cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးကန်အတွင်း ငါးသားပေါက်ထည့်သွင်းခြင်း

. Fish Technical Guideline
ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ။
  • ငါးမွေးတောင်သူများသည် မိမိကန်အတွင်း ငါးသားပေါက်ထည့်သွင်းရာတွင် ငါးသန်အရွယ်၊ ငါးဖျန်း အရွယ် ငါးသားပေါက်များကို ထည့်သွင်းကြပါသည်။ ငါးသန်အရွယ် ဆိုသည်မှာ လက်မဝက်မ ၂လက်မ အရွယ်ရှိ ငါးသားပေါက်များဖြစ်ပြီး၊ ငါးဖျန်းအရွယ် ဆိုသည်မှာ ငါးအလျှား ၃လက်မ မှ ၅လက်မ အရွယ်ထိ ငါးကို ဆိုလိုကြပါသည်။ အချို့သောတောင်သူများသည် ၈လက်မမှ ၁၀လက်မ အထိရှိသော ငါးဖျန်းများ ကို ထည့်သွင်းကြပါသည်။ ငါးသားပေါက်များကို သားပေါက်ထုတ်လုပ်သော စခန်းများမှ မိမိငါးကန်သို့ သယ်ယူ ပြီမှ ထည့်သွင်းရပါသည်၊


    ငါးသားပေါက်ထည့်သွင်းလာသောအိတ်များကို ကန်အတွင်း ၅မိနစ်မှ ၁၀မိနစ်အထိ ချထားပေးပါ။ ထို့နောက် ငါးအိတ်ကိုဖွင့်ပြီး ကန်အတွင်းမှ ရေကို အနည်းငယ်စီ တဖြည်းဖြည်း သွင်းပေးပါ။ ငါးအိတ်အတွင် ကန်အတွင်းမှရေ အတော်ဝင်ရောက်ပြီးမှသာ အိတ်အတွင်းမှ ငါးများကို ကန်အတွင်းသို့ လွှတ်ပေးပါ။

    ငါးသားပေါက်များကန်အတွင်းလွှတ်ရာတွင် မနက်ပိုင်း နှင့် ညနေပိုင်းတွင် လွှတ်ပေးရပါမည်။ မိုးရွာ နေသောအချိန်တွင် ကန်အတွင် ငါးသားပေါက်လွှတ်ခြင်းကို ရှောင်ရှားရပါမည်။ နေပူသောနေ့တွင် နေလည် အချိန်တွင် လည်းငါးသားပေါက်လွှတ်ခြင်းကိုမပြုလုပ်သင့်ပါ။ ငါးသားပေါက်လွှတ်ပြီးသည်နှင့် အစာကိုလည်း မကြွေးရပါ၊ နောက်တနေ့မှသာအစာကြွေးရပါမည်။

    ဦးဆန်းအောင် (ထွက်တိုး)


    ဖုန်းဘေကံစမ်းရန် လင့် https://htwettoe.com//content/44494


  • article
likes18comments4
views2818