cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ထရိုက်ဂိုဒါးမား( Trichoderma Fungi)နှင့် စိုက်ပျိုး​ရေး

. Home Garden
Trichoderma မှိုသည် Hypocreaceae မျိုးရင်းဝင်မှိုစုတခုဖြစ်ပြီး ​မြေဆီလွှာအားလုံးနီးပါးတွင်​အတွေ့ရအများဆုံး မှိုများဖြစ်​ပေသည်။ Tricho မျိုးစိတ်များသည် အပင်မျိုးစိတ်​ပေါင်းများစွာနှင့်အပြန်အလှန်​ပေါင်းစပ်အကျိုးပြုနိုင်ကြ​ပြီး ​မြေဆီလွှာအတွင်း အလွယ်တကူ နယ်မြေချဲ့ထွင်နိုင်သောမှိုမျှင်များမြင့်မားစွာကြီးထွားရှင်သန်နိုင်ကြ​ပေသည်။ အချို့မျိုးကွဲများသည် မြင့်မားသောမှိုမျှင်ကြီးထွားရှင်သန်နိုင်မှုရှိပြီး ကြီးထွားလာသည်နှင့်အမျှ အမြစ်များပေါ်တွင် နယ်ချဲ့ပြီးကြီးထွားနိုင်​ပေသည်။
  • Trichoderma မှိုသည် Hypocreaceae မျိုးရင်းဝင်မှိုစုတခုဖြစ်ပြီး ​မြေဆီလွှာအားလုံးနီးပါးတွင်​အတွေ့ရအများဆုံး မှိုများဖြစ်​ပေသည်။ Tricho မျိုးစိတ်များသည် အပင်မျိုးစိတ်​ပေါင်းများစွာနှင့်အပြန်အလှန်​ပေါင်းစပ်အကျိုးပြုနိုင်ကြ​ပြီး ​မြေဆီလွှာအတွင်း အလွယ်တကူ နယ်မြေချဲ့ထွင်နိုင်သောမှိုမျှင်များမြင့်မားစွာကြီးထွားရှင်သန်နိုင်ကြ​ပေသည်။ အချို့မျိုးကွဲများသည် မြင့်မားသောမှိုမျှင်ကြီးထွားရှင်သန်နိုင်မှုရှိပြီး ကြီးထွားလာသည်နှင့်အမျှ အမြစ်များပေါ်တွင် နယ်ချဲ့ပြီးကြီးထွားနိုင်​ပေသည်။

    Trichoderma မျိုးများကို မြေကြီးထဲ သို့မဟုတ် မျိုးစေ့များတွင် ​ရောနယ်ပြီး မိမိစိတ်ကြိုက်နည်းလမ်းဖြင့် ပေါင်းထည့်နိုင်​ပေသည်။ Trichoများသည် အမြစ်များနှင့် ထိတွေ့ပြီးသည်နှင့် အမြစ်မျက်နှာပြင်(မှိုမျှင်) ချဲ့ထွင်​ပေါက်ဖွားရှင်သန်နိုင်ကြ​ပေသည်။ ထို့ကြောင့် မျိုးစေ့များတွင်လူးနယ်ပေါင်းထည့်အသုံးပြုပါက မြေမျက်နှာပြင်အောက် တစ်မီတာ သို့မဟုတ် ထို့ထက်ပို၍ အမြစ်တွယ်နေပြီး အမြစ်မျက်နှာပြင်များကို ချဲ့ထွင်နိုင်ပြီး လနှင့်ချီ​မြေဆီလွှာအတွင်းအသက်ဆက်လက်ရှင်သန်တည်ရှိနေနိုင်​ပေသည်။

    Trichodermaကိုမည်သည့်အတွက်အသုံးပြုကြသနည်း?

    Trichoderma spp အခြားအပင်ကို​ရောဂါဖြစ်​စေ​သောမှိုများကို

    ၁။တိုက်ခိုက်ခြင်း နှင်ဟန့်တားခြင်း

    ၂။ ဇီဝထိန်းချုပ်မှုနှင့် အပင်ကြီးထွားမှုကို မြှင့်တင်နိုင်ခြင်း

    ၃။ကပ်ပါးပြုခြင်းနှင့် အခြားမှိုများမှ အာဟာရကိုရယူနိုင်ခြင်း

    ၄။အပင်များမှစုတ်ယူမစား​သောက်နိုင်​သောအာဟာရဓါတ်များကိုအပင်များမှစုတ်ယူစား​သောက်နိုင်​အောင်ပြုလုပ်​ပေးနိုင်ခြင်း

    ၅။ရောဂါဖြစ်​စေနိုင်​သောအင်ဇိုင်းများကိုတိုက်ထုတ်​ပေးခြင်း

    ၆။ မှိုမျှင်များနှင်အမြစ်များသဟဇာတအကျိုးပြုနိုင်ခြင်း

    ၇ ။အပင်နှင့်အမြစ်ကြီးထွားမှုကို အားကောင်းစေရန်အတွက်အသုံးပြုကြ​ပေသည်။ သို့သော်လည်း Trichoderma အမျိုးအစားအများစုသည် အခြားရောဂါပိုးများထက် အချို့သောရောဂါပိုးများကို ထိန်းချုပ်ရန် ပိုမိုထိရောက်ပြီး အချို့သောမှိုများကို ထိရောက်စွာ နှိမ်နင်းနိုင်မည်မဟုတ်ပေ။ Trichoderma spp မှိုများသည် အပင်ကြီးထွားနှုန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို တိုးမြှင့်ပေးနိုင်သည့် သဘာဝသက်ရှိများဖြစ်​ပေသည်။ စပါး၊ ​ပြောင်း၊ ဟင်းသီးဟင်းရွက်ကဲ့သို့သောသီးနှံများတွင် ထရိုင်ဂိုဒါးမားမှိုအသုံးပြုစိုက်ပျိုးပါက ​ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိလာစေသည်။ အထူးသဖြင့် ငရုတ်၊ခရမ်း၊ခရမ်းချဥ်၊အာလူးစသည့်သီးနှံများနှင့်နှစ်ရှည်အမြစ်ပုတ်​စေနိုင်​သောမိှုမျိုးစိတ်များကို အ​ကောင်းဆုံးကာကွယ်သတိထားအသုံးပြုရမည့်အချက်သည် ပိုးသတ်ဆေးများအသုံးပြု​သောစိုက်ခင်းများတွင်Trichoderma spp. မှိုသတ်ဆေးများ အပါအဝင် စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ အများစုကို မွေးရာပါ ခံနိုင်ရည်ရှိသော်လည်း မျိုးစိတ်တစ်ခုချင်းအလိုက် ခံနိုင်ရည်ချင်း မတူညီကြ​ပေ။

    စိုက်ခင်းများတွင်Trichodermaမည်သို့ထည့်သွင်းအသုံးပြုမည်နည်း?

    Trichodermaကို ပွားများအသုံးပြုသည့်နည်းလမ်းများစွာဖြင့်အသုံးပြု​နေကြပါသည်။ ယခု​ဖော်ပြမည့်နည်းလမ်းသည် မိမိအသုံးပြု​သောနည်းလမ်းသာဖြစ်​ပေသည်။ထရိုက်ဂိုဒါမားပွားများအသုံးပြု​သောနည်းစနစ်သည် စူပါEMဘိုကာရှီပြုလုပ်​သော နည်းစနစ်အတိုင်းပြုလုပ်ခြင်းဖြ်​ပေသည်။

    လိုအပ်သောပစ္စည်းများ

    ၁။ Trichoderma မျိုးထုတ် ၁ကီလိုခန့်

    ၂။ နွား​ချေး _၃တင်း

    ၃။ စပါးခွံမီး​သွေး_ ၃တင်း

    ၄။ ဖွဲနု _ ၁တင်း

    ၅။ ပဲဖတ်နှမ်းဖတ်_အမှုန့် ၅ပြည်ခန့်(မိမိအဆင်​ပြေသိုထည့်နိုင်)

    ၆။ တင်လဲရည် _ ၃လီတာ

    ၇။ အာလုံးကိုအစိုဓါတ် ၄၀မှ၅၀ ရာခိုင်နှုန်းရသည်အထိနှံစပ်​အောင်​ရော​မွေပြီး ၂ပတ်ခန့်​​လေလုံ​အောင်နှပ်ထားပြီး စိုက်ခင်း၊ပျိုး​ဘောင်နှင့်ထယ်​ရေးပြင်ချိန်၊​မြေဆွချိန်များတွင် ၀.၅မှ၁ဧကအထိထည့်သွင်းအသုံးပြုနိုင်ပြီး အပင်​ရောဂါများကို ကာကွယ်​ပေးနိုင်ပြီး သီးနှံများမှာ​မြေဆီတွင်းအာဟာရဓါတ်များကို ​ကောင်းစွာစုတ်ယူစားသုံးကာ သီးနှံများစွာကို ​ကောင်မွန်ဖြစ်ထွန်း​နိုင်​စေပါသည်။

    သတိထားရမည့်အချက်သည် Trichodermaပွားထား​သော​မြေသြဇာကို စိုက်ခင်းများတွင်အသုံးပြုပါက စိုက်ခင်းတွင်​​ရေအစိုဓါတ်လုံ​လောက်စွာရရှိမသာ ထရိုက်ဂိုဒါးမားသည်ရှင်သန်​ကြီးထွားနိုင်ပြီး သီးနှံများအတွက်အကျိုး​ကျေးဇူးရရှိနိုင်​ပေမည်။ Trichoderma အသုံးပြုပြီးပါက ​ပေါင်းသင်​မြေဆွ​ပေးနိုင်ပါက သီးနှံပင်များအတွက်အ​ကောင်းဆုံး ဖြစ်​ပေသည်။

    HtetZawHtunOrganicFarmingCoach

    --------------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://bit.ly/htwettoev2


  • article
likes
5
comments
0
views
2281