cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ကြက်သွန်ဖြူ စိုက်ပျိုးနည်း

. Cultivation Methods
အပူအအေးသင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နေ့တာရှည်ခြင်းသည် ဥဖြစ်ပေါ်မှုကို အားပေးသည်။ အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် အသင့်တော်ဆုံးအပူချိန်မှာ ၁၈ ဒီဂရီစင်တီဂရိတ်မှ ၂၀ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး ဥမှအညှောင့်ပေါက်ရန် မြေတွင်းအပူချိန် ၂၂ ဒီဂရီ စင်တီဂရိတ်မှ ၂၃ ဒီဂရီစင်တီဂရိတ်လိုအပ်ပါသည်။ ကြက်သွန်ဥဖြစ်ပေါ်ရန် အပူချိန် ငါးဒီဂရီ စင်တီဂရိတ်မှ ၁၀ ဒီဂရီစင်တီဂရိတ်တွင် အနည်းဆုံးတစ်လမှ နှစ်လ ရှိရန် လိုအပ်ပါသည်။
  • အပူအအေးသင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နေ့တာရှည်ခြင်းသည် ဥဖြစ်ပေါ်မှုကို အားပေးသည်။ အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် အသင့်တော်ဆုံးအပူချိန်မှာ ၁၈ ဒီဂရီစင်တီဂရိတ်မှ ၂၀ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး ဥမှအညှောင့်ပေါက်ရန် မြေတွင်းအပူချိန် ၂၂ ဒီဂရီ စင်တီဂရိတ်မှ ၂၃ ဒီဂရီစင်တီဂရိတ်လိုအပ်ပါသည်။ ကြက်သွန်ဥဖြစ်ပေါ်ရန် အပူချိန် ငါးဒီဂရီ စင်တီဂရိတ်မှ ၁၀ ဒီဂရီစင်တီဂရိတ်တွင် အနည်းဆုံးတစ်လမှ နှစ်လ ရှိရန် လိုအပ်ပါသည်။

    မြေပြုပြင်ခြင်း

    ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်အောင်ထွန်ပြီး ကြမ်းတုံးရိုက်၍ ဘောင်ဖော်စိုက်ပျိုးလေ့ ရှိပါသည်။ မြေအချဉ်အငန် ၅ ဒသမ ၅ မှ ခြောက်ရှိ သောမြေကို ကြိုက်နှစ်သက်သည်။ ရေအလွန်လိုအပ်သော သီးနှံဖြစ်၍ အစိုဓာတ်ရှိပါက မြေအမျိုးအစားအများစုတွင် စိုက်ပျိုးနိုင်ပါသည်။

    မျိုးရွေးချယ်ခြင်း

    ရေမြေအလိုက် ကိုက်ညီမှုရှိသော ရွှေကျင်မျိုး၊ ရှမ်းတောင်မျိုးစသည်ဖြင့် ရွေးချယ်စိုက်ပျိုးပါ။ ရောဂါကင်းသောမျိုး၊ အမြွှာကြီးသောမျိုးများ ရွေးချယ်ပြီး တစ်ဧကလျှင် မျိုးနှုန်း ပိဿာ ၂၅၀ မှ ပိဿာ ၃၀၀ အသုံးပြုပါ။

    စိုက်ပျိုးခြင်း

    ထယ်ရေးကောင်းစွာပြင်ထားသော စိုက်ကွက်များတွင် ဘောင်အမြင့် ရှစ်လက်မ၊ အကျယ်သုံးပေခန့်ထား၍ ဘောင်ဖော် စိုက်ပျိုးလေ့ရှိပါသည်။ ပင်ကြား၊ တန်းကြား နှစ်လက်မ x လေးလက်မ၊ သို့မဟုတ် လေးလက်မမှ x လေးလက်မ အကွာအဝေးဖြင့် တစ်ဧကလျှင် ၂၅၀,၀၀၀ မှ ၂၇၀,၀၀၀ ပင် ဝင်ဆန့်အောင်စိုက်ပါ။

    ကြက်သွန်ဖြူစိုက်ရာတွင် ပေါင်းနှိမ်နင်းရန် အလွန်အရေးကြီးသဖြင့် လွိုင်ကော်ဒေသတွင် စိုက်ပျိုးသော နည်းမှာ ကြက်သွန်ဖြူအမြွှာများကို ဘောင်ထဲတွင် လေးပုံသုံးပုံခန့်သာ မြုပ်စိုက်ပြီး အပေါ်မှ ကောက်ရိုးကို ခြောက်လက်မခန့်မြင့်ထိ ညီညာစွာဖုံးပေးထားပါ။ ရေလောင်းလိုက်လျှင် ကောက်ရိုးအမြင့် သုံးလက်မခန့်သာ ကျန်ပြီး ကြက်သွန်ပင်များ တိုးထွက်လာနိုင်သည်။ ကောက်ရိုးကြောင့် ပေါင်းသက်သာပြီး အစိုဓာတ်ထိန်းနိုင်၍ ကောက်ရိုးများ ဆွေးသွားပါကလည်း မြေဆွေးဖြစ်သွားသည်။ စိုက်ပျိုးရာတွင် အမြွှာကြီးပါက ဥအမြွှာသေးပါက ဥတစ်လုံးဥသာရရှိတတ်သည်။

    မြေသြဇာထည့်သွင်းခြင်း

    တစ်ဧကလျှင် သဘာဝမြေသြဇာ ၁၀ တန်၊ ယူရီးယား နှစ်အိတ်၊ တီစူူပါ နှစ်အိတ်၊ ပိုတက်ရှ် တစ်အိတ်နှုန်း ထည့်ပါ။ သဘာဝမြေသြဇာ၊ တီစူပါနှင့် ပိုတက်ရှ်ကို မြေခံတွင်ထည့်၍ ယူရီးယားမြေသြဇာများကို ပေါင်းလိုက်ချိန်နှင့် ဥဆင်းချိန်တို့တွင် ထည့်ပါ။

    အပင်ပြုစုခြင်း

    ကြက်သွန်ဖြူ အောင်မြင်ဖြစ်ထွန်းရန်အတွက် ပေါင်းနှိမ်နင်းခြင်း လုပ်ငန်းသည် အထူးအရေးကြီးသည်။ စိုက်ပြီးတစ်ပတ်ကြာမှ အပင်နှစ်လသား အရွယ်ထိ တစ်ပတ်တစ်ကြိမ် ပေါင်းနှိမ်ပါ။ တစ်ပတ်လျှင် တစ်ကြိမ်ရေသွင်းပြီး ရာသီဥတုပူပြင်းပါက လေးရက်မှ ငါးရက်တစ်ကြိမ် ရေပေးသွင်းရမည်။ အပင် နှစ်လသား အပင်အမြင့် ၁ ဒသမ ၅ ပေရှိချိန်တွင် ရေသွင်းခြင်းကို လုံးဝရပ်ရပါမည်။ ပန်းမပွင့်မီ ကြက်သွန်ဖူးများကို မဖြစ်မနေချိုးပေးပါ။ စိုက်ခင်းတွင် အစိုဓာတ် လုံလောက်မှုရှိစေရန် အမြဲဂရုပြုပါ။ ကြက်သွန်ဖြူတွင် လှေးပိုး၊ ပျပိုးနှင့် တောက်တဲ့မြီးရောဂါတို့ ကျရောက်တတ်၍ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို လိုအပ်သလို ပက်ဖျန်းကာကွယ်ပါ။

    နုတ်သိမ်းခြင်း

    အပင်သက်တမ်း လေးလမှ ငါးလအကြာ ကြက်သွန်ဖြူပင်စည်နှင့် အရွက် ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း ဝါလာလျှင် အပင်ကိုလက်ဖြင့် ဆွဲနုတ်သိမ်းယူနိုင်သည်။ မျိုးထားရန်အတွက် အပင်လိုက် လက်တစ်ဆုပ်စာခန့် စည်း၍ ဝါးတန်းပေါ်တွင် အခြောက်ခံထားပါ။ နုတ်ယူပြီးအပင်များကို အမြိတ်များဖြတ်တောက်၍နေ နှစ်ရက်ခန့်လှမ်းထားပါ။ တစ်ဧကလျှင် ကြက်သွန်ဖြူ ပိဿာချိန် ၁,၅၀၀ မှ ၃,၀၀၀ ထိ ထွက်နိုင်ပါသည်။ ခြောက်သွေ့သည့်ကြက်သွန်ဖြူဥများကို ပလတ်စတစ်အိတ်ကြီးများဖြင့် ထုပ်ပိုးသယ်ပို့ရောင်းချနိုင်ပါသည်။

    ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)


  • article
likes13comments0
views2471