cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

သီးနှံတွေ အထွက်သေချာဖို့ ထယ်‌ရေးထွန်ရေး ဂရုစိုက်ကြပါစို့

. Crop News
ိချောင်းမင်းရေခင်းပြသလိုမျိုး ဖြစ်နေမှာ ကို လည်း စိုးရိမ်မိပါသည်။ သို့သော်လည်း ကျွန်တော်တို့တောင်သူဦးကြီးများ ကို သတိမေ့မနေရအောင် ရိုသေစွာ လက်တို့တဲ့အနေနဲ့ပါ။
  • ချောင်းမင်းရေခင်းပြသလိုမျိုး ဖြစ်နေမှာ ကို လည်း စိုးရိမ်မိပါသည်။ သို့သော်လည်း ကျွန်တော်တို့တောင်သူဦးကြီးများ ကို သတိမေ့မနေရအောင် ရိုသေစွာ လက်တို့တဲ့အနေနဲ့ပါ။ 

    ထယ်ရေးထွန်ရေး ဟာ အင်မတန်မှ အရေးကြီးတာကို ၊ တောင်သူစကားဝိုင်းများတွင်လည်း ကြိမ်ဖန်များစွာပြောကြားနေကြသည်ကို ကြုံဖူးပါသည်။ တချို့တောင်သူကြီးများဆို ထယ်ရေးသာကောင်းရင် ဘာလာလာဒေါင်းသည် ဆိုသည့်အတိုင်း သူတို့သီးနှံအထွက်အပေါ် ယုံကြည်မှုမြင့်မားကြပါသည်။ ထိုယုံကြည်မှုမှာ အင်မတန်မှ အဖိုးတန်လွန်းလှပါသည်။ 

    ထယ်ရေးကောင်းကောင်းနဲ့ စိုက်လိုက်ရလို့ကတော့လားကွာ....ဆိုတဲ့ ကြိမ်းဝါးသံတွေညံနေတတ်တာမျိုးကို ပြန်ကြားလိုပါသည်။ ထယ်ရေးထွန်ရေးကောင်းလို့ သီးနှံတွေလုပ်ရကိုင်ရ အဆင်ချောတဲ့အကြောင်းများ တောင်သူဦးကြီးများ သိထားပြီးသားတွေမို့.... 

    ထယ်ရေးမကောင်းလို့ အဆင်မချောစေတဲ့အကြောင်းကတော့ 

    မြေမှုန်လေးများကြားက လေဝင်လေထွက်နေရာများလျော့နည်းသွားပြီး 

    မြေကြီးထဲကို လေအဝင်အထွက်၊ရေစီးဆင်းမှု နှင့် အမြစ်ဖွံ့ဖြိုးမှုများကို ဟန့်တားနှောက်ယှက်ကာ အပင်ကြီးထွားမှု နဲ့ အထွက်နှုန်းကို လျော့ကျစေပါသည်။ 

    မြေအမျိုးအစားများအပေါ်မူတည်ပြီး ၊ မြေကြပ်သိပ်ခြင်းများ ကွဲလွဲနိုင်ပါသည်။ မြေကြပ်သိပ်မှု အဖြစ်နိုင်ဆုံးမြေအမျိုးအစားကတော့ ရွံ့စေးမြေ ဖြစ်ပါသည်။ 

    ထယ်ရေးကောင်းအောင် ဘယ်လိုလုပ်သင့်သလဲ။ 

    -မိရိုဖလာ ထယ်ရေးပြင်နည်းများ ပြန်လည်အသုံးပြုခြင်း 

    -မြေအစိုဓါတ် အနည်းငယ်လွန်ကဲနေချိန် ထွန်မဝင်မိအောင် ရှောင်ခြင်း 

    -ထယ်ရေးမဝင်မီ စက်တပ်ယာဉ်များ၊တိရစ္ဆာန်များ လွှတ်ကျောင်းခြင်းများရှောင်ခြင်း 

    -တာယာအရွယ်အစားမှန်သည့် ထွန်စက်များအသုံးပြုခြင်း 

    -နွားချေး၊သစ်ဆွေးမြေများစသည့်သဘာဝမြေဩဇာများထည့်သွင်းခြင်း 

    -ထယ်ရေးနက်နက်ထိုးခြင်း  

    စသည့်အချက်များတို့ကို ထယ်ရေးပြင်ရာတွင် လိုသလို သုံးလို့ရအောင် ဆော်ဩလိုက်ပါရစေခင်ဗျာ။ 


  • article
likes11comments1
views2354