နာနတ်သီး ဈေးကောင်းသော်လည်း ကုန်ကျစရိတ်မြင့်မားလို့ တောင်သူတွေ အရှုံးပေါ်
ရာသီပေါ် နာနတ်သီးတွေဟာ စတင်ပေါ်ထွက်ချိန်ကတည်းက ဈေးနှုန်းတွေမြင့်မားခဲ့ပေမယ့် စိုက်ပျိုးစရိတ်နဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ကြီးမားတာကြောင့် အရှုံးပေါ်တယ်လို့ သီးနှံစိုက်တောင်သူတွေက ပြောပါတယ်။
နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် အထွေထွေကုန်ဈေးနှုန်းတွေကြီးမြင့်ပြီး ကုန်ကျစရိတ်တွေ မြင့်တက်ခဲ့တဲ့အတွက် အရှုံးပေါ်ခဲ့တာပဲဖြစ်ပါတယ်။
“ဈေးသာကောင်းတာ။အမြတ်က မသေချာဘူး။နောက်ပြီး ကုန်သည်တွေကလည်း ဈေးနှိမ်တာတွေရှိတော့ ပိုဆိုးတာပေါ့” လို့ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်တွေက အများဆုံးထွက်ရှိတဲ့ ကုန်းသာနာနတ်သီးတွေဟာ ဈေးကွက်အခိုင်အမာရှိပေမယ့် ပြီးခဲ့တဲ့ Covid 19 ရောဂါ ဖြစ်ပွားမှုနဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ဈေးကွက်အနည်းငယ်ပျက်ယွင်းခဲ့ပြီး ၄ နှစ်ဆက်တိုက် အရှုံးပေါ်ခဲ့တယ်လို့ တောင်သူတွေက ဆိုပါတယ်။
လက်ရှိ လက်လီဈေးကွက်အတွင်းမှာ ကုန်းသာနာနတ်သီးတစ်လုံးကို ငွေကျပ် ၁၀၀၀ ကနေ ၂၀၀၀ ကြားရှိပေမယ့် ခြံဖြတ်ဈေးနှုန်းတွေကတော့ တစ်လုံးကို ပျမ်းမျှ ၃၀၀ ကနေ ၄၀၀ ကြားပဲရှိတယ်လို့ သိရပါတယ်။
မန်းအောင်
Photo Credit - Hom Oo
-------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


NewsFeed
Communities
Explore
Inbox
Me
Market Price