cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အာလူးလောင်ပြောက် သို့မဟုတ် စောပင်နာကျရောဂါ

. Diseases
လောင်ပြောက်/ စောပင်နာကျ ရောဂါသည် မှိုကြောင့် ဖြစ်သော ရောဂါဖြစ်သည်။ အညိုရင့်ရောင် မှ အနက်ရောင် ဗဟိုတူစက်ဝိုင်းရစ်များသည် လောင်ပြောက် ရောဂါ ၏ လက္ခဏာများဖြစ်သည်။

အရွက်ပေါ်တွင် ကျရောက်မှုနှင့် အာလူးဥပေါ်တွင်ကျရောက်မှု ဆက်နွယ်မှု မရှိပါ။

ရိတ်သိမ်းစဉ် အားလူးဥ ထိခိုက်ပျက်စီးခြင်းသည် အာလူးဥတွင် လောင်ပြောက် ရောဂါ ဖြစ်စေရန် အားပေးသည့် အခြေအနေဖြစ်သည်။
  • လောင်ပြောက်/ စောပင်နာကျ ရောဂါသည် မှိုကြောင့် ဖြစ်သော ရောဂါဖြစ်သည်။ အညိုရင့်ရောင် မှ အနက်ရောင် ဗဟိုတူစက်ဝိုင်းရစ်များသည် လောင်ပြောက် ရောဂါ ၏ လက္ခဏာများဖြစ်သည်။

    အရွက်ပေါ်တွင် ကျရောက်မှုနှင့် အာလူးဥပေါ်တွင်ကျရောက်မှု ဆက်နွယ်မှု မရှိပါ။

    ရိတ်သိမ်းစဉ် အားလူးဥ ထိခိုက်ပျက်စီးခြင်းသည် အာလူးဥတွင် လောင်ပြောက် ရောဂါ ဖြစ်စေရန် အားပေးသည့် အခြေအနေဖြစ်သည်။

      

    လောက်ပြောက်ရောဂါ မှိုများသည် အပင်အကြွင်းအကျန်များ အာလူးမျိုးဥများ မျိုးစေ့များတွင် ရှင်သန်နေနိုင်သည်။


    အောက်ဖော်ပြပါ အခြေအနေများသည်မှိုရောဂါပိုးများ ပိုမိုတိုးပွားစေရန် အတွက် အထောက်အကူပေးပါသည်။

    အပင်ပေါက်ပြီး သီတင်းပတ်အတန်ကြာလာသောအခါ အခြားစိုက်ခင်းမှ လွင့်စင်လာသော ရေမှတဆင့် သယ်ဆောင်လာသည့် မြေဆောင် မှိုမျိုးဥများ (spore)နှင့် လေဆောင်မျိုး မှိုမျိုးဥများသည် အာလူးပင်၏ အောက်ခြေ အရွက်များတွင် ရောဂါကျ ရောက်စေနိုင်သည်။

    လောက်ပြောက်ရောဂါ မှိုသည် အပူကြိုက်သောမှိုမျိုးဖြစ်သည်။

    ခြောက်သွေ့ကာလပြီး မိုးရွာသည့်အခါ ရောဂါပျံ့နှံ့စေနိုင်သည်။အရွက်ရင့်များတွင် အဓိကတွေ့ရတတ်သည်။


    လောင်ပြောက်ရောဂါကိုကြိုတင်ကာကွယ်ခြင်း

    လောင်ပြောက်ရောဂါကိုခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပါ။

    လောင်ပြောက်ရောဂါကင်းသော အရည်အသွေးကောင်း အာလူးမျိုးဥများကို

    အသုံးပြုပါ။

    သီးလှည့် စိုက်ပျိုးပါ။ အာလူးသီးနှံ တစ်ရာသီ စိုက်ပြီး မျိုးရင်းမတူသည့် အခြားသီးနှံ ၄ ရာသီ လှည့်ပြီး စိုက်ပါ။

    စိုက်နည်းစနစ်ဖြင့် ကြိုတင်ကာကွယ်ခြင်း

    ရောဂါကျရောက်နေသော အပင်များ ၊ အရွက်များ ယခင်ရာသီကျန် အပင်များ ကို ဖယ်ရှားရှင်းလင်းပါ။

    လုံလောက်သော မြေဩဇာကျွေးခြင်း ၊ ရေသွင်းခြင်းများ ပြုလုပ်ရန်။ အားနည်းနေသော အပင်သည် လောင်ပြောက်ရောဂါကို ခံနိုင်ရည်နည်းသည်။

    မှိုသတ်ဆေးများဖျန်းရမည့် အစီအစဉ်

    စောင့်ကြည့်ထောက်လှမ်းမှုကို အပင်အမြင့် ၁၂လက်မ ရောက်ချိန်တွင် စတင်ဆောင်ရွက်ရမည်။

    စောင့်ကြည့်ထောက်လှမ်းပြီး ပျက်စီးမှုအဆင့်ပေါ်မူတည်ပြီးအသုံးပြုရမည်။

    ရောဂါစတင်သည့် လက္ခဏာရှိမှ အသုံးပြုရမည် (ပုံမှန်အားဖြင့် ပန်းပွင့်ချိန်တွင် ရောဂါကျရောက်မှု ပိုတိုးပွားနိုင်သည်)။

    ရာသီဥတု အခြေအနေပေါ်တွင် မူတည်ပြီး ကာလ အပိုင်းအခြားဖြင့် ဆေးဖျန်း ရမည်။

    ခြောက်သွေ့သော ရာသီဥတုအခြေအနေတွင် အကြိမ်ရေ ပိုမို ဖျန်းရမည်။ မျိုး၏ ခံနိုင်ရည်ရှိမှု ၊ သီးနှံဖွံ့ဖြိုးမှုအဆင့် ၊ အပင်ခံနိုင်ရည်အား၊ ရောဂါ ခံနိုင်အား စသည့်အချက်များကိုလည်း ထည့်သွင်းစဉ်းစားရမည်။ 

    လောင်ပြောက်/စောပင်နာကျ မှိုသတ်ဆေးများ(WUR Guidelines)ကိုပုံတွင်လေ့လာနိုင်ပါသည်။

     Fresh Studio Myanmar/EAT VEG မှ ကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ်  ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
likes
6
comments
0
views
2090