cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်းက တစ်နှစ်ကို အုန်းသီးအလုံးရေ သန်း ၁၃၀ ခန့်ထွက်ရှိပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်များသို့ တင်ပို့ ရောင်းချနေ

. Market Price
ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် စတဲ့ အိမ်နီးချင်းနိုင်ငံတို့သို့လည်း အဓိက တင်ပို့ ရောင်းချ လျက်ရှိနေပါတယ်။
  • မြန်မာတစ်နိုင်ငံလုံးမှာ တစ်နှစ်လျှင် အုန်းသီးအလုံးရေ သန်း ၄၀၀ ကျော် ထွက်ရှိကာ ယင်းတို့အနက်ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အုန်းခြံများမှ အုန်းသီးအလုံးရေ သန်း ၁၃၀ ခန့် ထွက်ရှိနေတာဖြစ်ပြီး ပြည်တွင်း ဈေးကွက်အပြင် ပြည်ပ ဈေးကွက်များကိုပါ ချိတ်ဆက်တင်ပို့ ရောင်းချနေရတယ်လို့ မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဧရာကုန်သွယ်မှု ဗဟိုဌာနမှ သိရပါတယ်။

    ယင်းထွက်ရှိလာတဲ့ အုန်းသီးများကို ဒေသတွင်းစားသုံးမှု ၅၆ ရာခိုင်နှုန်းမျှရှိပြီး ကျန် ၄၄ ရာခိုင်နှုန်းကို ပြည်တွင်း အုန်းသီးထွက်ရှိမှု နည်းပါးတဲ့ တိုင်းဒေသကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနှင့် အခြားဒေသများထံ တင်ပို့ရောင်းချနေသလို ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် စတဲ့ အိမ်နီးချင်းနိုင်ငံတို့သို့လည်း အဓိက တင်ပို့ ရောင်းချ လျက်ရှိနေပါတယ်။

    " ဧရာဝတီကနေ အုန်းသီးထွက်ရှိမှုနည်းပါးတဲ့ တိုင်းဒေသကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး တို့ထံ တင်ပို့ ရောင်းချနေတာပါ။ အဓိကရန်ကုန်ပေါ့။ မန္တလေးကိုလည်း တင်ပို့ရောင်းချတာရှိသလို ဘင်္ဂလားဒေ့ရှ်ကလည်း တိုက်ရိုက်လာဝယ်တာတွေ ရှိပါတယ်" လို့ မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဧရာကုန်သွယ်မှု ဗဟိုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။

    အရည်သောက် အုန်းသီးလက်ကားဈေးအနေဖြင့် တစ်လုံးလျှင် ကျပ် ၆၀ဝ အထိ ရှိနေပြီး အုန်းသီးအရင့်ဆွဲ တစ်လုံးလျှင် ကျပ် ၈၀ဝ ခန့် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

    လက်ရှိ မြန်မာ့အုန်းသီးဈေးကွက်ဟာ ပြည်ပဝယ်ယူမှုအပြင် ပြည်တွင်းရှိ စားသုံးသူဈေးကွက်တွေ၊ မုန့်လုပ်ငန်း တွေ၊ အုန်းဆီစက်တွေ၊ အလှကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေက ဝယ်ယူမှုလည်း မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။

    ပြည်တွင်း၌ အုန်းပင်ကို ပင်လယ်ကမ်းရိုးတန်းဒေသများတွင် အများဆုံး စိုက်ပျိုးပြီး တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် တစ်နှစ်ထွက်ရှိသည့် အုန်းသီး အလုံးရေ သန်း ၄၀ဝ ကျော်၏ ၈၃ ရာခိုင်နှုန်းကျော်ကို ပြည်တွင်း၌စားသုံးလျက်ရှိကြောင်း မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းမှ သိရပါတယ်။

    မြန်မာနိုင်ငံမှထွက်ရှိသည့် အုန်းသီးများကို ပြည်ပနိုင်ငံများသို့ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အမေရိကန် ဒေါ်လာ ဝ ဒသမ ဝ၈၂ သန်းတန်ဖိုးရှိ အုန်းသီး ၂၀၆ တန် တင်ပို့နိုင်ခဲ့သည့်အပြင် ပြီးခဲ့ သည့် ၂၀၂၂ -၂၀၂၃ ဘဏ္ဏာ နှစ် ဧပြီလမှ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ ဝ ဒသမ ၁၂၈ သန်း တန်ဖိုးရှိ အုန်းသီး ၃၁၉ တန် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

    ဤသတင်းကို MFN မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes7comments1
views2603