cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မွေးမြူရေးချေးငွေ (အယ်အိုအယ်စီ မြန်မာ)

. Financial
အယ်အိုအယ်စီ မြန်မာ အသေးစားချေးငွေလုပ်ငန်းမှ (LOLC Myanmar Micro-Finance) မှ မွေးမြူရေးချေးငွေကို လျှောက်ထားပြီး ၅,၀၀၀,၀၀၀ ကျပ်အထိ ချေးငွေရယူနိုင်ပါသည်။
  • article
  • မွေးမြူရေးချေးငွေသည် မွေးမြူရေးသမားများ၏ အရင်းအနှီး လိုအပ်ချက်များနှင့် အခြားလိုအပ်ချက်များ ကိုက်ညီစေရန်၊ ကျေးလက်နှင့်မြို့ပြဒေသအနှံ့ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသော မွေးမြူရေးသမားများ၏ မွေးမြူရေးနှင့် လိုက်လျောညီထွေရှိသော ရွေးချယ်ခွင့်များအတွက် ၁၀၀% ထောက်ပံ့ပေးပါသည်။

    လက်ရှိတွင် LOLC Myanmar သည် ဝက်၊ ဆိတ်၊ သိုး မွေးမြူသူများအား စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းအဖြစ် မွေးမြူနိုင်ရန် မွေးမြူရေးချေးငွေ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။


    မွေးမြူရေးချေးငွေ အင်္ဂါရပ်များ

    LOLC Myanmar Micro-Finance မှ မွေးမြူရေးချေးငွေကို လျှောက်ထားပြီး ၅,၀၀၀,၀၀၀ ကျပ်အထိ ချေးငွေရယူနိုင်ပါသည်။

    • ချေးငွေပမာဏ - ၁၀၀,၀၀၀ ကျပ်မှ ၅,၀၀၀,၀၀၀ ကျပ်
    • ပြန်ဆပ်ကာလ - ၁၂ လ
    • နှစ်စဉ်အတိုးနှုန်း - တစ်နှစ်လျှင် ၂၈%
    • ငွေပေးချေမှုနည်းလမ်း - တစ်နှစ်လျှင် ၄ ကြိမ် (မူရင်း + အတိုး)



likes21comments7
views4725