ် အရွက်အပြင်ပိုင်းနှင့် အက်ပီဒါးမစ် ခေါ် အပြင် ဆုံးဆဲလ်အလွှာအကြား ဆက်သွယ်ထားသောအမျှင်တန်းကလေး များမှ ဝင်ရောက်မှုမှာ (၂)ရာနှုန်းဖြစ်သည်။ တနည်းအားဖြင့်ဆိုသော် အရွက်ဖျန်းဓာတ်မြေဩဇာများ အရွက်များအတွင်း ဝင်ရောက်သော အဓိကအင်္ဂါမှာ စတိုမာတာခေါ် လေပေါက်ကလေးများမှသာဖြစ် သည်။ မြေပေါ်ပိုင်းအင်္ဂါများ အရွက်ဖျန်းဓာတ်မြေဩဇာအား စုပ်ယူစားသုံးမှုနှုန်း ကွဲပြားသကဲ့သို့ အရွက်များအချင်းချင်း၌ပင် တူညီ မှုမရှိပေ။ သက်ဝင်နိုးကြားစိမ်းလန်းနေသော အရွက်များက အိုမင်းသောအရွက်များထက် ပို၍အစာစုပ်ယူနိုင်စွမ်းရှိပေသည်။ အစာသို လှောင်အင်္ဂါများ (အသီး၊ အစေ့နှင့်ဥ)ဆီသို့ အစာများပို့ချိန်တွင် ထိုအင်္ဂါများနှင့် နီးစပ်သောအင်္ဂါများ၊ နိုးကြားသက်ဝင်ရှင်သန်နေသော အင်္ဂါက ပို၍ အောင်မြင်လျင်မြန်စွာ စုပ်ယူစားသုံးနိုင်သည်။ ထို့ကြောင့် ထိုအချိန်တွင် အရွက်ဖျန်းဓာတ်မြေဩဇာပက်ဖျန်းသောအခါ ထိုအင်္ဂါ မျိုးကိုသာ တိုက်ရိုက်ဖျန်းသင့်သည်။ ဤသို့တိုက်ရိုက်ပက်ဖျန်းခြင်း ကြောင့် အပင်အတွင်းသို့ရောက်ရှိသွားသော အာဟာရဓာတ်စင်များ မှာ အဝေးမှတဆင့် ရွှေ့ပြောင်းမလာတော့သောကြောင့် စွမ်းအင် လေလွင့်မှုနှင့် အချိန်ကို သက်သာစေသည်။ ဥပမာ - စပါးစေ့များ အတွင်း အစာစုချိန်ရောက်သော အခါ စပါးနှံနှင့် အနီးကပ်ဆုံး သက်တမ်းအနုဆုံးအရွက်များကသာ အစာစုပ်ယူရာတွင် အအောင် မြင်ဆုံး၊ အများဆုံးစုပ်ယူနိုင်ကြပေသည်။

    ဦးဖရက်သိန်းဖေ

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ -

    https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
likes9comments0
views1574