cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

တီလားပီးယားငါးအစာကျွေးခြင်း

. Fish Technical Guideline
ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ။
  • article
  •         ယခုအချိန်တွင် တီလားပီးယားငါးမျိုးစိတ်သည် ဈေးကွက်ဝင်နေသောငါးမျိုးစိတ်တခုဖြစ်လာပါ သည်။ တီလာပီးယားငါးမျိုစိတ်သည် တိုင်းရင်းငါးမျိုစိတ်မဟုတ်ပါ။ တီလားပီးယားငါးသည် ကန်အတွင်း ရေအလွှာစုံတွင် နေထိုင်ပြီး အစုံစားသော ငါးမျိုဖြစ်ပါသည်။ရာသီဉတုအကြမ်းခံပြီး ရေတွင်ပျော်ဝင်အောက် စီဂျင်နည်းပါးပါကလည်း နေထိုင်နိုင်သောငါးမျိုးဖြစ်ပါသည်။ တီးလားပီယားငါးတမျိုးတည်းမွေးမြူပါက တနှစ်အတွင်း ကန်ဖော်နိုင်ပြီး အစာကိုစနစ်တကျကျွေးမွေးပါက ကြီးထွားနှုံး ကောင်းမွန်သော ငါးမျိုးဖြစ် သောကြောင့် တီလားပီယားငါး အစာကျွေးခြင်း စနစ်အားတင်ပြအပ်ပါသည်။

            တီလားပီယားငါးမျိုးစိတ်သည် သယာဝအစာဖြစ်သော အပင်မျှောလှေးနှင့်အကောင်မျှောလှေးများ ကို ကြိုက်နှစ်သက်ပါသည်။ထို့ကြောင့် ရေအရောင် အစိမ်းရင့်ရောင်တွင်မွေးမြူပါက ပိုမိုကောင်းမွန်ပါသည်။ ဖြည့်စွက်စာအဖြစ်ကျွေးပါက ပရိုတိန်း ၂၅ ရာခိုင်နှုံးအထက်ပါသောအစာတောင့်ကိုကျွေးပါက ကြီးထွားနှုံး ကောင်းမွန်ကြောင်းတွေ့ရပါသည်။ ဖြည့်စွက်စာကျွေးရမည့် နှုံးထားနှင့် တနေ့ကျွေးရမည့် အကြိမ်ရေကို အောက်ပါအတိုင်း တင်ပြအပ်ပါသည်။



  • article
  • အထက်ပါအတိုင်းအစာကိုစနစ်တကျကျွေးပါက ကန်ကြပ်စနစ်မွေးမြူပါကလည်း အောင်မြင်ဖြစ် ထွန်းနိုင်ပါသည်။ အထက်ပါအစာကျွေးနှုံးအပြင် ငါးစာတောင့်၏အရွယ်အစာကို သိရှိစေနိုင်ရန်အောက်ပါ အတိုင်းတင်ပြအပ်ပါသည်။



  • article
  • ဦးဆန်းအောင်(ထွက်တိုး)

    ----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -

    https://l.htwettoe.com/v2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


likes21comments0
views3373