cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အသီးပုပ်ကြွေပြဿနာ အဖြေရှာ

. Diseases
အသီးကင်းတွေတင်မက အသီးညှာတွေအထိ ညိုမည်းပြီး မှိုတွေစွဲနေတတ်ပါတယ်။ မှိုတွေကို ကြည့်လိုက်ရင်လည်း ဟင်းသိုးထမင်းသိုးတွေမှာတက်တဲ့ မှိုတွေလို ပွရောင်းရောင်း မီးခိုရောင်မှိုတွေကို တွေ့ရမှာဖြစ်ပါတယ်။ တစ်ခါတစ်လေ ပုတ်နေတဲ့အသီးကအမွှေးတွေထွတ်နေသလိုပါပဲ
  • ဖရဲ၊ သခွားမွှေး၊ ဘူးသီး၊ ပိန်းနှဲသီး ပဲတောင့်ရှည်သီး ပဲပုတ်သီးတောင့် ရုံးပလွေသီး ငရုပ်ပွသီး ခရမ်းသီး စသောအသီးပင်များမှာအသီးတွေဟာ မကြာခဏမဲပုပ်ပြီး ကြွေကျကာ အသီးမတင်တဲ့ ပြဿနာတွေ ကြုံရတတ်ပါတယ်။ ပဲတောင့်ရှည် အပါအဝင် အခြား ပဲတောင့်တွေမှာလည်းကျနိုင်ပေမယ့် မှိုအဖြူရောင် ကျိ့ချွဲချွဲ နဲ့ရောဂါတစ်မျိုးလည်းဖြစ်ပေါ်နိုင်ပါတယ် ယခုရောဂါက မှိုအမဲမီးခိုးရောင် အနက်ရောင်ပါ မရောထွေးစေလိုပါ ကာကွယ်နှိမ်နင်းနည်းတူနိုင်ပေမယ့် ဖျန်းရမယ့်ဆေးကွာအနဲငယ်နိုင်ပါတယ်။

    တကယ်တော့ ဒီပြဿနာဟာ မှိုဝင်တာကြောင့် ဖြစ်တာပဲ ဖြစ်ပါတယ်။ အသီးကင်းလေးတွေဟာ အရည်ရွှမ်းပြီး အစာအာဟာရ (Sucrose content) နဲ့ ပြည့်စုံနေပါတယ်။ ဒီအခြေအနေဟာ မှိုရောဂါတွေအတွက် အရမ်းကြိုက်တဲ့ အနေအထားဖြစ်ပါတယ်။ ပတ်ဝန်းကျင်စိုထိုင်းနေတဲ့အခါ မိုးရွာပြီးကာစ အနေအထားတွေ၊ ရေဖျန်းပြီးကာစအချိန်တွေမှာ ရောဂါဖြစ်စေတဲ့ မှိုတွေက သိပ်ကြိုက်တဲ့အတွက် လေထဲကနေ အသီးတွေကို အလွယ်တကူ ကူးစက်တိုက်ခိုက်ပါတယ်။

    ရောဂါလက္ခဏာ

    အသီးကင်းတွေတင်မက အသီးညှာတွေအထိ ညိုမည်းပြီး မှိုတွေစွဲနေတတ်ပါတယ်။ မှိုတွေကို ကြည့်လိုက်ရင်လည်း ဟင်းသိုးထမင်းသိုးတွေမှာတက်တဲ့ မှိုတွေလို ပွရောင်းရောင်း မီးခိုရောင်မှိုတွေကို တွေ့ရမှာဖြစ်ပါတယ်။ တစ်ခါတစ်လေ ပုတ်နေတဲ့အသီးကအမွှေးတွေထွတ်နေသလိုပါပဲ

    ရောဂါဖြစ်စေသောမှို

    Choanephora cucurbitarum, Rhizopus artocarpi

    ရောဂါကာကွယ်နှိမ်နင်းနည်း

    ၁။ အကယ်၍ အသီးတွေပုပ်မဲနေပြီ၊ မှိုစွဲနေပြီဆိုရင်တော့ ရောဂါကျအသီးတွေကို ဖယ်ရှားပစ်ပါ။ ကောင်းတဲ့အသီးတွေကို မကူးအောင်ဖြစ်ပါတယ်။

    ၂။ နိုက်ထရိုဂျင်ဓါတ်များသောမြေဆီ ဥပမာ - ပုလဲမြေသြဇာကို လျှော့ကျွေးပါ (သို့) နိုက်ထရိုဂျင်အချိုးနည်းတဲ့ မြေသြဇာကိုသာ ကျွေးပါ။ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် ပါဝင်သော မြေဆီများကို ပုံမှန်ထောက်ပံ့ပါ။ အသီးရဲ့တောင့်တင်းခိုင်မာမှုအတွက် ဖြစ်ပါသည်။

    ၃။ ရေဖျန်းတဲ့အခါမှာလည်း အသီးတွေကိုမစိုအောင် ဂရုစိုက်ပါ။ စွတ်စိုထိုင်းမှိုင်းတဲ့ ရာသီဥတုရှိလျှင် ရေတစ်ကြိမ်သာ ပမာဏနည်းနည်းဖြင့် အပင်ကိုပေးပါ။

    ၄။ အထိရောက်ဆုံးကတော့ မှိုသတ်ဆေးဖျန်းပါ။ ဥပမာ - Zineb, Mancozeb, Thiram, Copper hydroxide ထိသေမှိုဆေးများ Propiconazole, hexaconazole ပင်လုံးပြန့်မှိုဆေးများ ဈေးကွက်မှာဈေးအမည်က ထုတ်လုပ်တဲ့ကုန်မဏီအလိုက်ကွာပါတယ် ဒီ status ရဲ့ ပထမ comment မှာ ဈေးကွက်မှာရတဲ့ဆေးအမည်တွေကိုရေးပေးထားပါတယ် အလွယ်တကူမေးမြန်းဝယ်ယူနိုင်ပါတာ် မှတ်ချက် မည်သည့်ကုန်မဏီ ပစ္စည်းကိုမှ ငြေကြာလိုခြင်းမရှိသဖြင့်ဈေးကွက်အမည်ကိုမပြောထားဖြင်းဖြစ်ပါတယ် အဆိပ်ရှိပစ္စည်း a.i. ကိုသာပြောထားတာပါ။

    အရေးကြီးတာတစ်ခုရှိပါသေးတယ် မှိုသတ်ဆေးတွေက စားသုံးသူတွေကိုထိ့ခိုက်နိုင်တာကြောင့် ဆေးဖျန်းပြီးနောက် မခူးစွတ်ခင် PHI pre harvest interval ဆောင့်ဆိုင်းရမည့် ရက်ကိုတော့စောင့်ပြီးမှခူးပေးရပါမယ်။

    Ref; gardenwiki, seminis, Department of Plant Pathology,

    Vellayani, Compendium of soybean diseases, cabi


  • article
  • article
likes7comments1
views1752