cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

နှိမ်ရခက်တဲ့ မြေစာမြက်၊ မြက်မုန်ညင်းနဲ့ သမန်းမြက်တို့ကို နှိမ်နင်းမှု

. Weeds Management
အခုပြောတဲ့ မြေစာမြက်၊ မြက်မုန်ညင်း၊ သမန်းမြက်တွေဆိုတာ နှစ်ရှည်ခံပေါင်းပင်အမျိုးအစားတွေဖြစ်တော့ တစ်နှစ်ခံ ပင်ပျော့ပေါင်းပင်မျိုး၊ တစ်နှစ်ခံ ပင်ထောင်ပေါင်းပင်မျိုးတို့ထက် နှိမ်ရခက်တယ်။ မြေစာမြက်ကို မြင်းစာမြက်လို့လည်း ခေါ်ကြသေးတယ်။
  • ပေါင်းနှိမ်ရတာက လူအင်အားလည်း ကုန်တယ်။ ကုန်ကျစရိတ်လည်း များတယ်။ ပေါင်းသတ်ဆေးကတော့ ပေါင်းနှိမ်နင်းရာမှာ ထိရောက်ပေမယ့် သုံးတတ်မှ၊ ရွေးချယ်တတ်မှဖြစ်တာ။ အခုလို လယ်ယာထဲ လူစုလူဝေးနဲ့နီးနီးကပ်ကပ်နေထိုင်လုပ်ကိုင်ရမှု

    ကို ရှောင်ကြရမယ့် ကပ်ရောဂါဖြစ်ချိန်မှာ ပေါင်းနှိမ်နင်းရေးကလည်း အခက်အခဲရှိနေဆဲပါ။

    တောင်သူကြီးတွေ လုပ်ကိုင်နေကြတဲ့ သမားရိုးကျ လက်ပေါင်းလိုက်တာကို အားထားဆောင်ရွက်နေကြတာကြောင့်လည်း စပါးတိုက်ရိုက်မျိုးစေ့ချ (အစိုစိုက်စနစ်)မှာ ပေါင်းကြောင့် ၂၆ ရာခိုင်နှုန်း အထွက် ထိခိုက်တယ်။ မြေပဲမှာ ၂၄ ရာခိုင်နှုန်း ထိခိုက်တယ်။ အထွက်လျော့တယ်။ ပေါင်းနှိမ်နင်းရာမှာ ပေါင်းပင်မပေါက်အောင် ကာကွယ်တားဆီးမယ်။ နှိမ်နင်းသတ်ဖြတ်ရှင်းထုတ်မယ်။ ဇီဝနည်းနဲ့ နှိမ်နင်း၊ ပေါင်းသတ်ဆေးသုံးပြီး နှိမ်နင်းမယ်ဆိုတဲ့ နည်းလမ်းတွေသုံးကြရတာပဲ။ လယ်ယာစိုက်ပျိုးသူတွေ အများဆုံးတွေ့ရတဲ့ ပေါင်းပင်က မြက်မုန်ညင်း၊ မြေစာမြက်၊ သမန်းမြက်တွေ ဖြစ်တယ်။ ပေါင်းသတ်ဆေးက ထိရောက်ပေမယ့် တချို့က ဆေးမသုံးတဲ့နည်းလမ်းတွေ သိချင်ကြတယ်။

    ကျွန်တော်တို့လည်း ပေါင်းကျွမ်းကျင် ပညာရှင်တွေနဲ့ရော၊တောင်သူလယ်သမားကြီးတွေနဲ့ရော တွေ့ဆုံစကားပြောကြ

    တဲ့အခါ သိရတာလေးတွေရှိတယ်။

    အခုပြောတဲ့ မြေစာမြက်၊ မြက်မုန်ညင်း၊ သမန်းမြက်တွေဆိုတာ နှစ်ရှည်ခံပေါင်းပင်အမျိုးအစားတွေဖြစ်တော့ တစ်နှစ်ခံ ပင်ပျော့ပေါင်းပင်မျိုး၊ တစ်နှစ်ခံ ပင်ထောင်ပေါင်းပင်မျိုးတို့ထက် နှိမ်ရခက်တယ်။ မြေစာမြက်ကို မြင်းစာမြက်လို့လည်း ခေါ်ကြသေးတယ်။ကိုင်းတွေဖြာထွက်တတ်တဲ့ မြေပေါ် ပင်စည်က မြေမှာကပ်ပြီး ရှည်ထွက်ပေါက်ပေမယ့် မြေအောက်ထဲမှာ မြေအောက်ဥတက်တွေရှိတော့ အဆစ်မှန်သမျှက အညွန့်တွေ၊ အမြစ်တွေထွက်တဲ့ ပေါင်းပင်မို့ ပွားများတာမြန်တယ်။ ယာခင်းတွေမှာ ပိုဆိုးတယ်။ မျိုးပွားတာ၊ အဆစ်၊ အမြစ်တွေအပြင် အစေ့တွေကလည်း ပွားတယ်။ သမန်းမြက်ကလည်း နှစ်ရှည်ခံပေါင်းပင်။ အဆစ်တွေက အမြစ်ထွက်တယ်။ ရွက်နားတွေက ဓားသွားလိုရှလို့ ထိခိုက်မှု အန္တရာယ်ပေးတဲ့ပေါင်းဖြစ်တယ်။

    စိုစွတ်တဲ့မြေယာတွေ၊ ရေတိမ်တဲ့ ရေမြောင်းတွေမှာ ပြန့်ကျဲပေါက်တယ်။ မြက်မုန်ညင်းကျတော့ မြက်မုန်ညင်းစိမ်း၊ မြက်မုန်ညင်းဥနက်၊ မြက်မုန်ညင်းရိုးတံ အပြားနဲ့ ရိုးတံအလုံး၊ မြက်မုန်ညင်း အဝါ၊ မြက်မုန်ညင်းအရွက်တို စသည်ဖြင့် ကွဲပြားတဲ့မျိုးတွေရှိသေးတယ်။ အစေ့၊ အမြစ်ဥ၊ လယ်စပါးခင်းထဲအများဆုံးတွေ့ ရတယ်။ ယာခင်းထဲလည်း ရှိတာပဲ။ ဥယျာဉ်သီးနှံစိုက်ခင်းလည်း မလွတ်ဘူး။ အများဆုံးဒုက္ခပေးတဲ့ ပေါင်းမြက်ဖြစ်တယ်။

    ဒီမြက်တွေဟာ ပင်စည်ဖြတ်ပိုင်း၊တွားသွားပင်စည်ခေါ်တဲ့ ရိုင်ဇုန်းဥတွေနဲ့ ရှည်ထွက်ပွားများတော့ နှိမ်နင်းရာမှာ မြေအောက်တွားသွားပင်စည်နဲ့ ရိုင်ဇုန်းဥတွေမှာ သိုလှောင်ထားတဲ့အစာတွေကို ခန်းခြောက်အောင် ပြုလုပ်ပေးတာကတစ်နည်းနဲ့ မြေအောက်ပင်စည်နဲ့ ဥတွေ အသစ်ထပ်ဖြစ်လာတာကို တားဆီးမှာက တစ်နည်း၊ ဒီနှစ်နည်းနဲ့ ပြုလုပ်နှိမ်နင်းကြရင် ထိရောက်မှုရှိတယ်။

    ဒီတော့ သီးနှံစိုက်ခင်းတစ်ခုမှာ မစိုက်ခင် မြေပြုပြင်ထွန်ယက်၊ ထယ်ထိုး၊ ထွန်မွှေ၊ မြေလှန်၊ အခြောက်ခံပေးရင် မြေပေါ်ရောက်လို့နေပူမိပြီး လျော့နည်းမယ်၊ သေမယ်၊ ဒါမျိုးမစိုက်ခင် သုံးကြိမ်လေးကြိမ်လောက် ထယ်ရေးခံတဲ့သဘော ကြိုလုပ်ရင်ရတယ်။ အပင်စိုက်လို့ ထပ်ပေါက်လာတဲ့ပေါင်းကိုလည်း နှိမ်ရတာလျော့နည်းသွားတယ်။ ပေါင်းပင်တွေရဲ့ မျိုးပွားပင်စည်၊ ဥ၊ အစေ့တွေဟာ မြေကြီးအောက်ထဲ ခြောက်လက်မထက်ပိုနက်အောင် ရောက်သွားရင်ပေါင်းပင်တွေမပေါက်နိုင်တော့ပါ။ တချို့မြေပေါ်ရောက်လာမယ်။

    တချို့ မြေအောက်ထဲရောက်သွားမယ်။

    ဒါကြောင့် ထယ်ထိုးရင်ခြောက်လက်မထက်ပိုမနက်လည်း ထိရောက်ပါတယ်။ တကယ်လို့ဒီပေါင်းမြက်တွေက မျိုးပွားနိုင်တဲ့အစိတ်အပိုင်းတွေ ဟိုကျန်၊ ဒီကျန် ကျန်ခဲ့ရင်လည်း ထပ်ပေါက်လာရင်ပေါင်းပင်အမြင့် နှစ်လက်မ၊သုံးလက်မမှာ လက်ပေါင်းလိုက်ရင် လျော့နည်းသွားပါတယ်။ ဒီလိုလုပ်လိုက်ရင် ဥတွေ၊ မြေအောက်ပင်စည်တွမှာ အစာသိုလှောင်

    တာ၊ ဥသစ်တွေထပ်ဖြစ်တာ မရှိနိုင်တော့ပါ။ ပေါင်းပင်နုတ်ဖယ်ရှင်းတာကို အပင်စိုက်ပျိုးပြီး တစ်လအတွင်းပြုလုပ်ရင် ထိရောက်တယ်။

    သီးနှံအပင်ရဲ့ သက်တမ်းကာလ၊ အပင်ရဲ့ ကြီးထွားမှု၊ အပင်ရဲ့ ပုံသဏ္ဌာန်၊ မြေအစိုဓာတ်တွေ ချိန်ဆပြီး ပေါင်းလိုက်ရမယ့်အကြိမ်အရေအတွက်ကတော့ မတူနိုင်ကြပါဘူး။ ဒါပေမယ့် သုံးကြိမ်၊ လေးကြိမ်လောက်ကို စိုက်တဲ့သီးနှံ အပင်သက်တမ်းတစ်လအတွင်း ပြုလုပ်ရင် ပိုကောင်းတယ်လို့ သုတေသနက ဖော်ပြထားပါတယ်။

    တကယ်လို့ စိုက်တဲ့သီးနှံပင်က အပင်ပုမယ်၊ ကြီးထွားမှုနှေးမယ်ဆိုရင် အခုပြောခဲ့တဲ့ ပေါင်းမြက်မျိုးတွေက အပင်မြင့်၊ ကြီးထွားမှုမြန်တဲ့အပင်တွေနဲ့ သီးလှည့်စိုက်သင့်တယ်။ တစ်နှစ်၊ နှစ်နှစ်နဲ့ ပေါင်းနှိမ်တာ မသိသာပေမယ့် သုံးနှစ်လောက်ကြာရင် ပေါင်းပင်ပေါက်တာတော်တော်လျော့နည်းသွားမယ်။ မြေကြီးက စိုစွတ်နေမယ်ဆိုရင်တော့ မြေစာမြက်၊ မြက်မုန်ညင်းနဲ့ သမန်းမြက်တွေကတော့ နှိမ်ရခက်နေမှာပါ။ ခြောက်သွေ့တဲ့ယာခင်းတွေ၊ ဥယျာဉ်ခြံသီးနှံစိုက်ခင်းတွေ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေမှာ ဟန်ကျပါတယ်။ ထိရောက်ပါတယ်။ စပါးခင်းတွေကျတော့ ရေသွင်းရေထည့်၊ ရေနဲ့နှိမ်ပြီး ပေါင်းသတ်ကြတာပါ။

    ကိုရဲ(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    --------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes
13
comments
0
views
3114