cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မတူကွဲပြား မိုးစပါးနှင့် နွေစပါး အပိုင်း (၁)

. Planting
စပါးသီးနှံကို ရှေးယခင်က မိုးရာသီမှာသာစိုက်သည်။ အခုတော့ ၁၉၉၂-၉၃ ခုနှစ်က စလို့ နွေရာသီမှာပါ ကျယ်ကျယ်ပြန့်ပြန့်စိုက်လာသည်။ ယခုအခါ နိုင်ငံတစ်ဝန်း မိုးစပါးဧရိယာ ဧက ၁၅ သန်း ကျော်နှင့် နွေစပါးဧရိယာဧက ၂ ဒသမ ၇သန်းကျော် စိုက်ပျိုးကြောင်း သိရသည်။
  • စပါးသီးနှံကို ရှေးယခင်က မိုးရာသီမှာသာစိုက်သည်။ အခုတော့ ၁၉၉၂-၉၃ ခုနှစ်က စလို့ နွေရာသီမှာပါ ကျယ်ကျယ်ပြန့်ပြန့်စိုက်လာသည်။ ယခုအခါ နိုင်ငံတစ်ဝန်း မိုးစပါးဧရိယာ ဧက ၁၅ သန်း ကျော်နှင့် နွေစပါးဧရိယာဧက ၂ ဒသမ ၇သန်းကျော် စိုက်ပျိုးကြောင်း သိရသည်။ 

    ➤ မိုးစပါးနှင့် နွေစပါးအခေါ်အဝေါ် 

    အခေါ်အ‌ဝေါ်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းသိလိုသူများနှင့် ကြုံဖူးသည်။ “ ဘယ်အချိန်စိုက်တာကို မိုးစပါးလို့ခေါ်မှာလဲ၊ဘယ်အချိန်စိုက်တာကို နွေစပါးလို့ ခေါ်မှာလဲ”မှန်ပါသည်။ သတ်မှတ်ချက်တော့ရှိပါမည်။ မြန်မာနိုင်ငံမှာက ရာသီအနေဖြင့် 

    နွေ၊ မိုး၊ ဆောင်းဟူ၍ သုံးမျိုးရှိရာတွင် မိုးစပါးဆိုတာကတော့ ရှင်းသည်။ မိုးတွင်းကာလမှာစိုက်သောစပါးကို ခေါ်ဝေါ်နိုင်သည်။ နွေစပါးဆိုတာတော့ ပြောရခက်ပါသည်။ မိုးစပါးသည် မိုးရေကို အားကိုးစိုက်ပျိုးရသည်။ နွေစပါးသည် ဆည်ရေ(သို့မဟုတ်) မြစ်ရေ၊ ကန်ရေ၊ မြေအောက်ရေ စသည့် သွင်းရေတစ်မျိုးမျိုးဖြင့် စိုက်ပျိုးရတာ ကျွန်တော်သိထားသည်။ နွေစပါး စတင်စိုက်ပျိုးချိန် ရှေ့မီနောက်မီဝန်ထမ်းကြီးတစ်ဦးက ပြောပြတာကြားယောင်မိသည်။ “ မေလမှ စက်တင်ဘာလကုန်အထိစိုက်ပျိုးသော စပါးကို မိုးစပါး၊ အောက်တိုဘာလမှ ဧပြီလကုန်အထိ စိုက်ပျိုးသောစပါးကို နွေစပါးလို့ ခွဲခြားနိုင်ပါ 

    တယ်“ ယခုလည်း ဒီအတိုင်းခွဲခြားမည်လို့ ကျွန်တော်ယူဆမိပါသည်။ 

    ➤ တစ်ဧကစပါးအထွက် 

    တစ်ခါက ကျွန်တော့်မိတ်ဆွေ တောင်သူလယ်သမားကြီးတစ်ဦးက မေးဖူးသည်။ “ မိုးရာသီနဲ့ နွေရာသီ ဘယ်ရာသီမှာစိုက်တဲ့စပါးက အထွက်ပိုလဲ“ ဒါကတော့ လွယ်လွယ်နှင့်ဖြေလို့ ရသည့်မေးခွန်း ဖြစ်သည်။“ မိုးစပါးနှင့် နွေစပါးကို နှိုင်းယှဉ်ရင်နွေစပါးက အထွက်ပိုပါတယ် “ အထွက်ပိုရသည့် အဓိကအကြောင်းရင်းကိုပါ ကျွန်တော်ဆက်လက်ရှင်းပြသည်။ မိုးရာသီထက် နွေရာသီတွင် မိုးတိမ်ကင်းစင်သည်။ စပါးပင်အတွက် နေရောင်ခြည်စွမ်းအင် ပိုမိုရရှိသည်။ အပင်များသည် နေရောင်ခြည်စွမ်းအင်ဖြင့် အပင်အတွက် အစာချက်လုပ်ကာ ကြီးထွားဖွံ့ဖြိုးပွင့်သီးရသောကြောင့် စပါးအထွက်ပိုရခြင်း ဖြစ်ပါသည်။ 

    ➤ နွေစပါး၏ အသက်ရက် 

    လယ်သမားကြီးများ ဆက်လက်သိလိုတာ ရှိသေးသည်။ “ မိုးစပါးနဲ့ နွေစပါး သက်တမ်းအတိုအရှည် ဘယ်ဟာကပိုလဲ“လယ်သမားကြီးများသည် တစ်သီးစားမှ နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးနေပြီဖြစ်သည်။ နွေစပါးပြီးရင် 

    မိုးစပါးကို စိုက်လိုသည်။ သို့မဟုတ်မိုးဦးယာသီးနှံ တစ်မျိုးမျိုးကို မိုးစပါးမတိုင်မီ စိုက်လိုကြသည်။ ထို့ကြောင့် နွေစပါးစိုက်ရင် သက်တမ်းရှည်မှာလား၊ တိုမှာလား၊ မိုးစပါးလိုပဲလား သိလိုကြခြင်းဖြစ်ပါသည်။ အမေးရှိတော့ သိထားသမျှကို 

    ကျွန်တော်က ဖြေရပြန်ပါသည်။ “ ယေဘုယျအားဖြင့် နွေစပါးက မိုးစပါးထက် သက်တမ်းပိုရှည်ပါတယ်“ အကြောင်းရင်းကို ရှင်းပြရပါတော့သည်။ နွေစပါးသည် နိမ့်သောအပူချိန်တွင် ပင်ပိုင်းကြီးထွားမှုကို စတင်ရခြင်း၊ ဖြတ်သန်းရခြင်းကြောင့် 

    ပင် ဖြစ်သည်။ ရာသီဥတုအေးတော့ အပင်ကြီးထွားမှုကို ဟန့်တားခံရလို့ ဖြစ်နိုင်ပါသည်။ 

    သို့ဖြစ်၍ သက်တမ်းအလယ်အလတ်ရှိသော သို့မဟုတ် အသက်ကြီးသော စပါးမျိုးများကို စိုက်ပျိုးခြင်းမပြုသင့်လို့ ပြောရတာဖြစ်သည်။ မူရင်းသက်တမ်းထက် ပိုမိုအသက်ရှည်ခြင်းကြောင့် ရိတ်သိမ်းချိန်တွင် မိုးလှိုင်ချိန်နှင့် ကြုံတွေ့ကာ ထိခိုက်ပျက်စီးလေလွင့်ဆုံးရှုံးမှာစိုးရပါသည်။ 

    ➤ နွေရာသီမှာ စိုက်သင့်သည့် စပါးမျိုး 

    ဒေသ၊ ရေ၊ မြေ အလိုက် စိုက်ပျိုးနိုင်သော စပါးမျိုးများစွာရှိသည်။ အထွက်ကောင်းလိုသည်။ မိုးရာသီကတော့ စိုက်ပျိုးနေကျမိုလို့ ကိုယ့်ရေမြေ၊ ကိုယ့်ဒေသအတွက် ဘယ်စပါးမျိုးစိုက်သင့်သလဲဆိုတာ သိပြီးဖြစ်သည်။ နွေရာသီမှာ စိုက်ပျိုးမှာဆိုတော့ လယ်သမားကြီးများအနေဖြင့် စိုက်ပျိုးသင့်သည့် စပါးမျိုးကို ရွေးချယ်ရခက်လို့ သိလိုကြတာဖြစ်ပါမည်။ 

    “ ဘယ်စပါးမျိုးကို နွေရာသီမှာ စိုက် ပျိုးသင့်ပါသလဲ“ ဤနေရာတွင် အသိပေးလိုသည်မှာ စပါးမျိုးအုပ်စုကြီးနှစ်စုအကြောင်း ဖြစ်သည်။ ဒေသစပါးမျိုးအုပ်စုနှင့် အထွက်ကောင်းစပါးမျိုးအုပ်စုတို့ ဖြစ်ပါသည်။ ဒေသစပါး သို့မဟုတ် ရာသီစပါးသို့မဟုတ် ပန်းပွင့်ရက်ပုံသေရှိသော စပါးမျိုးများက အုပ်စုတစ်ခုဖြစ်သည်။ ဤအုပ်စုဝင် စပါးမျိုးများသည် အလင်းရောင်တုံ့ပြန်မှုရှိသော စပါးမျိုးများဖြစ်ကြပြီး မိုးရာသီတွင်သာ ဖြစ်ထွန်းပါသည်။ (ဥပမာ -အင်းမရဲဘော်၊ နှံကား၊ လုံးသွယ်မွှေး) အထွက်ကောင်းစပါး သို့မဟုတ် ခေတ်သစ်စပါးမျိုးတို့သည် အခြားအုပ်စုတစ်ခုဖြစ်ပြီး အလင်းရောင်တုံ့ပြန်မှုမရှိကြပေ။ သက်တမ်းအလိုက် သီးပွင့်ရင့်မှည့်ကြသည်။ မျိုးစေ့မြေချ စတင်ပျိုးထောင်စိုက်ပျိုးသည်မှ စပါးမျိုးအလိုက်အသက်ရက်စေ့လျှင် ရိတ်သိမ်းနိုင်သည်။ 


  • article
likes
13
comments
0
views
4117