cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဧရာဝတီဒေသထွက် ငါးရှဉ့်များကို တရုတ်သို့ တင်ပို့နေရ

. Fish Articles
ပြည်ပနိုင်ငံများသို့ တစ်နှစ်ပတ်လုံး တင်ပို့မှုရှိသော်လည်း ယခုလိုမိုးတွင်းကာလမှာ ပိုမိုတင်ပို့ရလေ့ရှိ
  • ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ငါးရှဉ့်များကို နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ရောင်းချလျက်ရှိတယ်လို့ သိရပါတယ်။

    ဧရာဝတီတိုင်း ပုသိမ်မြို့ပေါ်ရှိ အဝယ်ဒိုင်များသို့ ပုသိမ်မြို့နယ် ၊ သာပေါင်းမြို့နယ်၊ ငပုတောမြို့နယ်များရှိ ကျေး ရွာများမှ အဓိကလာရောက်ရောင်းချကြပြီး အကောင်အကြီးအသေးပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ် ၅၀၀၀မှ ကျပ် ၈၀၀၀ စျေးဖြင့် ဝယ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ 

    ထို့ကဲ့သို့ ဝယ်ယူထားသည့် ငါးရှဉ့်များကို ရေနှစ်ထပ် သုံးထပ်လဲလှယ်၍ ဖော့ပုံး၊ ပလတ်စတစ်ပုံးများတွင် ထည့်သွင်းကာ ရန်ကုန်မြို့ရှိ ငါးရှဉ့်အဝယ်ဒိုင်ကြီးများသို့ တင်ပို့ပြီး ရန်ကုန်မှတစ်ဆင့် မူဆယ်နယ်စပ်လမ်းကြောင်းကနေ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိတယ်လို့ ဆိုပါတယ်။  

    ပြည်တွင်း၊ ပြည်ပစျေးကွက်ဝယ်လိုအားရှိသော ငါးရှဉ့်များကို ပြည်ပနိုင်ငံများသို့ တစ်နှစ်ပတ်လုံး တင်ပို့မှုရှိသော်လည်း ယခုလိုမိုးတွင်းကာလမှာ ပိုမိုတင်ပို့ရလေ့ရှိတယ်လို့ သိရပါတယ်။

    အောင်အောင်

    Opinion Leaders မှကူးယူဖော်ပြပါသည်။

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes13comments0
views4889