cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပြည်တွင်းသကြားဈေးမြင့်တက်လာတာကြောင့် လာမည့်ကြံရာသီတွင် ကြံတစ်တန် ငွေကျပ် ၁၁၀၀၀၀ ထိ တိုးမြင့်ဝယ်ယူမည်ဟုဆို

. Market Price
စက်ရုံတွေက ကြံရာသီ မတိုင်မီဝယ်ယူမည့်ဈေးနှုန်းကို နှစ်ကြိမ်လောက် တိုးမြင့်ပေးဝယ် ယူလေ့ရှိပါတယ် ယခုသကြားဈေး မြင့်တက်လာလို့ တိုးမြင့်ပေးဝယ် တာပါ။
  • ပြည်တွင်းသကြားဈေးမြင့် တက်လာသောကြောင့် လာမည့် ကြံရာသီတွင် ကြံတစ်တန် ငွေကျပ် တစ်သိန်းနှစ်သောင်းထိ တိုးမြင့် ဝယ်ယူမည်ဖြစ်ကြောင်း သကြား စက်ရုံများက သတင်းထုတ်ပြန် ထားသည်။

    ၂၀၂၂-၂၀၂၃ ကြံရာသီတွင် မတ်လပိုင်းက ကြံတစ်တန် ငွေကျပ် ၉၅၀၀၀ ထိတိုးမြင့် ဝယ်ယူခဲ့ရာမှ ယခုပြည်တွင်း သကြားဈေး မြင့်တက်လာခြင်း ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ငွေရည်ပုလဲ သကြားစက်ရုံက ဩဂုတ် ၁ရက် သတင်းထုတ်ပြန် ထားသည်။

    လက်ရှိပြည်တွင်းသကြား တစ်ပိဿာဈေး ငွေကျပ် ၃၃၀၀ ပေါက်ဈေးရှိနေပြီး ယခုသီတင်း ပတ်အတွင်း ဈေးမြင့်တက်လာ ခြင်းဖြစ်သည်။  

    ယခင်နှစ်က ကြံတစ်တန် ငွေကျပ် ၉၅၀၀၀ ထိ သကြားစက် ရုံတွေက ပေးဝယ်ခဲ့သော်လည်း ယခုနှစ်ကြံရာသီမတိုင်မီ ပြည်တွင်း သကြားဈေး မြင့်တက်လာတာ ကြောင့် ကြံတစ်တန်ဈေး တိုးမြင့် ပေးဝယ်လာခြင်းဖြစ်ကြောင်း လက် ရှိသကြားပေါက်ဈေးအရ ကြံတစ် တန်လျှင် ငွေကျပ် ၁၁၀၀၀၀ ပေး ဝယ်လာခြင်းအပေါ် မန္တလေးတိုင်း ဒေသကြီး စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းဌေး က ဒီထက်ပိုမို ပေးပြီးဝယ်ယူသင့် ကြောင်း ပြောသည်။

     ``စက်ရုံတွေက ကြံရာသီ မတိုင်မီဝယ်ယူမည့်ဈေးနှုန်းကို နှစ်ကြိမ်လောက် တိုးမြင့်ပေးဝယ် ယူလေ့ရှိပါတယ် ယခုသကြားဈေး မြင့်တက်လာလို့ တိုးမြင့်ပေးဝယ် တာပါ။ မနှစ်က ကြံရာသီအကုန် မှာ ကြံတစ်တန် ငွေကျပ် ၁၀၀၀၀၀ ထိ ပေးဝယ်ခဲ့ပါတယ်။ ယခုလည်း ကြံတစ်တန် ၁၁၀၀၀၀ ထိ တိုး မြင့်ပေးလာတာပါ။ လက်ရှိ သကြားဈေးနဲ့တွက်ရင် ပိုမိုပေး ဝယ်သင့်ပါတယ်´´ ဟု ၎င်းက ပြောသည်။

    လက်ရှိပြည်တွင်းသကြား စားသုံးမှုနှင့်ထုတ်လုပ်မှုမှာ ကာမိ မှုမရှိဘဲ လျော့နည်းနေကြောင်း ပြည်တွင်းသကြားစားသုံးမှုမှာ တန်ချိန် ၅၀၀၀၀၀ ခန့်ရှိပြီး ယခင် နှစ်သကြားထုတ်လုပ်မှုမှာ တန်ချိန် ၅၀၀၀၀၀ အောက်လျော့နည်းခဲ့ တာကြောင့်လည်း သကြားဈေး မြင့်တက်နေခြင်းဖြစ်ကြောင်း သိရ သည်။

    ဩဂုတ် ၃ ရက်တွင် ပြည် တွင်းသကြားပေါက်ဈေးမှာ တစ် ပိဿာ ငွေကျပ် ၃၃၀၀ ပေါက်ဈေး ရှိနေပြီး နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာပေါက်ဈေးမှာလည်း ၃၃၀၀ ကျော် ပေါက်ဈေးရှိနေရာ ကြံတစ် တန်ဈေးနှုန်းမှာ ၁၁၀၀၀၀ မှာ သကြားစက်ရုံများ၏ ထုတ်လုပ်မှု စရိတ်နှင့် သကြားထွက်ရှိမှု အရ တောင်သူများအတွက် နည်းပါး နေသေးကြောင်း ကြံတောင်သူ တစ်ဦးက ပြောသည်။

    ရွှေမန်း

    ဤဆောင်းပါးကို မကွေးဂျာနယ် မှကူးယူဖော်ပြပါသည်။

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes6comments0
views1904