cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

စားအုန်းဆီစျေး တစ်ရက်အတွင်း တစ်ပိဿာလျှင် တစ်ထောင် ကျော် ထိ တက်

. Market Price
ပြည်တွင်း စျေးကွက် တွင် စားအုန်းဆီ တစ်ပိဿာလျှင် ယခင်ရက်က ၆၇၀၀ ကျပ် ဖြင့် ရောင်းဝယ် ပြုလုပ်နေကြရာ မှလက်ရှိ တစ်ပိဿာလျှင် ၇၅၀၀ မှ ၇၈၀၀အထိ အရောင်းဝယ်ပြုလုပ်နေကြကြောင်း သိရသည်။
  • စားအုန်းဆီစျေး တစ်ရက်အတွင်း တစ်ပိဿာလျှင် တစ်ထောင်ကျော် ထိ တက်သွားကြောင်း ဆီ အရောင်းဆိုင်များ နှင့် လုပ်ငန်းရှင်များ ထံမှ သိရသည်။


    ဇူလိုင်လ ၉ရက်နေ့ က စားအုန်းဆီ တစ်ပိဿာလျှင် ၆၇၀၀ ကျပ် သာရှိ ပြီး လက်ရှိ တွင် တစ်ပိဿာလျှင် ၇၃၀၀ မှ ၇၈၀၀ အထိ နေရာဒေသ အလိုက် စျေးများမြင့် တက်သွား ကြောင်း သိရသည်။


    “ စားအုန်းဆီ က တပိဿာကို ၈၀၀၀အထိ ဖြစ်သွားသေးတယ် ၊ ဇူလိုင်၉ရက် နေ့က ၆၀၀၀ကျော် ထိ ကျသွား ပြီး ဇူလိုင်၁၀ရက် မနက်မှ ကျ ၇၃၀၀ အထိ တက်သွားတယ် ၊ ညနေ ကျတော့ ၇၅၀၀၊ ၇၈၀၀ တွေ ဖြစ်ပြီးအရောင်အးဝယ်တွေ လုပ်နေကြတယ်”ဟု ရန်ကုန်မြို့ ရှိ ဆီလက်လီ လက်ကားရောင်းချ နေသူ ကို ဝင်းသူ ကပြောသည်။


    ပြည်တွင်း စျေးကွက် တွင် စားအုန်းဆီ တစ်ပိဿာလျှင် ယခင်ရက်က ၆၇၀၀ ကျပ် ဖြင့် ရောင်းဝယ် ပြုလုပ်နေကြရာ မှလက်ရှိ တစ်ပိဿာလျှင် ၇၅၀၀ မှ ၇၈၀၀အထိ အရောင်းဝယ်ပြုလုပ်နေကြကြောင်း သိရသည်။


    စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ သတ်မှတ်ထား သည့် အခြေခံရည်ညွန်းစျေး ထက် ပြည်ပ စားအုန်းဆီ စျေး မှာ ထက်ဝက် နီးပါး မြင့်တက် နေကြောင်း စျေး ကွက်မှ သိရသည်။


    လက်ရှိ ကော်မတီမှ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေး ကို ၂၀၂၃ ခုနှစ်၊ဇူလိုင်လ ၁၀ ရက်နေ့ မှ ဇူလိုင်လ ၁၆ရက်နေ့ အထိ တစ်ပိဿာလျှင် ၄၁၄၀ ကျပ် သာသတ်မှတ်ထား သော်လည်း ပြင်ပ ပေါက်စျေးမှာ တစ်ပိဿလျှင် ၇၃၀၀ ကျပ် နှင့် အထက်တွင် အရောင်းအဝယ်ရှိနေခြင်းဖြစ် ကြောင်း သိရသည်။


    ယင်းအပြင် စျေးကွက်တွင် ပဲဆီရှယ် တပိဿာလျှင် ၁၅၀၀၀ ကျပ်ရှိပြီး ရိုးရိုး တပိဿာလျှင်၈၀၀၀ကျပ် ဖြင့် ပေါက်စျေးရှိကြောင်းသိရသည်။


    ယခုအပတ်တွင် ကမ္ဘာစားအုန်ဆီစျေး အမြင့်စျေး တွင်ရှိနေပြီးစားအုန်းဆီ အဓိကတင်သွင်း နေသည့်

    မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့ မှ ပြည်ပတင်ပို့မှုခွင့်ပြုသည့်ပမာဏကို လျော့ချထားခြင်းကြောင့် တင်သွင်းသူများ မှ ပြည်တွင်း လက်လီ လက်ကား အရောင်းဆိုင်များ သို့ ဆီ အကန့်အသတ်ဖြင့်

    သာ ဖြန့်ဖြူ နေရ ခြင်း ကြောင့် ပြင်ပဆီစျေး မှာ အမြင့်စျေးတွင် ရှိနေခြင်း ဖြစ်ကြောင်း ဆီလုပ်ငန်း ရှင်

    တစ်ချို့ ထံမှ သိရသည်။


    “ ကုန်သည်တွေ လက်ထဲ ဆီလက်ကျန်နည်းနေလို့ ဈေး တက်နေတာ။ ဆီတင်သွင်းသူတွေက လက်လီလက်ကားရောင်း တဲ့ဆိုင်တွေ ကို ဆီ အလုံအလောက် ပြန်ရောင်းချ မပေးနိုင် ဘူး၊ ဝယ်ထားတာတွေကို ထုတ်ပေးတာနည်းတော့ ဆိုင်တွေ မှာ လက်ကျန်ရောင်းစရာ သိပ်မကျန်ကြဘူး ဖြစ်နေတယ်” ဟု မန္တလေးတိုင်းဒေသ ကြီး မှ ဆီလုပ်ငန်းရှင်တစ်ဦးကပြောထား သည်။


    ကော်မတီ အနေဖြင့် စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့ သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ် နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ၊ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်ကာ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများ အားအပတ်စဉ် ထုတ်ပြန်လျက်ရှိပြီးပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထား ခြင်းလည်းရှိသည်။


    “ ဝယ်ရောင်းတွေ လိုသလောက်ပဲ ဝယ်ရောင်း ဝယ်သူမရှိရင် ဈေးက ကျမှာပဲ ။ ချင့်ချိန် စဉ်းစားသင့်တယ်။ဈေးမြင့်တာကို ဝယ်ရောင်းသရွေ့ ကတော့ အရှုံ ပဲ ရှုံးမှာပါ ။ ဒါကြောင့် နယ်သမားတွေ အရောင်းရပ်တာ အကောင်းဆုံးပါ “ ဟု ဆီဝယ်ရောင်းတစ်ဦးကပြောသည်။


    ပြည်တွင်း ၌ စားအုန်းဆီ သုံးစွဲမူ တစ်နှစ် လျှင် တန်ချိန် ၁၀သိန်းကျော် အထိရှိ သောကြောင့် နှစ်စဥ် တန်ချိန် ၆သိန်း မှ၇သိန်ကြား အား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိက ထား၍ တင်သွင်းနေရကြောင်းသိရသည်။

    ဖိုးချဲ(AMIA)

    Exclusive Content For Htwet Toe - ထြက္တိုး

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes3comments0
views942