cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အောင်လံတွင် ပဲတီစိမ်း အဝယ်လိုက်ပြီး စျေးကောင်းရ

. Market Price
ရန်ကုန်နဲ့ မန္တလေး ဝယ်လက်တွေက တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို တင်ပို့ ကြတယ်လို့လည်း သိရပါတယ်။
  • မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့သီးနှံစျေးကွက်မှာ လတ်တလော ပဲတီစိမ်းသီးနှံတွေ လှိုင်လှိုင်ပေါ်နေပြီး ရန်ကုန်နဲ့ မန္တလေးက အဝယ်လိုက်တာနဲ့ ပွဲရုံလှောင် လက်သမားတွေ အဝယ်လိုက်တာကြောင့် စျေးကောင်း ရရှိနေတယ်လို့ သီးနှံပွဲရုံပိုင်ရှင်တွေဆီက သိရပါတယ်။

    အခုအခါ အောင်လံမြို့က သီးနှံပွဲရုံကုန်စည်ဒိုင်တွေကို ဆင်ပေါင်ဝဲ၊ သရက်နဲ့အောင်လံမြို့နယ်အတွင်း ကျေးရွာ တွေက ပဲတီစိမ်းသီးနှံတွေအများဆုံးဝင်ရောက်နေတာပါ။ ဆင်ပေါင်ဝဲမြို့နယ်ကျေးရွာတွေမှာ စိုက်ပျိုးတဲ့ ပဲတီ စိမ်းသီးနှံတွေက အသီးအပွင့်လိုက်ချိန် မိုးမရတဲ့အတွက် အထွက်နှုန်းတော့ လျော့နည်းတယ်လို့ ဆိုပါတယ်။

    ပဲတီစိမ်းပေါ်စက ပိဿာ ၂၀ ဝင် တစ်အိတ်ကို ကျပ် ၅၆,၀၀၀ စျေးရှိရာကနေ အခုကျပ် ၆၁,၅၀၀ အထိရရှိနေတာပါ။ အခုနှစ်အောင်လံပဲတီစိမ်းသီးနှံတွေက ခြောက်သွေ့ပြီး အရည်အသွေးကောင်းတဲ့အတွက် ရန်ကုန်နဲ့ မန္တလေးအပြင် နယ်ခံပွဲရုံလှောင်လက်တွေလည်း အဝယ်လိုက်တာကြောင့် စျေးကောင်းရနေတာဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ ပဲတီစိမ်းသီးနှံကို ရန်ကုန်နဲ့ မန္တလေး ဝယ်လက်တွေက တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို တင်ပို့ ကြတယ်လို့လည်း သိရပါတယ်။

    One News Myanmar မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
14
comments
0
views
3023