cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပြည်တွင်းအာလူးထွက်ရှိမှု ရှားပါးချိန်ဖြစ်၍ဈေးကွက်ဝယ်လိုအားကို မဖြည့်ဆည်းနိုင်သောကြောင့် တရုတ်နိုင်ငံတင်သွင်းနေရ

. Market Price
အာလူးကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးကြပြီး စက်တင် ဘာလကုန်ပိုင်းတွင် အာလူးထွက် ရှိမှု ပိုမိုများပြားလာမည်ဖြစ်၍ ဈေးကွက်လိုအပ်ချက်ကို ဖြည့် ဆည်းနိုင်မည်ဟု ဆိုသည်။
  • ပြည်တွင်း၌ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလဆန်းပိုင်းထိ အာလူး ထွက်ရှိမှုမှာ ရှားပါးချိန်ဖြစ်ပြီး လက်ရှိတွင် ဈေးကွက်ဝယ်လိုအား ကောင်းလျက်ရှိရာ လုံလောက် သည်ထိ မဖြည့်ဆည်းနိုင်သေးဘဲ တရုတ်ဘက်မှ အာလူးများဖြင့် ဈေးကွက်လိုအပ်ချက်ဖြည့်ဆည်း တင်သွင်းနေရကြောင်း သိရသည်။

    အာလူးကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးကြပြီး စက်တင် ဘာလကုန်ပိုင်းတွင် အာလူးထွက် ရှိမှု ပိုမိုများပြားလာမည်ဖြစ်၍ ဈေးကွက်လိုအပ်ချက်ကို ဖြည့် ဆည်းနိုင်မည်ဟု ဆိုသည်။

    ``မေလကစိုက်တဲ့ အာလူး တွေဈေးကွက်မှာဝင်နေပြီး ဩဂုတ် လမှာလည်း စိုက်ဖို့ပြင်နေကြပြီ။တစ်နှစ်ကို အာလူးသုံးကြိမ်စိုက် ကြတယ်။ မတ်၊ ဧပြီ၊ မေနဲ့ ဇွန်လတွေက အထွက်အများဆုံး ချိန်ပဲ။ ခုရာသီမှာ ဖျက်ပိုးတွေ ကြောင့် အာလူးအထွက်နှုန်းနည်း တာရယ် ခုမှမိုးကြိုအားလူး စပေါ် လာတာရယ်ကြောင့် ဈေးကွက် လုံလောက်အောင် မဖြည့်နိုင်ဘူး။ ဒီချိန်မှာ တရုတ်အာလူးတွေ ပြည် တွင်းဈေးကွက်ဝင်လာတာက စား သုံးသူတွေမှာ အဆင်ပြေမယ်´´ဟု အာလူးစိုက်ပျိုးသူများအသင်းဝင် တစ်ဦးက ပြောသည်။

    ပြည်တွင်းမှ အာလူးပေါများ စွာထွက်ရှိချိန်တွင် တရုတ်ဘက် က အောက်ဈေးဖြင့် ဝင်ရောက်ပါ က တောင်သူများ နစ်နာနိုင်သော် လည်း လက်ရှိတွင် ဈေးကွက်လို အပ်ချက်ဖြည့်ဆည်းရာရောက်ပြီး တရုတ်အာလူးများသည် တစ် ပိဿာ ငွေကျပ် ၂၆၀၀ ဝန်းကျင် ပေါက်ဈေးရှိကြောင်း၊ ပြည်တွင်း မှ အာလူးကြော်နှင့် အခြားကုန်ချော ထုတ်လုပ်သူများအတွက် တရုတ် အာလူးမှာ အရည်အသွေးနိမ့်ပြီး မြန်မာ့အာလူးက သာလွန်ကောင်း မွန်ကြောင်း သိရသည်။

    ``တရုတ်အာလူးကို စားဖို ချောင်အတွက်သုံးကြတာ။ အာလူး ကြော်လုပ်ငန်းတွေက အရွယ်ကြီး ကို အသုံးများပြီး ဝယ်လိုအား ကောင်းတာကြောင့် တချို့က အချိန် မရောက်သေးဘဲ တူးပြီးရောင်း တော့ အရည်အသွေးနိမ့်သွား တယ်။ Sကစူပ ညေိ Dနာညေိ မမျှတတဲ့အခြေအနေဖြစ်သလို မိုး ရာသီဖြစ်တဲ့ ၇ လပိုင်းနဲ့ ၈ လ ပိုင်းက အာလူးရှားချိန်ဖြစ်သလို အာလူးအရွယ်က အကြီးမဟုတ် ဘဲ အလတ်နဲ့ အသေးတွေပဲများ တယ်´´ ဟု ဆက်လက်ပြော ကြား သည်။

    ပြည်တွင်းအာလူးအရွယ် ကြီးများ မထွက်ရှိသေးဘဲ ဈေး ကွက်တွင် အလတ်နှင့် အရွယ် သေးများသာရှိ၍ တစ်ပိဿာငွေ ကျပ် ၃၀၀၀-၅၀၀၀ ဝန်းကျင် ပေါက်ဈေးရှိကြောင်း၊ အာလူး ဈေးကွက်အလားအလာမှာ ၁၀ လ ပိုင်းတွင် ပြည်တွင်းထွက်အာလူး များလာနိုင်ပြီး ဩဂုတ်လတွင် အာလူးထွက်ရှိမှုနည်းပါးကာ အရှား ပါးဆုံးချိန်က ဇူလိုင်လမှ ဩဂုတ် လကုန်ပိုင်းထိဖြစ်ကြောင်း သိရ သည်။

    အာလူးစိုက်ပျိုးရာ၌ မြေ ဩဇာအလွန်အကျွံသုံးစွဲမှုကြောင့် အပင်အကျိုးပြု ဗက်တီးရီးယားပိုး များသေဆုံးပြီး အပင်ကို ပျက်စီး စေသော ဗက်တီးရီးယားများ ရှင် သန်ပေါက်ပွားစေသဖြင့် အလွန် အကျွံ သုံးစွဲခြင်းမှ ရှောင်ကြဉ်ရန် နှင့် ပြည်တွင်းမှ အများအပြား ထုတ်လုပ်ဖြန့်ချိနေသော သဘာ၀ မြေဩဇာကို သုံးစွဲသင့်ကြောင်း ၎င်းက အကြံပြုပြောကြားခဲ့သည်။

    ရွှေမန်း

    မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
12
comments
0
views
6625