cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အာလူးပင် အဟာရစားသုံးခြင်းအကြောင်း

. Cultivation Methods
-အာလူးပင်သည် အပင်ပေါက်ပြီး ၄၅ ရက်အထိ အဟာရ လိုအပ်မှု မြင့်မားသည်။

-၄၅ ရက် နောက်ပိုင်းမှသာ တဖြည်းဖြည်း လိုအပ်ချက် လျော့နည်းလာသည်။

- အပင်သက်တမ်း တစ်လျှောက် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ် နှင့် ဆာလ်ဖာ စုပ်ယူမှုသည် အာလူးဥစွယ် ထွက်ပေါ်ခြင်း (Tuber initiation)၊ အာလူး ကျူ ဘာဖြစ်ပေါ်ခြင်း (Tuberbulking)၊ အဆင့်တို့တွင် အဟာရ စုပ်ယူမှုနှုန်း မြင့်မားသည်။

-ထို့ကြောင့် မြေဩဇာ ထည့်သွင်းခြင်းအား အပင်သက်တမ်း ၆၀ ရက်သား မတိုင်မှီ အပြီးထည့်သွင်းရန် လိုအပ်ပါသည်။
  • -အာလူးပင်သည် အပင်ပေါက်ပြီး ၄၅ ရက်အထိ အဟာရ လိုအပ်မှု မြင့်မားသည်။  

    -၄၅ ရက် နောက်ပိုင်းမှသာ တဖြည်းဖြည်း လိုအပ်ချက် လျော့နည်းလာသည်။ 

    - အပင်သက်တမ်း တစ်လျှောက် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ် နှင့် ဆာလ်ဖာ စုပ်ယူမှုသည် အာလူးဥစွယ် ထွက်ပေါ်ခြင်း (Tuber initiation)၊ အာလူး ကျူ ဘာဖြစ်ပေါ်ခြင်း (Tuberbulking)၊ အဆင့်တို့တွင် အဟာရ စုပ်ယူမှုနှုန်း မြင့်မားသည်။ 

    -ထို့ကြောင့် မြေဩဇာ ထည့်သွင်းခြင်းအား အပင်သက်တမ်း ၆၀ ရက်သား မတိုင်မှီ အပြီးထည့်သွင်းရန် လိုအပ်ပါသည်။ 

    အာလူးခင်းအတွက် မြေဩဇာတွက်ချက်ခြင်း( မြေဩဇာတွက်ချက်ခြင်း ဆောင်ရွက်ပုံ အဆင့်ဆင့်) 

    ၁။ရှေ့ဦးစွာ ဓါတ်ခွဲခန်းရလဒ်အပေါ်အခြေခံ၍ မြေတွင်းရှိအဟာရ အခြေအနေနှင့် ထည့်သွင်းရန် လိုအပ်သည့် အဟာရများအား ဦးစွာသုံးသပ်ပါ။ 

    ၂။ ထို့နောက် မိမိလိုချင်သော မျှော်မှန်းအထွက်နှုန်း နှင့် စိုက်ပျိုးမည့် အာလူး အမျိုးအစား အပေါ်မူတည်၍ စံသတ်မှတ်ထားသော အဟာရ လိုအပ်ချက်ကို သတ်မှတ်ပါ။ 

    ၃။ ရရှိလာသော စံသတ်မှတ်ချက်အပေါ်အခြေခံ၍ အသုံးပြုမည့် မြေဩဇာ ရွေးချယ်၍ တွက်ချက်ပါ။ 

    နောက်ဆုံးတွင် မြေသြဇာကျွေးမည့် အကြိမ်ရေနှင့် တကြိမ်တွင် အသုံးပြုမည့် ပမာဏအား အိတ်/ကီလို/ပိဿာ ဖြင့် တွက်ချက်၍ စိုက်ခင်းတွင် ထည့်သွင်းရပါမည်။ 

    ရှေ့ဦးစွာ အာလူးစမ်းသပ်ကွက်၏ မြေရလဒ်အား ဥပမာ အနေဖြင့် သိရှိ နိုင်ရန်၊ အဆင့် (၁) တွင် ထည့်သွင်း စဉ်းစားသုံးသပ် နိုင်ရန်အတွက် အောက်ပါအတိုင်း လေ့လာသိရှိနိုင်ပါသည်။ 

    တောင်သူများ အနေဖြင့် မိမိစိုက်ပျိုးမည့် မြေအား ထိုကဲ့သို ဆောင်ရွက် နိုင်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။ 

    မြေဓါတ်ခွဲရလဒ်အပေါ်အခြေခံ၍ မြေ၏အခြေအနေအားသုံးသပ်ခြင်း 

    ဓါတ်မြေဩဇာထည့်သွင်းရန် သတ်မှတ်ချက်များ 

    အာလူး အထွက်နှုန်းများသည် စိုက်ပျိုးသည့် မျိုး၊ မြေအမျိုးအစား၊ မြေ ဓါတ်ခွဲ ရလဒ် အဖြေ ရာသီဥတုနှင့် စိုက်ပျိုးသည့် နေရာကို လိုက်၍ အပြောင်းအလဲ ရှိနိုင်သည်။ 

    ယေဘုယျအားဖြင့် စားအာလူး မျှော်မှန်းအထွက်နှုန်း တစ်ဧက ၁၂ တန် (၇,၃၅၆ ပိဿာ) ရရှိရန်အတွက် အောက်ဖော်ပြပါ မြေသြဇာ နှုန်းထားများ ထည့်သွင်းရန် လိုအပ်သည်။ 

    အဟာရဓါတ်အပေါ်အခြေခံ၍ တစ်ဧကအတွက် မြေဩဇာတွက်ချက်မှု ပမာဏ 

     -မျှော်မှန်းအထွက်နှုန်းအပေါ် မူတည်၍ ထည့်သွင်းရမည့် အဟာရများ ရရှိရန် အတွက် ပုလဲ၊ တီစူပါ၊ ပိုတက်ရှ် နှင့် ဆားခါး မြေဩဇာများကို အသုံးပြု သွားမည် ဆိုပါက အောက်ပါအတိုင်း ထည့်သွင်းရမည်ဖြစ်သည်။ 

     -အကယ်၍ အခြားမြေဩဇာများ ထည့်သွင်း အသုံးပြုလိုပါက အထက်ဖော်ပြပါ စံသတ်ချက် ဇယားအပေါ်မူတည်၍ လိုအပ်သည့် ပမာဏအား တွက်ချက် နိုင် ပါသည်။ 


    တွက်ချက်ပြီး မြေဩဇာ များကို မည်ကဲ့သို့ ထည့်သွင်းသင့်သနည်း။ 

     -မြေဩဇာ ထည့်သွင်းမှုသည် အပင်စိုက်ပျိုးသည့် မြေနှင့် စိုက်ပျိုးသည့်အချိန်ရှိ ရာသီဥတု အနေအထား ပေါ်မူတည်သည်။ 

    -အထူးသဖြင့် နိုက်ထရိုဂျင်ဓါတ်သည် တကြိမ်တခါတည်း ထည့်သွင်းပါက အလေ အလွင့် များသည့် အပြင် အခြား ပိုမွှားရောဂါ အန္တရာယ်ပါ ကျရောက် နိုင်သဖြင့် အထူးသတိပြု ထည့် သွင်းရန် အရေးကြီးပါသည်။ 

     -ထို့ကြောင့် မိုးနှောင်းအာလူးစိုက်ပျိုးသည့် ကာလ ရေရရှိရန် အကန့်အသတ် ဖြစ်ပါက နိုက်ထရိုဂျင်အား (၂) ကြိမ်ထည့်သွင်း ပေးရန် လိုအပ်သည်။ ပထမ အကြိမ် မြေခံတွင် စုစုပေါင်း ထည့်သွင်းရမည့် ပမာဏ၏ ၇၅ % အား ထည့်သွင်း ရမည်ဖြစ်ပြီး၊ အပင်ပေါက်ပြီး တစ်လခန့် အကြာတွင် စုစုပေါင်း ထည့်သွင်း ရမည့် ပမာဏ၏ ၂၅ % အား ထပ်မံဖြည့်သွင်းရမည် ဖြစ်သည်။ 

     -အကယ်၍ . မိုးတွင်းကာလ (သို့မဟုတ်) ရေသွင်းစိုက်ပျိုးမည် ဆိုပါက နိုက်ထရိုဂျင်ဓါတ်သည် မြေကြီးအတွင်း စိမ့်ဝင်၍ အလေ အလွင့် ဖြစ်ပေါ်နိုင်ခြေ ပိုမိုမြင့်မားပါသည်။ ထို့ကြောင့် အဆိုပါ ရေများသည့် ကာလများတွင် နိုက်ထရိုဂျင်ဓါတ် (ပုလဲ) အား (၃) ကြိမ် ထည့်သွင်း ပေးရန် လိုအပ်ပါသည်။ 

    - ပထမအကြိမ် မြေခံတွင် စုစုပေါင်း ထည့်သွင်းရမည့် ပမာဏ၏ ၅၀ % အား ထည့်သွင်းရမည်ဖြစ်ပြီး၊ အပင်ပေါက်ပြီး တစ်လခန့် အကြာတွင် စုစုပေါင်း ထည့်သွင်းရမည့် ပမာဏ၏ ၂၅ % အား ထပ်မံဖြည့်သွင်းရမည် ဖြစ်ပြီးကျန်ရှိသည့် ၂၅ % အား အပင် ပေါက်ပြီး နှစ်လခန့် အကြာတွင် ထပ်မံထည့်သွင်း ရမည်ဖြစ်သည်။ 

    Fresh Studio Myanmar/EAT VEG မှကူးယူဖော်ပြပါသည်။ 


  • article
  • article
  • article
  • article
  • article
  • article
  • article
likes7comments0
views2375