cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငရုတ်အထွက်နှုန်းတိုးစေရန် ဆောင်ရွက်ရမည့်အချက်မျာ

. Plant Nutrition
သဲနှုန်းမြေကို အလွန်ကြိုက်နှစ်သက်တာကြောင့် သဲနှုန်းမြေကို ‌ရွေးချယ်ဖို့ အဓိကထားစေချင်ပါသည်။ ဖလံဖြူတဲ့ပြဿာနာသည် အခြားအကြောင်းအရာပေါင်းများစွာကြောင့်လည်း ပါဝင်ပါသည်။ ဥပမာ-မှဲ့ပြောက်စွန်းရောဂါကြောင့်ဖလံဖြူတာ၊ကယ်စီယမ်ဓါတ်ချို့တဲ့မှုကြောင့် ၊ နေလောင်တာ စသည်ဖြင့် ထည့်သွင်းစဉ်းစားရမည့်အချက်တွေဖြစ်ပါသည်။
  • ၁။ရေမြေဒေသနှင့်ကိုက်ညီသောမျိုးများမှဖလံဖြူကင်းပြီးအရောင်လှပသည့်အသီးမှမျိုးစေ့ကိုရွေးချယ်၍စိုက်ပျိုးပါ။ 

    -သဲနှုန်းမြေကို အလွန်ကြိုက်နှစ်သက်တာကြောင့် သဲနှုန်းမြေကို ‌ရွေးချယ်ဖို့ အဓိကထားစေချင်ပါသည်။ ဖလံဖြူတဲ့ပြဿာနာသည် အခြားအကြောင်းအရာပေါင်းများစွာကြောင့်လည်း ပါဝင်ပါသည်။ ဥပမာ-မှဲ့ပြောက်စွန်းရောဂါကြောင့်ဖလံဖြူတာ၊ကယ်စီယမ်ဓါတ်ချို့တဲ့မှုကြောင့်  ၊ နေလောင်တာ စသည်ဖြင့် ထည့်သွင်းစဉ်းစားရမည့်အချက်တွေဖြစ်ပါသည်။  

    ၂။မြေကိုထယ်ရေးနက်နက်၊ညက်ညက်ထွန်ပြီးရေသွင်းရေထုတ်မြောင်းများစနစ်တကျဖော်၍ဆောင်ရွက်ပါ။ 

    -ထယ်ရေးသည် အင်မတန်မှ အသက်တမျှအရေးပါလှပါသည်။  ထို့အပြင် မစိုက်မီ သုံးလခန့်ကြိုတင်ထယ်ရေးဝင်ပြီး အပြန်ပြန်အလှန်လှန် ထွန်မွှေပေးနေခြင်းဖြင့် မြေဆောင်ရောဂါများကျရောက်မှု ပိုမိုသက်သာနိုင်ပါသည်။ ‌ရေထုတ်မြောင်းများ ပြင်မထားလိုက်မိလို့ ဒီနှစ်မှာ မိုခါမုန်တိုင်းနဲ့တိုးပြီး ဆုံးရှုံးခဲ့ရတဲ့ ငရုတ်ဧကများစွာ နှမြောစရာပါ။ ရေထုတ်မြောင်းများပြင်ဆင်ထားသော်လည်း ရေသွင်းပြီးမှ မိုးလိုက်ရွာလို့ ဆုံးရှုံးခဲ့ရတာတွေလည်း ရှိတတ်တာကြောင့် မိုးလေဝသခန့်မှန်းချက်များကို ထွက်တိုးမှ ရယူပြီး ရေသွင်းသင့် မသွင်းသင့် ဆုံးဖြတ်ပါခင်ဗျာ။ 

    တစ်ဧကလျှင်အပင်ပေါက်နှုန်းကောင်းမွန်သည့်မျိုးစေ့(၅၀‒၁၀၀)ဂရမ်နှုန်းအသုံးပြု၍ပျိုး ထောင်စိုက်ပျိုးပါ။ 

    -အာမခံချက်ပေးသည့် ကုမ္ပဏီများစွာ ရှိနေပြီဆိုတော့ အားတက်စရာပါ။ 

    ၄။ပင်ကြား၊တန်ကြား(၂'x၂')(သို့မဟုတ်)(၃'x၁.၅')အကွာအဝေးဖြင့်အပင်(၈၀၀၀မှ၁၀၀၀၀)ဝင်ဆံ့အောင်လေးကွက်ကြားစနစ်ဖြင့်စိုက်ပျိုးပါ။ 

    -အပင်ဦးရေပြည့်မီမှ လိုချင်တဲ့အထွက်နှုန်းရမှာမို့ ဒီအချက်ကိုတော့ မဖြစ်မနေလိုက်နာဖို့ တိုက်တွန်းလိုပါသည်။ တစ်ပင်လျှင် အမှည့်စို ၁ ပိဿာ နှုန်းထိ ထွက်ဖူးသည့် မြေပြင်သာဓကများလည်း ရှိထားပါသည်။ အပင်တစ်သောင်းဆို ငရုတ်အမှည့်စို ပိဿာတစ်သောင်း ဆိုတော့ အားရစရာကြီးပါ။ 

    ၅။တစ်ဧကလျှင်နွားချေးတစ်တင်းခွဲအိတ်(၅၀၀)အိတ်၊ယူးရီးယား(၅၀)ကီလိုအိတ်(၂)အိတ်၊တီစူပါ(၁)အိတ်၊ပိုတက်ရှ်(၁)အိတ်နှုန်းထည့်သွင်းပေးပါ။ 

    -ယခုခေတ် စပ်မျိုးတွေက မြေဩဇာအပေါ်တုံ့ပြန်မှု မြင့်မားကြပါတယ်၊ကျွေးရင်ကျွေးသလောက် ထွက်တဲ့မျိုးတွေပါ။ နောက်ပြီး နွားချေးထည့်ဖို့ကတော့ အပ္ပမာဒေန သမ္မာဒေထ ပါခင်ဗျာ။ လုံးဝကို မေ့လို့မရတဲ့ကိစ္စမို့ နွားချေးထည့်ဖို့ အထူးတိုက်တွန်းလိုပါသည်။ 

    ၆။ပျိုးသက်(၃၀‒၄၅)ရက်သားတွင်စိုက်ခင်းသို့ရွှေ့ပြောင်းစိုက်ပျိုးပါ။ရွှေ့ပြောင်းစိုက်ပြီးတစ်လအတွင်းကြားပေါင်းလိုက်ခြင်း၊ဘောင်တင်ခြင်းနှင့်အပင်ပြုပြင်ခြင်းကိုဆောင်ရွက်ပါ။ 

    -ပျိုးခင်းမှာ အပင် သိပ်ပြီးမဖြစ်လို့ ပျိုးသက်ကြီးအောင်စောင့်ပြီးမှ ရွှေ့ စိုက်တာ၊အပင်ငယ်ငယ်လေးကို ရွှေ့စိုက်ဖို့ ငရုတ်ပင်‌လေးဒါဏ်ခံပါ့မလားတွေ တွေးမနေစေချင်တော့ပါ။ ပျိုးသက်ကြီးမှ ရွှေ့စိုက်ရင် အပင်လှန်ဖို့ အလွန်နှေးပါသည်။ ပေါင်းမရှင်းရင်တော့ အထွက်နှုန်း က သိသိသာသာထိုးကြမှာပါခင်ဗျာ။ 

    ၇။ရွှေ့ပြောင်းစိုက်ပျိုးချိန်တွင်စိုက်ခင်း၌အစိုဓါတ်မပြတ်စေရန်အထူးဂရုပြုရပါမည်။အပင်လှန်ချိန်အထိအစိုဓါတ်မပြတ်စေရန်ပန်းစတင်ပွင့်ချိန်တွင်ရေသွင်းပေးခြင်းလုပ်ငန်းကိုအထူး ဆောင်ရွက်ပါ။ 

    မြ-ေကြီးအစိုဓါတ်ကို တစ်သတ်မတ်တည်း ထိန်းပေးထားခြင်းမျိုးဆို ပိုမိုကောင်းမွန်စေပါမည်။ 

    ၈။ပိုးမွှားရောဂါတွေ့လျှင်တွေ့ချင်းသင့်တော်သည့်ပိုးသတ်ဆေး၊မှိုသတ်ဆေးများကိုအညွှန်းပါအတိုင်းပက်ဖျန်းပါ။ 

    -လှေး၊ပျ၊ယင်ဖြူနဲ့ မွှားပင့်ကူနီ တို့ကြောင့် ငရုတ်စိုက်ခင်းများစွာ အဟောသိကံဖြစ်သွားခဲ့ရတာ မရေတွက်နိုင်အောင်ပါ။ ငရုတ်စစိုက်ပြီဆိုတာနဲ့ နီးစပ်ရာ စိုက်ပျိုးရေးပညာရှင်များနဲ့ အမြဲတိုင်ပင်ဆွေးနွေးနေပေးပါခင်ဗျာ။ 

    ၉။ငရုတ်ခြောက်အရည်အသွေးကောင်းရရှိစေရန်အတွက်ပန်းပွင့်ပြီး(၆‒၈)ပါတ်အကြာတွင် ကောင်းစွာရင့်မှည့်၍အနီရောင်သန်းသောငရုတ်သီးများကိုသာဆွတ်ခူးပါ။ 

    -အစိမ်းစိုခူးမယ့်တောင်သူကြီးများကတော့ အစိမ်းမှာတင်ခူးပေါ့၊ အမှည့်စိုသမားများအတွက်လည်း အသုံးဝင်လှပါတယ်၊ ငရုတ်ခြောက်ထိ ထားမယ့်တောင်သူကြီးများကတော့ အထူးလိုက်နာသင့်လှပါတယ်လို့ တိုက်တွန်းလိုပါသည်ခင်ဗျာ။ 

     

    ကိုးကား-စိုက်ပျိုးရေးဦးစီးဌာန 

     


  • article
likes18comments1
views2182