ငရုတ်သီးများ လာမည့် စက်တင်ဘာလောက်တွင် ဈေးကောင်း ရနိုင်
မန္တလေးတိုင်းဒေသကြီးအတွင်း မှ ထွက်ရှိသော ငရုတ်သီးများမှာ လက်ရှိတွင် ဈေးကွက်အေးနေပြီး လာမည့် စက်တင်ဘာလလောက် တွင် ဈေးကောင်းရလာနိုင်ကြောင်း ဝမ်းတွင်းမှ ငရုတ်သီးပွဲရုံအချို့ က သုံးသပ်သည်။
ယခုနှစ်တွင် ငရုတ်သီးအထွက် နည်းပါးသည့်အပြင် အခြေအနေ အရပ်ရပ်ကြောင့် အရောင်းအဝယ် အေးနေသည်ဟုဆိုသည်။
`` ပြီးခဲ့တဲ့လတွေကလည်း ဒီအတိုင်းပဲ။ ဝယ်လက်နည်းလို့ ဈေးအေးနေတော့ ဈေးက ပုံမှန် ပဲရှိနေတယ်။ ငရုတ်သီးစိုက်တဲ့ သူတွေလည်း ရာသီဥတုကြောင့် ဒီနှစ်မှာ သုံးပုံတစ်ပုံလောက်ပဲ ထွက်တယ်။နောက် မိုးကောင်းမှ အထွက်နည်းနည်းပိုမှာပဲ´´ဟု သိန်းငရုတ်သီးပွဲရုံပိုင်ရှင်က ပြော သည်။
ငရုတ်သီးဈေးကွက်တွင် ၆၉၂ ငရုတ်အစိုဈေးမှာ တစ်ပိဿာ ငွေကျပ် ၄၀၀၀-၄၃၀၀ ဝန်းကျင် နှင့် ငရုတ်သီးခြောက်တစ်ပိဿာ ငွေကျပ် ၁၄၀၀ ဝန်းကျင်သာရှိ ကြောင်း၊လာမည့်စက်တင်ဘာတွင် ဈေးကွက် ကောင်းလာနိုင်ဖွယ်ရှိ သည်ဟု ခန့်မှန်းထားသည်။
`` ငရုတ်သီးခြောက်ကို အမှုန့်ဖြစ်အောင် လုပ်တဲ့အခါ လက်ရှိ ပေါက်ဈေးနဲ့ဆိုရင် အရော အနှောကင်းတဲ့ အမှုန့်ရောင်းသူ တွေ ဈေးမကိုက်ဘူး။ငရုတ်သီးမှုန့် စစ်စစ်ရဖို့ အတောင့်တစ်ပိဿာမှ ၇၈ ကျပ်သားပဲရတယ်´´ ဟု ငရုတ် သီးမှုန့် ထုတ်လုပ်သူတစ်ဦးက ပြောသည်။
ပြည်တွင်းမှ ငရုတ်သီးကို ထိုင်းနိုင်ငံသို့ အများအပြားတင်ပို့ ရောင်းချသော်လည်း ပြည်ပဝယ် လက် နည်းပါးသဖြင့် ပြည်တွင်း ဈေးကွက်တွင်လည်း ဈေးအေးနေ ကြောင်း၊ မန္တလေးတိုင်းဒေသကြီး တွင် မိတ္ထီလာ၊ မြင်းခြံ စသည့် ဒေသများတွင် စိုက်ပျိုးမှုများပြား ပြီး ယခုနှစ်တွင် ယခင်ထက် အထွက်နှုန်း ကျဆင်းကြောင်း သိရသည်။
ရွှေမန်း
ဤဆောင်းပါးကို မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။
----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/