ငါးမျိုးစပ်ဆေးဖျော်နည်း
နွားသေး - ၁၀ လီတာ
နွားချေးအစို - ၆၀ ကျပ်သား
တမာရွက် - ၆၀ ကျပ်သား
လသာရွက် - ၆၀ ကျပ်သား
သြဇာရွက် - ၆၀ ကျပ်သား
ကြက်ဆူရွက် - ၆၀ ကျပ်သား
ပဒိုင်းရွက် - ၆၀ ကျပ်သား
ပြုလုပ်ပုံ
ပါဝင်သော အရွက် (၅)မျိုးလုံးအား နုတ်နုတ်စင်းပါ။ နွားသေးနှင့် နွားချေးတို့အား အရင်ထည့်၍ မီးဖိုပေါ်တင်ပါ။ပြီးနောက် စင်းထားသော အရွက် (၅) မျိုးအား ရော ထည့်ပြီး ကျိုရပါမည်။ ကျိုချက်ချိန်၌ အဖုံးကို ပိတ်ထားရပါမည်။ ကျိုချက်ချိန် နာရီဝက်ခန့် ကျိုရပါမည်။ ကျိုချက်ပြီးနောက် မီးဖိုပေါ်မှ ချကာ အအေးခံ ထား ရပါမည်။ ၎င်းနောက် ၂ ရက်ခန့် ထားပြီး အနည်ကျအောင် တိမ်ထားရပါမည်။
ပြီးလျှင် စစ်ကျရေကို သန့်စင်သော ဘူး၊ ပုလင်းများဖြင့် သိုလှောင် သိမ်းထား နိုင်ပါ သည်။ ၎င်းစစ်ကျရေများကို ၄ - ၆ လ အထိ သိုလှောင် သိမ်းထား နိုင် ပါသည်။
နှုန်းထား- တစ်ဧကလျှင် ၅-၆ လီတာ ကို ရေ ၂၀၀ လီတာနှင့် ရောပြီး ပက်ဖျန်း နိုင်ပါသည်။ သတိပြုရန်မှာ တစ်ပင်လုံး နှံ့စပ်စွာ စိုစွတ်နိုင်စေရန် ဇိမ်တည်၍ ဖျန်း ပေးရပါမည်။
မှတ်ချက် ။ ။ စုပ်စားပိုး အမျိုးအစားများနှင့် သီးလုံးဖောက်ပိုးများအတွက် အသုံး ပြုနိုင်ပါသည်။
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://download.htwettoe.com/