cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

၂။ ကြက်ဟင်းခါးသီး အိုးဖြင့်စိုက်ပျိုးနည်

. Home Garden
ကြက်ဟင်းခါးအညွန့်ကို ပြုတ်တို့၍လည်းကောင်း၊ အသီးကိုအခွံခြစ်လှီး၍ ဆားနှင့်နယ်၊ အခါးရည် ညစ်ထုတ်ပြီး ပုစွန်၊ အသားမျိုးစုံနှင့်ကြော်၍ လည်းကောင်း၊ မျှစ်၊ ပဲပုစွန်တို့နှင့် ရောနှောချက်ပြု၍လည်း ကောင်း၊ အသီးကင်းများကိုပြုတ်၍ အတို့အမြုပ် အဖြစ်လည်းကောင်း စားသောက်ကြသည်။
  • ၂။ ကြက်ဟင်းခါးသီး အိုးဖြင့်စိုက်ပျိုးနည်း 

    ကြက်ဟင်းခါးအညွန့်ကို ပြုတ်တို့၍လည်းကောင်း၊ အသီးကိုအခွံခြစ်လှီး၍ ဆားနှင့်နယ်၊ အခါးရည် ညစ်ထုတ်ပြီး ပုစွန်၊ အသားမျိုးစုံနှင့်ကြော်၍ လည်းကောင်း၊ မျှစ်၊ ပဲပုစွန်တို့နှင့် ရောနှောချက်ပြု၍လည်း ကောင်း၊ အသီးကင်းများကိုပြုတ်၍ အတို့အမြုပ် အဖြစ်လည်းကောင်း စားသောက်ကြသည်။ 

    မျိုးရွေးချယ်ခြင်း 

    ဒေသမျိုးများသည် အသီးပုံစံအားဖြင့် အရှည်မျိုး၊ အပုမျိုး၊ အလုံးမျိုးဟူ၍ အမျိုးမျိုးရှိသည်။ အရောင် အားဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ အဖြူမျိုးဟူ၍ရှိပြီး များသောအားဖြင့် ခါးသောအရသာရှိသည်။ အလုံးသေးမျိုး သည် ဟင်းချက်ရာတွင် လေးသောအရသာရှိ၍ ကြိုက်နှစ်သက်ကြသည်။ အရှည် ၁၀ လက်မခန့်ရှိသော အဖြူရောင်၊ အစိမ်းရင့်မျိုးများကို တဖြည်းဖြည်း စိုက်ပျိုးလာကြသည်။ မျိုးအားလုံးသည် စိုက်ပြီးရက် ၅၀-၆၀ တွင် စတင်ခူးဆွတ်နိုင်သည်။ စိုက်ပျိုးခြင်း 

    တိုက်ရိုက် အစေ့ချနည်းကိုသာ သုံးကြသည်။ ကြက်ဟင်းခါးစေ့သည် အပင်ပေါက် ရာခိုင်နှုန်း ကျတတ်၍ မျိုးညှောင့်ဖောက်ပြီးမှ အစေ့ချသည်။  

    အပင်ပြုစုခြင်း 

    တိုက်ရိုက် အစေ့ချ စနစ်ဖြစ်၍ ပေါင်းမြက်ကို နိုင်အောင် နှိမ်နင်းပေးရန် လိုအပ်ပါသည်။ အပင်မပေါက်ခင်ကပင် ရေကိုဂရုတစိုက်လောင်း ရန်လိုအပ်ပြီး အပင်ငယ်စဉ်တွင် လိုအပ်ပါက နေ့စဉ် ရေလောင်းပေးရမည်။ အညွန့် ငါးပေခန့် ရောက်ချိန်တွင် လိုအပ်ပါက ရေသွင်းပေးရမည်။ ကြက်ဟင်းခါးသည် အပင်ငယ်စဉ်တွင် ဗူး၊ ဖရုံကျိုင်း ကျရောက်တတ်၍ ထိသေဆေးဖြင့် နှိမ်နင်းပါ။ အသီးကို သီးလုံးဖောက်ပိုးများ ကျရောက်တတ်၍ အလုံးကြီးမျိုးများကို စက္ကူအိတ်ဖြင့် စွတ်ပေးပါ။ ရွက်ခြောက်ရောဂါ ကျရောက်ပါက မှိုသတ်ဆေးများကို ကြိုတင်ကာကွယ် သုံးစွဲရပါမည်။ 

    ခူးဆွတ်ခြင်း၊ မျိုးစေ့ထုတ်ခြင်း 

     ကြက်ဟင်းခါးသီးကိုစားသုံးရန်အတွက် မနု၊ မရင့်အနေတော်ခူးသင့်သည်။ ရင့်လွန်းပါက အထားမခံ ဘဲ ဝါသွားတတ်သည်။ မျိုးစေ့ထုတ်ရန်အတွက် အပင်ပေါ်တွင် လုံးဝရင့်မှည့်သည်အထိ ဝါအောင်ထားပြီးမှ ခူးဆွတ်ရမည်။ ခူးဆွတ်ပြီးသောအသီးကို အရိပ်ထဲတွင် နှစ်ပတ်ခန့်ထားပြီး အသီးကိုလက်နှင့်ဖဲ့၍ အနီရောင် အစေ့အိမ်ထဲမှ အလွယ်တကူထုတ်ယူနိုင်သည်။ အစေ့ကိုရေသန့်သန့်ဖြင့် ၁၅ မိနစ်ခန့်သာဆေးပြီး ဆေးကြော စဉ်အတွင်း လက်ဝါးအတွင်း၌ထည့်၍ ညှစ်ပေးခြင်းဖြင့် အကျိအချွဲများကို သန့်စင်ပါ။နေရောင်အောက်တွင် နာရီဝက်နေလှန်းပါ။ နေလှန်းစဉ် ပြင်းထန်စွာ ပွတ်တိုက်ခြင်းမပြုပဲ ၁၅ မိနစ် တစ်ကြိမ်မွှေပေးပါ။ ထို့နောက် အရိပ်ထဲတွင် နှစ်ရက်ခန့် လေသလပ်ခံပြီး ခြောက်သွေ့သည့်အခါ ပုလင်းထဲတွင် သေချာစွာထည့်၍ သိုလှောင်ပါ။ 

     

     



  • article
likes13comments0
views2213