cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

စီးပွားဖြစ်ပန်းစိုက်ပျိုးနည်းမျာ

. Cultivation Methods
လီလီပန်းစိုက်နည်း
  • မြေအမျိုးအစား ရေစီးဆင်းမှုကောင်းမွန်သော pH ၅ - ၅.၆ အောက် ရှိသည့်မြေတွင် ကောင်းစွာဖြစ်ထွန်းသည်။ စိုစွတ်မှု ရှိရန် လိုအပ် သော်လည်း ရေဝပ်လို့မရပါ။ အရိပ်အနည်းငယ်လိုအပ်သည်။ စိုက်ပျိုးခြင်းအဆင့်ဆင့် မျိုးစေ့များနှင့် မျိုးဥများမှ စိုက်ပျိုးနိုင်သော်လည်း မျိုးဥ များမှသာ အဓိကထား စိုက်ပျိုးကြသည်။ စိုက်ပျိုးမည့်မျိုးဥ ရွေးချယ်ခြင်း ( Seed Selection Stage Bulbs ) မျိုးဥများကို စိုက်ပျိုးရန်အတွက် ရွေးချယ်ရာတွင် မျိုးဥအရွယ်အစားသည် အချင်း အနည်းဆုံး ၃ လက်မ ရှိရန် လိုအပ်သည်။ တူးဖော်ပြီးမျိုးဥများကို ချက်ချင်းစိုက်ပါ။

    မျိုးဥများတူးဖော်ပြီးပါက အပူချိန် (၁၀ - ၁၅) ဒီဂရီစင်တီဂရိတ် ၊ တိုက်ရိုက်နေရောင်ကျရောက်မှု မရှိသောနေရာတွင် ပလပ်စတစ်အိတ်ထဲထည့်ပြီး အိတ်အဝကိုဖွင့်၍ ထားပါ။ ပလပ်စတစ်အိတ်ဖွင့်ပြီး အပူချိန် ( ၀ - ၂ ) ဒီဂရီစင်တီဂရိတ် တွင် (၂) ပတ်အချိန်ကာအထိ သိုလှောင်နိုင်ပြီး ( ၂ - ၅) ဒီဂရီစင်တီဂရိတ် တွင် တစ်ပတ်သာ သိုလှောင်နိုင်သည်။ တူးဖော်ထားသည်မှာ ကြာမြင့်သော၊ အပူချိန်မြင့်မှာ သိမ်းထားတဲ့မျိုးဥ ၊ စနစ်တကျ သိုလှောင်ထားမှုမရှိသော မျိုးဥ များ ကို စိုက်ပျိုးခဲ့ပါက ပန်းပွင့်ရိုးတံတိုခြင်း နှင့် ပန်းပွင်အရေအတွက်နည်းခြင်းတို့ ဖြစ်စေမည်။ ဒီဇင်ဘာ ကဲ့သို့ အေးသောရာသီတွင် စိုက်ပျိုးပါက ၃ လက်မ အချင်းရှိသော မျိုးဥများကို စိုက်ပျိုး သင့်ပေမယ့် ဧပြီလကဲ့သို့ ပူသောရာသီမှာ စတင်စိုက်ပျိုးပါက အချင်း ၄ - ၅ လက်မ ရှိသော မျိုးဥများကို ရွေးချယ်စိုက်ပျိုးပါ။ စိုက်ပျိုးမည့် မျိုးဥများသည် ရောဂါကင်း လတ်ဆတ်ပြီး အမြစ်များ သန်မာရန် လိုအပ်သည်။ အပင် စိုက်ပျိုးမည့် စိုက်ဘောင်နှင့် စိုက်ကျင်းအနက်၊ အကွာအဝေးများကို စိုက်ပျိုးမည့် မျိုးဥ အရွယ်အစားပေါ် မူတည်ပြီး ရွေးချယ်ပါ။

    အမြစ်ကောင်းမွန်စွာကြီးထွားရန်အတွက် စိုက်ပျိုးမည့်မြေသည် ရောဂါကင်းရန် လိုအပ်သည်။ မှိုသတ်ဆေး တစ်မျိုးမျိုးကို စိုက်ဘောင်ပေါ်ဖြူး၍ အပေါ်ယံမြေဖြင့် ရောမွှေပါ။မျိုးဥပုပ်ခြင်းနှင့် မြေဆောင်မှိုရောဂါ ကြိုတင်ကာကွယ်နိုင်မည်။ စိုက်ဘောင်များတွင် အပင်ချမစိုက်မှီ ကောင်းစွာဆွေးမြေ့သော နွားချေး ၂ တန် နှုန်း ထည့်ပါ။ သတိပြုရန်မှာ မျိုးဥများချမစိုက်ခင် ပြင်ဆင်ထားသောစိုက်ဘောင်ကို ၆ နာရီ ကြိုတင်ရေလောင်းထားရန်ဖြစ်သည်။ မျိုးဥများ ချမစိုက်ခင် စိုက်မည့်မြေနေရာသည် အေးနေရန်လိုအပ်သည်။ မနက်ခင်း သို့ ညနေခင်းတွင် စိုက်သင့်သည်။ လီလီပန်းပင်သည် နေရောင်ကို ကြိုက်နှစ်သက်ပေမယ့် မျိုးဥများကတော့ အေးတဲ့ရာသီဥတုကို ကြိုက်သည်။ စိုက်ကျင်းအနက်ကို ၆ လက်မထိ တူးရန်လိုအပ်သည်။ စိုက်ကျင်းနက်နက်တူးခြင်းဖြင့် မျိုးဥများကို အပူမှ ကာကွယ် ရုံသာမက ပန်းပင်၏ ပင်စည်များကိုလည်း ပိုသန်မာစေပါသည်။ ပင်ကြား ၈ လက်မ အကွာထား၍ စိုက်ပျိုးပါ။

    နေရောင်အပြည့်အ၀ ရရှိဖို့လိုအပ်သည်။ တပတ်အတွင်း မိုးရေချိန် တစ်လက်မ အောက်သာ ရွာသွန်းရင် ရေလောင်းရန်လိုအပ်သည်။ လီလီအပင်ကို မြေကြီးစိုရွှဲတဲ့အထိ (အပင်အောက် ၆လက်မ အနက်ထိရေရောက်အောင်) ရေလောင်းခြင်းဖြင့် လီလီအပင် ကြီးထွားဖို့အတွက် အားပေး သည်။ မြေဖုံးခြင်း ( Giving Phase Mulch ) စိုက်ပြီးပြီးချင်း နှပ်စာ သို့ စပါးခွံ သို့ ရိုးဖြတ် တခုခုဖြင့်စိုက်ဘောင်အား ဖုံးအုပ်ပါ။ အပူများခြင်း၊ ခြောက်သွေ့ခြင်းမှ ကာကွယ်နိုင်သည်။ စိုက်ပျိုးသည့်အခါ မျိုးဥများကို အမြစ်များ ထိခိုက်မှုမရှိစေရန် အလွန် ဖိသိပ် စိုက်ပျိုးခြင်းမပြုရ။ အပူချိန်မြင့်လွန်းပါက ပန်းမျိုးဥများ ပျက်စီးနိုင်ပါသည်။ သတိပြုရန်မှာ အပင်ခြေဖုံးရန် အသုံးပြုသောမြေတွင် ပက်ကျိများ ကင်းစင်ရန်လိုအပ်သည်။ ပေါင်းနှိမ်နင်းခြင်း ပေါင်းသတ်ဆေးသုံးစွဲခြင်းသည် မျိုးဥ ကြီးထွားမှုကို ထိခိုက်နိုင်၍ မသုံးစွဲသင့်ပါ။ အညှောင့်ပေါက်ပြီးအပင်များ ကြားတွင် လက်ဖြင့် ကြားပေါင်းလိုက်ခြင်းကို အပင်စပေါက်လာချိန်တွင် ပြုလုပ်ပါ။ မြေသြဇာထည့်သွင်းခြင်း( Ferlilizer Stage ) အညှောင့်ပေါက် အမြစ်စတင်ထွက်သည့်အချိန် ၊ အပင်အမြစ်များ စတင်ကြီးထွားလာချိန်တွင် မြေသြဇာ ထည့်ရန် မလိုအပ်ပါ။ စိုက်ပျိုးသည့်ရက်မှစ ၃ ပတ် မြောက်၊ အမြစ်မြေတွင်စွဲသည့်အချိန်မှစ၍ ပိုတက်များသော ဓါတ်မြေသြဇာ အရည်ကို ၂ ပတ်တစ်ကြိမ် ဖြန်းပါ။

    အပင်အမြင့် တစ်ပေ ခန့်ရောက်လျှင် ယိုင်လဲမှုမရှိအောင် ပင်စည်ကို ထိန်းချည်ပေးပါ။ ပန်းပွင့်သောရာသီရောက်တဲ့အခါ ပန်းဖြတ်တဲ့အချိန် ပန်းပင်စည်ရဲ့ ၃ ပုံ ၁ ပုံ ကို ချန်ပြီး ပန်းကို ဖြတ်ပါ။ ထပ်ထွက်လာမည့်ပန်းခိုင်များကို ဆက်လက်ကြီးထွားစေသည်။ မြေကြီးထဲရှိ အဖူးများကို အဟာရဓါတ်ရောက်ရှိပြီး နောင်နှစ်တွင် ပန်းပွင့်ရန်အတွက် အထောက် အကူဖြစ်စေသည်။ ပန်းပင်ခြေတွင် မြေကြီးမှ အမြင့် ၅ လက်မ ထိ မြေဖုံးပေးခြင်းဖြင့် ပန်းဥများကို ပို၍ကြီးထွားစေသည်။ မိုးရွာပြီး ရေစီးဆင်းမှုညံ့သောနေရာများတွင် ယင်းကဲ့သို့ ပိုပြီးဂရုစိုက် ပြုလုပ်ပေးပါ။

     Credit: Unknown Source 


  • article
  • article
likes10comments0
views1314