cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ရာဘာပင်အခေါက်ပုပ်(သို့)အမည်းစင်းရောဂါ

. Diseases
ရာဘာ အခေါက်ပုပ်ရောဂါဟာ Phytophthora palmivora, Phytophthora meadii လို့ခေါ်တဲ့ ရောဂါဖြစ်စေတဲ့သက်ရှိတွေကြောင့် ဖြစ်ရတာပါ။ အဆိုပါ သက်ရှိတွေ တိုက်ခိုက်ရင် ရာဘာပင်မှာ အခေါက်ပုပ်တာအပြင် ရာဘာရွက်များကြွေကျခြင်း၊ ရာဘာအသီးပုပ်ခြင်း စတာတွေလည်း ဖြစ်တတ်ပါတယ်။

  • ဒီနေ့မှာတော့ ရာဘာစိုက်တောင်သူဦးကြီးများအတွက် အရည်အသွေးကောင်းမွန်သောရာဘာစေးကို ရရှိရန် အနှောင့်အယှက်ပေးတတ်တဲ့ ရာဘာအခေါက်ပုပ်ရောဂါ(သို့) အနက်စင်းရောဂါအကြောင်းကို ပြောပြပေးသွား ပါမယ်။


    ရာဘာ အခေါက်ပုပ်ရောဂါဟာ Phytophthora palmivora, Phytophthora meadii လို့ခေါ်တဲ့ ရောဂါဖြစ်စေတဲ့သက်ရှိတွေကြောင့် ဖြစ်ရတာပါ။ အဆိုပါ သက်ရှိတွေ တိုက်ခိုက်ရင် ရာဘာပင်မှာ အခေါက်ပုပ်တာအပြင် ရာဘာရွက်များကြွေကျခြင်း၊ ရာဘာအသီးပုပ်ခြင်း စတာတွေလည်း ဖြစ်တတ်ပါတယ်။


    ရာဘာအခေါက်ပုပ်ရောဂါဟာဆိုရင် စိုစွတ်တဲ့ရာသီဥတုမှာဖြစ်ပွားလေ့ ရှိပါတယ်။ ရောဂါဖြစ်ပြီဆိုရင် ပထမဆုံးမြင်တွေ့ရမှာက ရာဘာအစေးခြစ်ဖို့ ခွါထားတဲ့ အခေါက်အောက်က ပင်စည်အလွှာမှာ ဒေါင်လိုက် အနက်ရောင်အစင်းကြောင်းတွေကိုပဲ ဖြစ်ပါတယ်။ အဲဒီ အနက်ရောင်အစင်းကြောင်းတွေဟာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီးတော့ ပင်စည်ရဲ့ အခေါက်မခွာရသေးတဲ့ အပိုင်းတွေကို ပြန့်သွားပါမယ်။


    တကယ်လို့များ အနက်ရောင်အစင်းကြောင်းတွေကို မကုသပဲထားလိုက်မယ်ဆိုရင် ပင်စည်တောက်လျှောက်အပြင် ကျောဘက်ပင်စည်ကိုလည်း ကူးသွားနိုင်ပါတယ်။ ၎င်းအနက်ရောင် အစင်းကြောင်းတွေဟာ ပင်စည်ပေါ်မှာ ညီညာမှုမရှိတဲ့အတွက် အစေးလှီးထုတ်တဲ့အချိန်တွေမှာ အခက်အခဲ ဖြစ်စေပါတယ်။ ဒါကြောင့် အနက်ရောင် အစင်းကြောင်းတွေကို တွေ့ပြီဆိုရင် အချိန်မှီ ကုသပေးဖို့လိုပါတယ်။


    အချိန်မှီ ကာကွယ်ကုသဖို့အတွက် ကတော့


     Metalaxy (မီတယ်လဆီ)၊ Fosety-AL(ဖော့စတိုင်အေအယ်လ်) စတဲ့ မှိုသတ်ဆေးတွေကို ပျစ်ပျစ်ဖျော်ပြီးတော့ ဒေါင်လိုက်အနက်ရောင်အစင်းကြောင်းများကို သုတ်လိမ်းပေးပါ။


     ရောဂါရပင်မှ အရွက်များနဲ့ ရောဂါရ ကိုင်းများကိုလည်း မီးရှို့ဖျက်ဆီးပစ်ပါ။


     ရောဂါလက္ခဏာစတွေ့ပြီဆိုတာနဲ့ ထရိုင်ကိုဒါးမားမှိုကို အရည်ဖျော်ပြီးတော့ တစ်ကြိမ်ကို (၁၀) ရက်ခြားပြီးတော့ (၃) ကြိမ်ဖျန်းပေးနိုင်ပါတယ်။


     အခြားဓါတုဆေးများ အနေနဲ့ကတော့ Dimethomorph(ဒိုင်မီသိုမော့ပ်)၊ Mancozeb(မန်ကိုဇက်) တို့ကိုလည်း သုံးပေးနိုင်ပါတယ်။


    ’ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းသည်’ ဆိုတဲ့စကားအတိုင်း ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ထားတာက ပိုပြီးတော့ တော်ရာကျပါလိမ့်မယ်။


    ရာဘာအခေါက်ပုပ်ခြင်းကို ဖြစ်စေတဲ့ သက်ရှိတွေဟာ ရာဘာပင်ရဲ့ အခေါက်ကို ထိုးဖောက်ပြီးတော့ မဝင်ရောက်နိုင်ပါဘူး။ ရာဘာပင်အစေးခြစ်တဲ့အချိန်ရတဲ့ ဒဏ်ရာနဲ့ အခြားသောထိခိုက်ဒဏ်ရာများကြောင့်ရတဲ့ ဒဏ်ရာတွေကနေသာ ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် ရာဘာအစေးခြစ်ထားတဲ့ ပင်စည်နေရာဟာ စိုစွတ်မနေဘဲ မြန်မြန်ခြောက်ဖို့ လိုအပ်ပါတယ်။


    ဒါဆို အောက်ပါနည်းလမ်းတွေက အရေးပါလာပါပြီ။


    (၁) ရောဂါဒဏ်ခံနိုင်သောမျိုးများကိုအသုံးပြုခြင်း၊


    (၂) မိမိရာဘာခင်းကို သင့်တော်တဲ့ ပင်ကြားတန်းကြားဖြင့်စိုက်ပျိုးခြင်း၊


    (၃) ရာဘာပင်နှင့် ရာဘာခင်းကို အမြဲသန့်ရှင်းအောင်ထားခြင်း၊


    (၄) ရာဘာခင်းကို လေဝင်လေထွက် ကောင်းအောင်ထားပေးခြင်း၊


    (၅) နေရောင်ခြည်ကောင်းမွန်စွာရရှိစေခြင်း စသော နည်းလမ်းများကို အခြေခံ၍ ရာဘာပင် အခေါက်ပုပ်ရောဂါ(သို့) အနက်စင်းရောဂါကို ကာကွယ်နိုင်ကြပါတယ်။




    Source- http://dl.nsf.ac.lk/.../1/8848/RRICQJ-48%281-2%29-125.pdf...

    Ye Min Han (Htwettoe)

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - bit.ly/fbhtwettoe 


  • article
likes6comments0
views1823