cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဇူလိုင် ၂၈ မှ ဩဂုတ် ၃ ထိ တစ်ပါတ်စာမိုးလေဝသခန့်မှန်းချက်

. Weather News
ဇူလိုင်၂၈ မှ ဩဂုတ် ၃ ရက်နေ့ထိ ရာနှုန်းပြည့်နီးပါးမိုးရွာသွန်းနိုင်သဖြင့် စပါးစိုက်ခင်းအတွင်း ရေများနေခြင်းများ ဖြစ်ပွားနေနိုင်ပါသည်။
    • ယနေ့ မှစ၍ ဩဂုတ်(၁)ရက်နေ့ထိ ဟင်္သာတမြို့နယ်၊ မအူပင်မြို့နယ်နှင့် ပုသိမ်မြို့နယ် တို့တွင် ၉၅ရာခိုင်နှုန်းကျော် မိုးရွာနိူင်ပါသည်။
    • ဩဂုတ် ၂ရက်နှင့်၃ရက် နေ့များမှတော့ ဟင်္သာတမြို့နယ်၊ မအူပင်မြို့နယ်၊ ပုသိမ်မြို့နယ်နှင့် ဖျာပုံမြို့နယ်တို့တွင် မိုးရွာရန်ရာခိုင်နှုန်း ၇၀%နှင့်၆၅%သာ ရှိနိုင်ပါသည်။

    လပွတ္တာမြို့နယ်

    • ဇူလိုင် ၂၈နှင့်၂၉ တွင် မိုးရာရန် ၆၅ ရာခိုင်နှုန်းသာရှိပါမည်။ ဇူလိုင် ၃၀ မှ ဩဂုတ် ၃ ရက်နေ့ထိ မိုးရွာရန် ရာနှုန်းပြည့်နီးပါး ရှိနိုင်ပါသည်။

    မြောင်းမြမြို့နယ်

    • ယနေ့မိုးရွာရန် ရာနှုန်းပြည့်နီးပါးဖြစ်ပါသည်။ မနက်ဖြန်ဇူလိုင် ၂၉ နှင့် ၃၀ နေ့များမှာ ၇ဝ ရာခိုင်နှုန်းသာမိုးရွာနိုင်ပါသည်။ ဩဂုတ် ၁၊၂၊၃ နေ့များမှာ ရာနှုန်းပြည့်နီးပါးမိုးရွာနိုင်ပါသည်။

    ဖျာပုံမြို့နယ်

    • ယနေ့မှာတော့ ၅၅ ရာခိုင်နှုန်းသာ မိုးရွာနိုင်ပါသည်။ ဇူလိုင် ၂၉ မှ ဩဂုတ် ၁ အထိ ရာနှုန်းပြည့်နီးပါးမိုးရွာနိုင်ပါသည်။


    ထွက်တိုးမှစိုက်ပျိုးရေးအကြံပြုချက်များ

    1. ဇူလိုင်၂၈ မှ ဩဂုတ် ၃ ရက်နေ့ထိ ရာနှုန်းပြည့်နီးပါးမိုးရွာသွန်းနိုင်သဖြင့် စပါးစိုက်ခင်းအတွင်း ရေများနေခြင်းများ ဖြစ်ပွားနေနိုင်ပါသည်။
    2. စပါးပင်ပွားထွက်သည့် ကာလဖြစ်သည့် အတွက်ကြောင့် စပါးခင်းအတွင်း ရေများနေခြင်းက ပင်ပွားနှုန်းကို ထိခိုက်စေနိုင်တာကြောင့် ရေထုတ်မြောင်းများ ပြုလုပ်၍ ရေထုတ်နိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။
    3. ပုလဲမြေဩဇာတစ်မျိုးတည်းကျွေးခြင်းထက် အဟာရစုံပါဝင်သည့် ဓါတ်မြေဩဇာများနှင့်ပုလဲမြေဩဇာကို ရောကျွေးပါ။ ဓါတ်မြေဩဇာတစ်ချိုးကို သဘာဝမြေဩဇာ(နွားချေးဆွေး၊စပ်မြေ၊ကြံမြှပ်ချေး၊ဘိုကာရှီ စသည်ဖြင့်)သုံးချိုးဖြင့် ရောနှပ်၍ ကျွေးပေးနိုင်လျှင်အကောင်းဆုံးဖြစ်ပါသည်။
    4. စပါးပင်ပိုင်း ကြီးထွားသည့် အဆင့်တွင် ရွက်လိပ်ရွက်ကပ်ပိုး၊ ရွက်လိပ်အိမ်ပိုး၊ကျိုင်းကောင်များ နှင့် ဆစ်ပိုးများ ကျရောက်မှု ဖြစ်ပွားနိုင်ပါသည်။
    5. စပါးရွေးချယ်ပေါင်းသတ်ဆေး အသုံးပြုလျှင်လည်း စပါးခင်း ရေများနေချိန် အသုံးမပြုသင့်ပါ။
    6. သံဆိပ်သင့်ခြင်းကြောင့် စပါးနီတိုကျရောက်မှု ရှိမရှိ စစ်ဆေးရန် စပါး အမြစ်များကို နှုတ်ယူ နမ်းကြည့်ပြီး သံချေးနံ့နှင့် အမြစ်များမဲနေခြင်းရှိမရှိ စစ်ဆေးပါ။
    7. ဘတ်တီးရီးယားရွက်ဖျားခြောက်နှင့် ရွက်ညိုပြောက်ရောဂါ၊ စပါးဘတ်တီးရီးယားပင်စည်ပုပ်၊ရွက်ဖုံးပုပ်ရောဂါများ တို့ကိုလည်း ကြိုတင်ကာကွယ်ပါ။
    8. သွင်းအားစုများ ထည့်သွင်းခြင်းကိုရာသီဥတု အနေအထားကို မပြတ်စောင့်ကြည့်ပြီးမှသာ ချင့်ချိန်သုံးစွဲပါ။
    9. ထွက်တိုးတွင် နာရီအလိုက် မိုးလေဝသ ခန့်မှန်းချက်များကို ရယူနိုင်ပြီး အကြံပြုချက် ရယူလိုပါက ၀၉ ၉၇၇၉၁၀၀၀၀ ကို ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။
    10. မိုးရာသီဖြစ်သည့်အတွက် ကော်ရည်ကပ်ဆေးကို ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အားဆေး သုံးစွဲသည့်အခါ ထည့်သုံးပေးပါ။

    Source: CIAT

     


  • article
likes
9
comments
0
views
2335