cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာ့ထောပတ်သီး တန် ၁၀၀၀ အိန္ဒိယသို့ တင်ပို့မည်

. Market Price
တင်ပို့သွားမှာကတော့ Hass မျိုး ထောပတ်သီးကို အဓိကထား တင်ပို့သွားမှာပါ’’လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
  • လာမယ့် ထောပတ်သီးရာသီမှာ အိန္ဒိယနိုင်ငံက ထောပတ်သီးတန်ချိန် (၁၀၀၀) ဝယ်ယူဖို့ ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO) ကနေ သိရှိရပါတယ်။

    မြန်မာ့ထွက်ကုန် ထောပတ်သီးတွေရဲ့ ရာသီချိန်က နိုဝင်ဘာလမှာ စတင်ထွက်ရှိပြီး လာမယ့်နှစ် ဖေဖော်ဝါရီလထိ ရာသီချိန်ဖြစ်လို့ ၂၀၂၃-၂၀၂၄ ခုနှစ်မှာ တင်ပို့ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။

    ‘‘အိန္ဒိယကို လာမယ့် ထောပတ်သီးရာသီမှာ တင်ပို့ရောင်းချသွားမှာပါ’’လို့ MAVO အသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    အိန္ဒိယသစ်သီးကုန်သည်တွေက မြန်မာ့ထောပတ်သီးကို ၂၀၁၉ ခုနှစ်မှ စတင်ကာ ရှမ်းပြည်နယ် တောင်ကြီးမြို့အထိ လာရောက်ဝယ်ယူခဲ့ကြပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ကလည်း အိန္ဒိယနိုင်ငံ သစ်သီးဝလံပြပွဲမှာ သွားရောက်ပြသခဲ့ပါတယ်။

    ‘‘မြန်မာ့ထောပတ်သီးကို ကြိုက်နှစ်သက်ကြပါတယ်။ ထောပတ်သီးတွေကတော့ အရည်အသွေးကောင်း ဆိုဒ်တွေ မှီဖို့ လိုပါတယ်။ တင်ပို့သွားမှာကတော့ Hass မျိုး ထောပတ်သီးကို အဓိကထား တင်ပို့သွားမှာပါ’’လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

    MAVO အနေနဲ့ အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းကနေ တင်ပို့ရောင်းသွားဖို့ စီစဉ်ထားကာ အာရှဈေးကွက်ကို အာရုံစိုက်ပြီး ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

    ‘‘ဥရောပနိုင်ငံတွေကလည်း ချိတ်ဆက်လာတာရှိပေမယ့် သယ်ယူစရိတ်ကြီးမြင့်လို့ အဲ့ဒီဘက်ဈေးကွက်ကို လက်လွှတ်ထားတယ်’’လို့ ဆိုပါတယ်။

    ချင်းပြည်နယ်ကလွဲပြီး ပြည်တွင်းမှာ ထောပတ်သီးစိုက်ဧက (၂၀၀၀၀) ခန့် ရှိပြီး တစ်ဧကကို ပို့ကုန်အရည်အသွေးမီ ထောပတ်သီးတန်ချိန် ၅၀၀၀ မှ ၁၀၀၀၀ ကြား ထွက်ရှိပါတယ်။

    သတင်း - BETV Business

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes6comments0
views731