cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ကော်ဖီကို ဇုန် ၃ ခုခွဲပြီး တိုးချဲ့စိုက်မည်

. Market Price
ကော်ဖီစိုက်ပျိုးနိုင်တဲ့ဧကရဲ့ ၆၀ ရာခိုင်နှုန်းလောက် စိုက်ပျိုးနေတယ်
  • မြန်မာနိုင်ငံအတွင်း ကော်ဖီစိုက်ဧကပေါင်း ၄၉,၀၀၀ ကျော်သာ ရှိသေးတဲ့အတွက် ဇုန် ၃ ခုခွဲပြီး ဧကသုံးသိန်း တိုးချဲ့စိုက်ပျိုးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနကနေ သိရပါတယ်။

    မြန်မာနိုင်ငံအတွင်းမှာ ရှမ်းပြည်နယ်က ကော်ဖီစိုက်ဧက ၂၇,၀၀၀ နဲ့ အများဆုံးစိုက်ပျိုးနေပြီး ကရင်ပြည်နယ်က ကော်ဖီ စိုက်ဧက ၁၀,၀၂၉ ဧကနဲ့ ဒုတိယအများဆုံးစိုက်ပျိုးကာ မန္တလေးတိုင်းဒေသကြီးက ကော်ဖီစိုက်ဧက ၅၀၀၀ ကျော်နဲ့ တတိယအများဆုံး စိုက်ပျိုးတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ မြန်မာနိုင်ငံအတွင်း ကော်ဖီစိုက်ပျိုးနိုင်တဲ့ဧကရဲ့ ၆၀ ရာခိုင်နှုန်းလောက် စိုက်ပျိုးနေတယ်လို့သိရပါတယ်။ ဒါ့အပြင် ကော်ဖီစိုက်ပျိုးလိုသူ တောင်သူတွေအနေနဲ့ မိမိတို့စိုက်ပျိုးမယ့် မြေအမျိုးအစားအလိုက် ဥပဒေနဲ့အညီ လျှောက်ထားနိုင်တယ်လို့လည်း သိရပါတယ်။

    သတင်း- One News Myanmar 

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes10comments1
views2026