cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

Your Communities

All Communities

user profile image
What's on your mind?image
Back

ပြည်ပဝင်ငွေကောင်းလာသော မြေထောက်ပဲစိုက်ပျိုးနည်း

. Cultivation Methods
အစိုဓာတ် ထိန်းသိမ်းနိုင်ပြီး လေဝင်လေထွက် ကောင်းသော မြေဖြစ်ရမည်။ ချဉ်လွန်းခြင်း၊ ငန်လွန်းခြင်း မနှစ်သက်ပေ၊ ပူနွေးသော ရာသီဥတုကို နှစ်သက်သော်လည်း အပူချိန် မြင့်မားလျှင် အသီးဖြစ်ထွန်းမှုကို ထိခိုက်နိုင်သည်။ ပင်လယ်ရေမျက်နှာပြင်မှာ မီတာ (၂၅၀၀) အထိ စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံတွင် ဆောင်းသီးနှံ အဖြစ် စိုက်ပျိုးကြသဖြင့် မြေတွင်း အစိုဓာတ် ပြည့်မှီမှုရှိရန် အရေးကြီးသည်။
  • ရေမြေရာသီဥတု

    မြေပြုပြင်ပုံ

    ထယ် ၁ စပ်ထိုးပြီး စိုက်ထယ်ရေးရသည်အထိ ထွန် (၂) စပ်ခန့်မွှေ၍ ကြမ်းရိုက်မြေညှိပါ။

    စိုက်ပျိုးပုံ

    ပင်ထောင်မျိုးနှင့် နွယ်ပင်မျိုးဟူ၍ (၂) မျိုးရှိသည်။ နွယ်ပင်မျိုးစိုက်ပျိုးလျှင် နွယ်တက်နိုင်ရန် စိုက်ကျင်းဘေးတွင် ဝါး (သို့) သစ်ကိုင်းဖြင့် စိုက်ပျိုးရမည်။ မျိုးစေ့ကို (၁) လက်မ၊ (၂)လက်မ အနက်ထက် ပိုမချသင့်ပေ။ စိုက်ပျိုးမြေကို လိုက်၍ ပင်ကြား (၇) လက်မမှ (၁၆) လက်မအထိ စိုက်ပျိုးကြသည်။ ပန်းပွင့်ချိန်အထိ ပေါင်းမြက်ကင်းရန် ဂရုစိုက်ရမည်။

     ပိုးမွှားရောဂါ

    မှည့်ပြောက်စွန်းရောဂါ၊ သံချေးမှိုရောဂါ နှင့် အင်းဆက်ပိုများကျရောက်ဖျက်ဆီးတတ်သောကြောင့် အချိန်မီကာကွယ်ရန် လိုအပ်သည်။

    ခူးယူခြင်း

    အသီးများကို ခူးယူလိုပါက အသီးတောင့် အစိုအတွင်း အစေ့ပြည့်ဝစွာ မကြီးမီ အကြိမ်ကြိမ် ခူးယူနိုင်သည်။ အစေ့အခြောက်အဖြစ် ရယူပါက အသီးတောင့် အခွံများ အရောင်ပြောင်း ရင့်မှည့်သည်နှင့် တစ်ပြိုင်နက် ခူးယူရမည်။ ခူးယူချိန် နောက်ကျပါက သီးတောင့်များကွဲ၍ ဆုံးရှုံးမှုရှိနိုင်ပါသည်။

    အောင်ဝင်းထွဋ် ( ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်း ) စာအုပ်မှာ ကောက်နှုတ် တင်ပြထားပါသည်။

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share လုပ်ထားပါ။

    မြေထောက်ပဲ စိုက်ပျိုးနည်း၊ အခြား သီးနှံစိုက်ပျိုးနည်းများ အတွက်

    ထွက်တိုးကို Download လုပ်ပါ - https://l.htwettoe.com/v2

  • article
likes10comments0
views2514