cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တရုတ်လိုင်းကုန်သည်များ အဝယ်ပြန်ရှိလာတာကြောင့်ပဲတီစိမ်း အရောင်းအဝယ်သွက်လာ

. Market Price
ပဲတီစိမ်း အရောင်းအဝယ်သွက်လာသော်လည်း ပို့ကုန်ပဲများ ဆက်လက်ဈေးအေးနေ
  • တရုတ်လိုင်းကုန်သည်များ အဝယ်ပြန်ရှိလာတာကြောင့် ပဲတီ စိမ်းအရောင်းအဝယ် သွက်လာ ကြောင်း ပဲနှမ်းကုန်သည်များထံ က သိရသည်။

    ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံမှာ အနည်းငယ်ဈေးပြန်မြင့်တက်လာ သော်လည်း အရောင်းအဝယ်ခပ် အေးအေးသာရှိနေကြောင်း တရုတ် လိုင်းသင်္ဘောတင်အတွက် အနည်း ငယ်အဝယ်ရှိလာတာကြောင့် နှမ်း မျိုးစုံဈေးကွက် အရောင်းအနည်း ငယ်သာရှိနေကြောင်း ပြည်တွင်း ဆီစက်ပိုင်များမှ လိုသလောက် သာ အဝယ်ရှိနေခြင်းကြောင့် မြေပဲဆီဆန် အနည်းငယ်ဈေးအေး နေသော်လည်း ပို့ကုန်အနီလုံးဆန် (ဝိုင်း)မှာ တစ်ပိဿာငွေကျပ် ၉၁၀၀ ပေါက်ဈေးရှိလာကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။

    `` ဆီစက်ပိုင်များ လိုသ လောက်သာ ဝယ်ယူမှုရှိနေတာလို့ မြေပဲဆန်ဈေးတန်းက ပုံမှန်သာရှိ နေပါတယ်။ အနီလုံးဆန်လည်း တရုတ်ဝယ်လက်ရပ်နားလို့ ဈေး ကျဆင်းနေပါတယ်။ နှမ်းမျိုးစုံ လည်း အနည်းငယ်သာ အဝယ် ရှိနေလို့ အရောင်းအဝယ်ဖြစ်နေ တာပါ။ ပဲတီစိမ်းကတော့ တရုတ် အဝယ်လက် ပြန်ဆုံနေလို့ ဈေး မတက်သော်လည်း အရောင်း အဝယ်ခပ်သွက်သွက်ရှိနေပါတယ်။ ပဲစင်းငုံ၊မတ်ပဲ ပို့ကုန်ပဲတွေ အကုန် လုံးကတော့ အရောင်းအဝယ် ခပ် အေးအေးသာ ရှိနေပါတယ်´´ဟု ၎င်းက ပြောသည်။

    ဇူလိုင် ၂၀ ရက် သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၁၉၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀ သာ ပေါက် ဈေးရှိတော့သည်။ တရုတ်ကုန် သည်များ အဝယ်ရပ်သွားသော ကြောင့် ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၁၇၅၀၀၀ ပေါက်ဈေးရှိတော့ သည်။

    ပဲနှမ်းဈေးကွက်တစ်ခုလုံး သီတင်းနှစ်ပတ်ခန့် ဆက်တိုက် ဈေးအေးနေသော်လည်း ပို့ကုန်ရ ငွေ ၅၀-၅၀ မူဝါဒပြောင်းလဲမှု ကြောင့် ပဲနှမ်းဈေးကွက်ပြန်လည် လှုပ်ရှားလာကြောင်း သိရသည်။

    ပြည်တွင်းသုံး ကုလားပဲအုပ်စု မှာ ဇူလိုင် ၂၀ရက်တွင် ဆက် လက်ဈေးကျဆင်းနေရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၅၂၀၀၀၊ V7တစ်အိတ်လျှင် ငွေကျပ် ၂၅၂၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၃၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀ ပေါက်ဈေး ဖြစ်နေသည်။

    ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၃၄၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ မြေပဲအနီလုံးဆန်(ဝိုင်း)တစ်ပိဿာ ငွေကျပ် ၉၁၀၀ ပေါက်ဈေးရှိ ကြောင်း သိရသည်။

    နှမ်းမျိုးစုံဈေးကွက်မှာ သိသိ သာ ဈေးကျဆင်းသွားရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ် လျှင်ငွေကျပ် ၃၇၀၀၀၀၊နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀၊ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

    ရွှေမန်း

    ဤဆောင်းပါးကို မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
7
comments
0
views
1849