cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဓာတ်မြေဩဇာများ ဈေးသက်သာစွာ ရောင်းပေးမည်

. Market Price
ရောင်းချပေးမယ့် ဓာတ်မြေဩဇာ တွေကတော့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့က ထုတ်လုပ်တဲ့ ယူရီးယား ဓာတ်မြေဩဇာတွေဖြစ်ပြီး တန်ချိန် ငါးထောင်ကျော် ရောင်းချပေးသွားမှာပါ။
  • ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းသင့်တောင်သူတွေအတွက် ဓာတ်မြေဩဇာတွေကို ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးသွားမယ်လို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။ ရောင်းချပေးမယ့် ဓာတ်မြေဩဇာ တွေကတော့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့က ထုတ်လုပ်တဲ့ ယူရီးယား ဓာတ်မြေဩဇာတွေဖြစ်ပြီး တန်ချိန် ငါးထောင်ကျော် ရောင်းချပေးသွားမှာပါ။ 

    ဓာတ်မြေဩဇာအိတ်တွေကို တောင်သူတွေဆီ အချိန်မီရောက်ရှိနိုင်ရေးအတွက်လည်း ပြည်နယ်အစိုးရအဖွဲနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဓာတ်မြေဩဇာတွေကို ရောင်းချပေးရာမှာ မျိုးစေ့ထုတ်စိုက်ကွက် တွေ၊ စံပြစိုက်ကွက်တွေစိုက်ပျိုးတဲ့ တောင်သူတွေကို ဦးစားပေး ဖြန့်ဝေသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်စိုက်ပျိုး ရေးဦးစီးဌာနက ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က ပြောပါတယ်။

    လက်ရှိမှာ တောင်သူတွေအနေနဲ့ ဓာတ်မြေဩဇာတွေကို ပြင်ပကဝယ်ယူနေရပြီး တစ်အိတ်ကို ငွေကျပ် တစ်သိန်း ခွဲအထိ ဈေးမြင့်တက်နေတဲ့အတွက် အများစုက မဝယ်နိုင်ကြဘူးလို့ တောင်သူတွေက ပြောပါတယ်။ အခုရောင်း ပေးမယ့် ဓာတ်မြေဩဇာတွေက အခြေခံဈေးအဖြစ် တစ်အိတ်ကို ကျပ်သုံးသောင်းနှုန်း သတ်မှတ်ထားပြီး မြို့နယ် အလိုက် သယ်ယူစရိတ်တွေ ကွာခြားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

    ရခိုင်ပြည်နယ်အတွင်းမှာ စိုက်ပျိုးဧက ၁၂ သိန်းခွဲကျော်ရှိပေမယ့် လုပ်သားရှားပါးမှု၊ စက်သုံးဆီဈေးနှုန်း မြင့်တက် လာမှုတွေနဲ့ ဓာတ်မြေဩဇာဈေးနှုန်း မြင့်တက်လာမှုတွေကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေ တဖြည်းဖြည်း နည်းလာကြပြီလို့ တောင်သူတွေက ပြောပါတယ်။

    ဒါ့အပြင် မိုခါမုန်တိုင်းကြောင့် ကျွဲနွားတိရစ္ဆာန်တွေ သေဆုံးခဲ့ရတာ၊ နေအိမ်တွေ ပျက်စီးသွားကြတာနဲ့ မျိုးစပါးတွေ ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့အတွက် အခုနှစ်မှာ မိုးစပါးစိုက်ပျိုးဖို့ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

    One News Myanmar မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes7comments1
views1509