cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

နေရာကျဉ်းအိမ်တွင်း ဟင်းသီးဟင်းရွက်စိုက်ခင်း တည်ထောင်ခြင်း

. Home Garden
၁။ ခရမ်းချဉ်အိုးဖြင့်စိုက်ပျိုးနည်း
  • ခရမ်းချဉ်သီးသည် ဟင်းသီးဟင်းရွက်များအနက် လူကြိုက်အများဆုံး နေ့စဉ်သုံး ဟင်းသီးဟင်းရွက်ဖြစ်ပြီး အိမ်တွင်းစိုက်ပျိုးရန် အသင့်တော်ဆုံး သီးနှံဖြစ်ပါသည်။ တိုင်ထောင်မျိုးနှင့် တိုင်လွတ်မျိုး ခရမ်းချဉ် အမျိုးအစား နှစ်မျိုးရှိပါသည်။  

    တိုင်ထောင်မျိုး (Indeterminate) 

    အပင်ကြီးထွားပုံမှာ အဖျားတွင် အညွန့်နှင့် အဆုံးသတ်လေ့ရှိသည်။ ပန်းခိုင်တစ်ခုနှင့် တစ်ခုကြားတွင် အဆစ် (၂) ဆစ်မှ အထက်ရှိသည်။ ပြုစုစောင့်ရှောက်မှု ကောင်းပါက တစ်နှစ်ခံပင်အဖြစ် စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရာတွင် တိုင်ထောင်၊ တန်းပစ်၊ ကြိုးချည်၊ အတက်ဖဲ့ခြင်း လုပ်ငန်းများမှန်မှန် ဆောင်ရွက်ရန် လိုအပ်ပါသည်။ 

    တိုင်လွတ်မျိုး (Determinate) 

    အပင်ကြီးထွားပုံမှာ အဖျားတွင် ပန်းခိုင်နှင့် အမြဲတန်းအဆုံးသတ်လေ့ ရှိသည်။ ပန်းခိုင်တစ်ခုနှင့် တစ်ခုကြားတွင် အဆစ် (၃) ဆစ်သာရှိသည်။ အိုးနှင့်စိုက်ပျိုးရန်အတွက် တိုင်လွတ်မျိုးက စိုက်ပျိုးရန် ပိုမိုသင့်တော်ပါသည်။  

    ရာသီဥတု 

    နွေးသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ နံနက်ပိုင်း အပူချိန်(၁၅)ဒီဂရီ စင်တီဂရိတ်တွင် ပန်းပွင့်မှု အကောင်းဆုံး ဖြစ်သည်။ ညဘက်တွင် အလွန်ခြောက်သွေ့ပူပြင်းပြီး အပူချိန်(၁၃)ဒီဂရီစင်တီဂရိတ်ထက် နိမ့်ကျလျှင်၎င်း၊ (၃၂)ဒီဂရီစင်တီဂရိတ်ထက် မြင့်လျှင်၎င်း၊ ခရမ်ချဉ်အပွင့်များ မျိုးမအောင် အသီးမတင်နိုင် ဖြစ်ရသည်။ ပူလွန်းခြင်း အေးလွန်းခြင်းစသည့် လွန်ကဲသောရာသီဥတု အခြေအနေမျိုးတွင် အပင်ကို သေစေနိုင်သည်။ ပျမ်းမျှအပူချိန် (၁၅-၁၈) ဒီဂရီစင်တီဂရိတ် ရရှိလျှင်အပင်ဖြစ်ထွန်းမှု အကောင်းဆုံးဖြစ်ပါသည်။ ခရမ်းချဉ်ကို မြေအမျိုးအစားများစွာတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ အသင့်တော်ဆုံးမှာ နုံးမြေနှင့်နုံးစနယ်မြေ ဖြစ်ပါသည်။ ရေဝပ်သောမြေကို လုံးဝရှောင်ကျဉ်ရမည်။ မြေအချဉ်အငံဓာတ်(၅.၅ - ၇.ဝ)တွင် အကောင်းဆုံးဖြစ်သည်။ မြေအချဉ်အငံဓာတ် (၅.၅)ထက်နိမ့်ကျပါက ထုံးထည့်၍စိုက်ပျိုးရန် လိုအပ်ပါသည်။  

    မြေဆီလွှာ 

    ပျိုးသက်(၃၀-၃၅)ရက်သား(သို့) ပျိုးပင်ရွက်မှန်အဆင့် (၆-၈)ရွက်တွင် စိုက်ခင်းသို့ ရွှေ့ပြောင်း စိုက်ပျိုးရသည်။ မွန်းလွဲပိုင်း နေပူရှိန် စတင်ကျဆင်းချိန်တွင် ကြိုတင် ရေလောင်းထားသော ပျိုးခင်းမှ ပျိုးပင်ကလေးများကို လက်ထိုး တူရွင်းဖြင့် အမြစ်မထိခိုက်စေရန် တူးယူပြီး အမြစ်ကို ပြောင်စင်အောင် ရေဆေးရမည်။ မစိုက်ပျိုးသေးသော ပျိုးပင်ငယ်များကို အရိပ်အောက်တွင် အမြစ်ရေနှစ်ကာ ထားရှိရန်လိုပါသည်။ 

    အပင်ပြုစုနည်း 

    ရွှေ့ပြောင်းစိုက်ပျိုးပြီး (၁၅)ရက်ခန့်အကြာ အပင်လှန်ချိန်တွင် ပထမအကြိမ် ခါးဆွ မြေတောင်မြှောက်ပေး၍ မြေသြဇာကျွေးရန် လိုအပ်ပါသည်။ ယင်းအချိန်တွင် မိမိစိုက်ပျိုးသော မျိုးပေါ်မူတည်၍ တိုင်ထောင်မျိုးဆိုပါက လိုအပ်သော အတက်ဖဲ့ပေးခြင်း၊ တိုင်ထောင်တန်းပစ်၊ ကြိုးချည်ပေးခြင်း ပြုလုပ်ရမည်။ 

    ခရမ်းချဉ် အတက်ဖဲ့နည်းမှာ ပထမဆုံး ထွက်ရှိလာသော ပန်းခိုင်အောက်ရှိ အရွက်ကြားမှ ပြူထွက်လာသော ဘေးတက်အား သီးကိုင်းအဖြစ် မွေးမြူချန်လှပ်ကာ ကျန်အောက်ဘက်ရှိ ဘေးတက် အားလုံးကိုဖဲ့ချွေပစ်ရန်လိုအပ်ပါသည်။ 

    စိုက်ပျိုးထားရှိသော ခရမ်းချဉ်ပင်အား ခရမ်းချဉ်သီးဈေးကွက် အခြေအနေအရ ၎င်း မျိုးစေ့ထုတ်လုပ်ရန် ရည်ရွယ်ထားရှိမှုအရ ၎င်းအပင်ပုံသွင်း ပြုစုနည်းကို (၃)မျိုးခွဲခြား ဆောင်ရွက်နိုင်သည်။ 

    ပင်စည်(၃)ကိုင်း ထားရှိခြင်း 

    တစ်ပင်နှင့်တစ်ပင်(၂)ပေခြား စိုက်ပျိုးလျှင် သင့်တော်ပါသည်။ အပင်လှန်ပြီး (၁၅)ရက်သားတွင် မူလပင်စည်မှ ထွက်လာသော ပန်းခိုင်အောက်မှ ကပ်လျက် ဘေးတက်အား ဒုတိယပင်စည်(သီးကိုင်း)အဖြစ် မွေးမြူရမည်။ ၎င်းအောက်ရှိ ဘေးတက်အားလုံး ဖဲ့ချွေပစ်ရပါမည်။ ပထမပင်စည်မှ ဖူးပွင့်လာသော ဒုတိယ ပန်းခိုင်အောက်ရှိ အရွက်ကြားမှ ထွက်လာသော ဘေးတက်နှင့် ဒုတိယပင်စည် (သီးကိုင်း)မှ ထွက်လာသော ပထမပန်းခိုင်အောက်မှ ကပ်လျက် တည်ရှိသည့် အရွက်ကြားမှ ထွက်လာသော ဘေးတက်(၂)ခုအား သန်စွမ်းကြီးထွားမှု နှိုင်းယှဉ်လေ့လာကာ ပိုမိုသန်စွမ်းသည့် ဘေးတက်ကို တတိယပင်စည် (သီးကိုင်း) အဖြစ် ဆက်လက်မွေးမြူချန်လှပ်ထားရှိရပါမည်။ 

    ပင်စည်(၃)ကိုင်းပေါ်တွင် ထွက်ရှိလာသော ဘေးတက်မှန်သမျှ အားလုံးချွေပစ်ခြင်းကို ပုံမှန်ဆောင်ရွက်ပေးရန် လိုပါသည်။ ပင်စည်(သီးကိုင်း) တစ်ခုစီပေါ်တွင် ပန်းခိုင်(၄-၅)ခိုင်စီ ထွက်ရှိပြီးပါက အဆိုပါ သီးကိုင်း(၃)ကိုင်းစလုံးအား ခေါင်ညွန့်နှိမ်ပေးရမည်။ 

    ပင်စည်(၂)ကိုင်းထားရှိခြင်း 

    အထက်ဖေါ်ပြပါ ပင်စည်(၃)ကိုင်း ထားရှိသည့် အပင်ပုံသွင်း ပြုစုနည်းစနစ်အတိုင်း ဆောင်ရွက်၍ ဒုတိယပင်စည်(သီးကိုင်း) ရရှိပြီးချိန်တွင် ပင်စည်(၂)ကိုင်းလုံးပေါ်ရှိ ထွက်ပြူလာသမျှသော ဘေးတက်များ အားလုံး ဖဲ့ချွေပစ်ရန် လိုအပ်ပါသည်။ ကိုင်းဖြတ်ပုံ သွင်းနည်းစနစ်သည် သီးနှံဈေးနှုန်း အေးချိန် ကျချိန်များတွင် သီးထွက်နောက်ကျ ထွက်စေရန် အချိန်ဆွဲ စိုက်ပျိုးနည်း စနစ်ဖြစ်ပါသည်။ 

    ပင်စည်ထီးထီးထားရှိခြင်း 

    ခရမ်းချဉ် ပျိုးပင်အား စိုက်ကွက်ထဲသို့ ရွှေ့ပြောင်းစိုက်ပျိုးပြီး အပင်လှန်ချိန်တွင် စတင်၍ မူလပင်စည်(Main stem)မှ ထွက်ပြူလာသော ဘေးတက်များအားလုံး ဖဲ့ချွေပစ်၍ ပင်စည်သီးကိုင်း တစ်ခုတည်းထားရှိ စိုက်ပျိုးသောစနစ် ဖြစ်ပါသည်။ ဤနည်းဖြင့် ခရမ်ချဉ်ပင်တန်း အကွာအဝေးကို (၂-၃)ပေထိ စိုက်ပျိုးသည့်အတွက် တစ်ဧကတွင် Main stem မှ ထွက်လာသော ပန်းခိုင်များကို သီးလာမည့် ခရမ်းချဉ် အရွယ်အစား ကြီးမားခြင်း၊ အရောင်အသွေး ပိုမိုစိုပြေတောက်ပခြင်း၊ စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ 

     

     



  • article
likes17comments0
views2327