cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာ့မျှစ်ခြောက်ကို ဂျပန်မှ နှစ်စဉ်တန်ချိန် ၂၀၀ ခန့်အမှာရှိပေမယ့် ကုန်ကြမ်းရှားပါးမှုကြောင့် ၇ တန်ခန့်သာ တင်ပို့ရောင်းချနိုင်

. All News
မြန်မာနိုင်ငံအနေနဲ့ မျှစ်ခြောက်များ ပြည်ပတင်ပို့နိုင်ဖို့ အလားအလာကောင်းများရှိနေပေမယ့် ကုန်ကြမ်း လိုအပ် ချက်ရှိနေတာဟာ သဘာဝ ဝါးစိုက်ခင်းများမှာသာ မှီခိုပြီး
  • ဂျပန်နိုင်ငံရဲ့ ဈေးကွက်လိုအပ်ချက်အရ မြန်မာ့မျှစ်ခြောက်များကို နှစ်စဉ် တန်ချိန် ၂၀၀ ခန့်တင်ပို့နိုင်ဖို့ အမှာရှိနေပေမယ့် ၇ တန်ခန့်သာ တင်ပို့ရောင်းချနိုင်တဲ့ အခြေအနေလို့ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊ မျှစ်လုပ်ငန်းအစုအဖွဲ့မှ သိရပါတယ်။

    အဲဒီလို မြန်မာ့မျှစ်ခြောက်များအား ဂျပန်နိုင်ငံရဲ့မှာယူမှုအပေါ် ရာနှုန်းပြည့် မတင်ပို့နိုင်တာဟာ ပြည်တွင်း ကုန်ကြမ်း ရှားပါးမှုတွေကြောင့်လို့လည်း မျှစ်လုပ်ငန်း အစုအဖွဲ့မှ အခုလို ပြောကြားထားပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ မျှစ်ခြောက်များ ပြည်ပတင်ပို့နိုင်ဖို့ အလားအလာကောင်းများရှိနေပေမယ့် ကုန်ကြမ်း လိုအပ် ချက်ရှိနေတာဟာ သဘာဝ ဝါးစိုက်ခင်းများမှာသာ မှီခိုပြီး မိရိုးဖလာ စားသုံးမှုအရ မျှစ်အစိုကို ပုံစံမျိုးစုံနဲ့ ခူးဆွတ်ရောင်းချနေတာ၊ မျှစ်ချိုးယူတဲ့ နည်းစနစ်တွေမှာလည်း စနစ်တကျမရှိတာနဲ့ တစ်နိုင်တစ်ပိုင် ဝါးစိုက်ခင်း များ ဖော်ဆောင်ဖို့ လိုအပ်လျက်ရှိနေတာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

    "အဓိက ပို့နေတာ ဂျပန်နိုင်ငံပါ။ ဂျပန်က နှစ်စဉ်နှစ်တိုင်း မှာယူနေတာ တန် ၂၀၀ လောက်ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ ကုန်ကြမ်းမလောက်တဲ့ ပြဿနာပေါ့နော်။ အဲဒီအတွက် သူတို့ လိုသလောက်မပို့နိုင်ဘူးဖြစ်နေတယ်။ အများဆုံး ၇ တန်ထိပဲ ပို့ပေးနိုင်တယ်။ သဘာဝဝါးတောကိုပဲ မှီခိုနေရတယ်။ ဝါးစိုက်ခင်းဘက်ကို သေသေချာချာမသွားနိုင်သေးဘူး။ စိုက်ခင်းတွေဖော်ဆောင်ဖို့ ကြိုးစားနေသေးတဲ့ အခြေအနေပါ။ အများကြီး မလုပ်နိုင်သေးဘူး။ ဒီအခြေအနေကြောင့် မျှစ်က လိုသလောက်မရသေးတာဖြစ်ပါတယ်"လို့ အထက်ပါအသင်းရဲ့ တာဝန်ရှိသူတစ်ဦးမှ ဆိုပါတယ်။

    မျှစ်များသည် ဩဂုတ်လလယ်မှ အောက်တိုဘာ လကုန်(ဝါခေါင်လမှ သီတင်းကျွတ်လဆုတ်) အထိ ထွက်ရှိပြီး မျှစ်အဖြစ် တူးယူနိုင်သည့် ဝါး အမျိုးအစား များမှာ ကျသောင်းဝါး၊ ကြခတ်ဝါး၊ ထီးရိုးဝါး၊ ဝါးနီ၊ မျှင်ဝါး၊ ဝါးကြီး၊ ဝါးဘိုးကြီး၊ ဝါးဘိုးမျက်ဆံကျယ်၊ ဝါးနက်၊ သိုက်ဝါး အစရှိသည့် ဝါးများဖြစ်တယ်လို့ သိရပါတယ်။

    မျှစ်စိမ်းများအား တောင်သူများမှ သွားရောက်ချိုးယူကာ ရလာသည့် မျှစ်စိမ်းများကို ပြုတ်ပြီး နေပူလှမ်း အခြောက်ခံခြင်းဖြင့် မျှစ်ခြောက်ရနိုင်တယ်လို့ သိရပါတယ်။

    လက်ရှိမှာ မြန်မာ့ မျှစ်ခြောက်များအတွက် ဂျပန်ဈေးကွက်ရရှိဖို့ စမ်းသပ်ကာလအဖြစ် ၂ နှစ်မျှ အချိန်ယူခဲ့ရပြီး ယင်းနိုင်ငံရဲ့ နည်းပညာအကူအညီနဲ့ လိုအပ်တဲ့ စံချိန်စံညွှန်းများအတိုင်းသာ တင်ပို့နေရတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

    MFN မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes11comments0
views2093