ဈေးကွက်အေးနေသည့် ပဲနှမ်းဈေးကွက်၊အရောင်းအဝယ်ပြန်သွက်လာ
ဇူလိုင်လကုန်ပိုင်းတွင် ပဲနှမ်း ဈေးကွက်အတွင်း ပဲတီစိမ်း၊ မြေပဲ ဆန်နှင့် ပြည်တွင်းသုံး ကုလားပဲ အုပ်စုတို့ အရောင်းအဝယ် ပြန် ကောင်းလာကြောင်း ပဲနှမ်းကုန် သည်များထံက သိရသည်။
ဇူလိုင်လဆန်းပိုင်းကတည်း က အရောင်းအဝယ်အေးနေသည့် ပဲနှမ်းဈေးကွက်မှာ ယခုသီတင်း ပတ်တွင် ပြန်လည်အရောင်းအဝယ် ကောင်းလာကြောင်း သိရသည်။
ပြည်တွင်း စားအုန်းဆီ ရည်ညွှန်းဈေး မြင့်တက်လာတာ နဲ့အတူ ပဲဆီမှာလည်း လိုက်ပါ ဈေးမြင့်တက်လာရာ မြေပဲဆီဆန် နှင့် မြေပဲလုံးဆန်တို့မှာ အရောင်း အဝယ် ခပ်သွက်သွက် ဖြစ်လာ ကြောင်း ပို့ကုန်ပဲများအနေဖြင့် တရုတ်လိုင်းတင်ပို့သည့် ပဲတီစိမ်း မှာ အရောင်းအဝယ်ကောင်းလာပြီး အိန္ဒိယတင်ပို့သည့် မတ်ပဲဈေးမှာ လည်း ယခုသီတင်းပတ်အတွင်း အနည်းငယ်ပြန်လည်မြင့်တက် လာကြောင်း၊ ပြည်တွင်းလက်ကျန် နည်းလာသည့် ကုလားပဲအုပ်စုမှာ လည်း ဈေးမြင့်တက်လာသလို တရုတ်နိုင်ငံမှ တင်သွင်းသည့် ကနေဒါစားတော်ပဲမှာလည်း ငွေ ဈေးမြင့်တက်လာနဲ့အတူ လိုက်ပါ ဈေးမြင့်တက်လာကြောင်း ရွှေစင် သိန်းပွဲရုံမှ ဦးကျော်သွင်က ပြော သည်။
`` စားအုန်းဆီဈေး မြင့်တက် လာတာနဲ့အတူ မြေပဲဆန်ဈေး မတက်သော်လည်း ခပ်သွက်သွက် အရောင်းအဝယ်ဖြစ်လာပါတယ်။ ပြည်တွင်းသုံးကုလားပဲအုပ်စုလည်း အနည်းငယ် ဈေးမြင့်တက်လာ ပါတယ်။ ပို့ကုန်ပဲများအနေနဲ့ မတ်ပဲနှင့် ပဲတီစိမ်းဈေး ပြန်မြင့် တက်လာပါတယ်။ ဒါပေမယ့် ပဲစင်းငုံကတော့ ပြည်တွင်းလက် ကျန်နည်းလာလို့ အရောင်းအဝယ် အေးပြီး ဈေးကျဆင်းလာပါ တယ်´´ဟု ၎င်းက ပြောသည်။
ဇူလိုင် ၂၇ ရက် သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၂၅ç၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၉၀ç၀၀၀ သာ ပေါက် ဈေးရှိတော့သည်။ ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာတစ်အိတ် လျှင် ငွေကျပ် ၁၇၅ç၀၀၀ ပေါက် ဈေးရှိတော့သည်။
ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဇူလိုင် ၂၇ ရက်တွင် တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ဈေးပြန်မြင့်တက်ရာ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၅၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၇၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၃၀၀၀၊ ၉၂၉ ကုလားပဲ တစ် အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀ ပေါက်ဈေးဖြစ်နေသည်။
ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၃၄၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ မြေပဲအနီလုံးဆန်(ဝိုင်း)တစ်ပိဿာ ငွေကျပ် ၉၅၀၀ ပေါက်ဈေးရှိ ကြောင်း သိရသည်။
နှမ်းမျိုးစုံဈေးကွက်မှာ သိသိ သာသာ ဈေးပြန်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ် အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ နှမ်းနက်စမုံတစ်အိတ် လျှင် ငွေကျပ် ၃၄၅၀၀၀ ပေါက် ဈေးရှိကြောင်း သိရသည်။
ရွှေမန်း
ဤဆောင်းပါးကို မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။
-----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


NewsFeed
Communities
Explore
Inbox
Me
Market Price